■လပေါ်မှာစခန်းများမဆောက်လုပ်ခင် ဆောင်ရွက်ရမည့်အာတီမစ်ပရိုဂရမ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လပေါ်မှာစခန်းများမဆောက်လုပ်ခင် ဆောင်ရွက်ရမည့်အာတီမစ်ပရိုဂရမ်

သိပ္ပံပညာရှင်တွေဟာ ရှာခက်တန်ချိုင့်ကြီးရဲ့အောက်ခြေမှာ ရေခဲပြင်ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့ ဘာမှမရှိတာလည်း ဖြစ်နိုင်ပါတယ်။ အာတီမစ် မစ်ရှင်က ဒီမေးခွန်းကို အားလုံးအတွက် ဖြေပေးပါလိမ့်မယ်။ ချိုင့်ဝှမ်းမှာ ရေခဲပြင်တွေ့ခဲ့မယ်ဆိုရင် အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်မှာပါ။

ဒါပေမဲ့ ရေခဲကို လပေါ်မှ နေရာတော်တော်များများမှာ တွေ့ရှိခဲ့ပြီးပါပြီ။ နာဆာရဲ့ပြောကြားချက်အရ လပေါ်မှရေခဲတွေဟာ ၆၀၀ မီလီယမ် မှ ၁ ဘီလီယမ် မက်ထရစ်တန်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ထိထိရောက်ရောက်တူးဖော်ခဲ့မယ်ဆိုရင် လဟာ မာ့စ်ဂြိုဟ်ကိုသွားရောက်မဲ့ခရီးအတွက် ဂြိုဟ်များအကြားက ဓာတ်ငွေ့ရုံ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ လပေါ်မှာစခန်းတွေမဆောက်လုပ်ခင် ပြုလုပ်စရာအများအပြားရှိပါသေးတယ်။

အာတီမစ်ပရိုဂရမ်မှာ အဓိကအပိုင်းလေးပိုင်းရှိပါတယ်။ တီထွင်သမျှရော့ကတ်တွေထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ စပေ့ လန့်ခ်ျ စစ်စတမ် ရော့ကတ် ၊ အတ်ရိုင်ယန် အာကာသယာဉ် ၊ လကို လှည့်ပတ်နေမဲ့ လူနာဂိတ်ဝေး နဲ့ အာကာသယာဉ်မှုးတွေကို လပေါ် ပို့ဆောင်ပေးမဲ့ လူသားဆင်းသက်ရေးစနစ် တို့ပဲ ဖြစ်ပါတယ်ရှင်။ဒီစစ်စတမ်အားလုံးဟာ တပြိုင်တည်း အလုပ်လုပ်မှာဖြစ်ပြီး အာတီမစ်ရဲ့အစောပိုင်းမစ်ရှင်တွေဟာ ဒီအပိုင်းလေးခုကို အဓိကထားလုပ်ဆောင်မှာပါ။

ဒါတွေအားလုံးသာ အဆင်ပြေမယ်ဆိုရင် လူသားတွေဟာ လကမ္ဘာကို ၂၀၂၄ မှာ ခြေချနိုင်မှာပါ။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■လေပၚမွာစခန္းမ်ားမေဆာက္လုပ္ခင္ ေဆာင္ရြက္ရမည့္အာတီမစ္ပရိုဂရမ္

သိပၸံပညာရွင္ေတြဟာ ရွာခက္တန္ခ်ိဳင့္ႀကီးရဲ့ေအာက္ေျခမွာ ေရခဲျပင္ရွိလိမ့္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ဒါေပမဲ့ ဘာမွမရွိတာလည္း ျဖစ္နိုင္ပါတယ္။ အာတီမစ္ မစ္ရွင္က ဒီေမးခြန္းကို အားလုံးအတြက္ ေျဖေပးပါလိမ့္မယ္။ ခ်ိဳင့္ဝွမ္းမွာ ေရခဲျပင္ေတြ႕ခဲ့မယ္ဆိုရင္ အရင္းအျမစ္တစ္ခုအျဖစ္ အသုံးျပဳနိုင္မွာပါ။

ဒါေပမဲ့ ေရခဲကို လေပၚမွ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရွိခဲ့ၿပီးပါၿပီ။ နာဆာရဲ့ေျပာၾကားခ်က္အရ လေပၚမွေရခဲေတြဟာ ၆၀၀ မီလီယမ္ မွ ၁ ဘီလီယမ္ မက္ထရစ္တန္အထိ ရွိနိုင္တယ္လို႔ သိရပါတယ္။ ထိထိေရာက္ေရာက္တူးေဖာ္ခဲ့မယ္ဆိုရင္ လဟာ မာ့စ္ၿဂိဳဟ္ကိုသြားေရာက္မဲ့ခရီးအတြက္ ၿဂိဳဟ္မ်ားအၾကားက ဓာတ္ေငြ႕႐ုံ ျဖစ္ပါလိမ့္မယ္။

ဒါေပမဲ့ လေပၚမွာစခန္းေတြမေဆာက္လုပ္ခင္ ျပဳလုပ္စရာအမ်ားအျပားရွိပါေသးတယ္။

အာတီမစ္ပရိုဂရမ္မွာ အဓိကအပိုင္းေလးပိုင္းရွိပါတယ္။ တီထြင္သမၽွေရာ့ကတ္ေတြထဲမွာ အားအေကာင္းဆုံးျဖစ္တဲ့ စေပ့ လန႔္ခ္် စစ္စတမ္ ေရာ့ကတ္ ၊ အတ္ရိုင္ယန္ အာကာသယာဥ္ ၊ လကို လွည့္ပတ္ေနမဲ့ လူနာဂိတ္ေဝး နဲ႔ အာကာသယာဥ္မႈးေတြကို လေပၚ ပို႔ေဆာင္ေပးမဲ့ လူသားဆင္းသက္ေရးစနစ္ တို႔ပဲ ျဖစ္ပါတယ္ရွင္။ဒီစစ္စတမ္အားလုံးဟာ တၿပိဳင္တည္း အလုပ္လုပ္မွာျဖစ္ၿပီး အာတီမစ္ရဲ့အေစာပိုင္းမစ္ရွင္ေတြဟာ ဒီအပိုင္းေလးခုကို အဓိကထားလုပ္ေဆာင္မွာပါ။

ဒါေတြအားလုံးသာ အဆင္ေျပမယ္ဆိုရင္ လူသားေတြဟာ လကမၻာကို ၂၀၂၄ မွာ ေျခခ်နိုင္မွာပါ။
Ref:youtube
Trans:thegeektext