လင်မယားနှစ်ယောက်စကားများရာမှ ဇနီးသည်ကရေထဲခုန်ချသွားခဲ့လို့ စိတ်ပူပြီးကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားကာ ရှာဖွေခဲ့သော်လည်း ဇနီးသည်က ရေထဲကခြုံအောက်တွင် ပုန်းနေခဲ့သည့်အဖြစ်

News Social News




Shoon (Cele Daily)

Zawgyi

လင်မယားနှစ်ယောက်စကားများရာမှ ဇနီးသည်ကရေထဲခုန်ချသွားခဲ့လို့ စိတ်ပူပြီးကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားကာ ရှာဖွေခဲ့သော်လည်း ဇနီးသည်က ရေထဲကခြုံအောက်တွင် ပုန်းနေခဲ့သည့်အဖြစ်

လင်မယားအချင်းချင်းစိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများကြသည်မှာသဘာဝပင်ဖြစ်ပါတယ်။ယခုလင်မယားနှစ်ယောက်၏ ရန်ဖြစ်စကားများခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ကိုဒုက္ခပေးလိုက်ပုံကတော့ အတော်လေးကို ရယ်စရာကောင်းနေခဲ့ပါတယ်။

စကားများရာမှ ဇနီးဖြစ်သူဟာ စိတ်ညစ်ပြီးရေထဲခုန်ချသွားခဲ့ပါတယ်။ထို့နောက်ပြန်တက်မလာခဲ့သောအခါ ခင်ပွန်းဖြစ်သူက စိတ်ပူပြီး ကယ်ဆယ်ရေးအဖွဲ့ကိုချက်ချင်းအကြောင်းကြားကာ ရှာဖွေပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့ကလည်း ရေငုပ်ပြီးသေချာရှာဖွေခဲ့သော်လည်း လုံးဝမတွေ့ဖြစ်နေခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အမျိုးသမီးကိုတွေ့လိုက်ရသည့်နေရာကတော့ ရေစပ်နဘေး၏ခြုံလေးထဲတွင် တမင်ပုန်းနေခဲ့မှန်းသိလိုက်ရတာဖြစ်ပါတယ်။စိတ်ပူပြီးလိုက်ရှာနေသူကိုမှအားမနာဘဲ ပုန်းနေခဲ့သည့် အမျိုးသမီး၏အဖြစ်ကတော့ ရယ်ရမလို ငိုရမလိုဖြစ်စေခဲ့ပါတယ်။

Shoon (Cele Daily)

Crd