လက်များကို 360 ဒီဂရီအထိ ကွေးဆန့်နိုင်ခဲ့တဲ့ အံ့ဩဖွယ်ရာ ၈နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး

ကလေးများစွာက လူတွေကို အံ့အားသင့်စေတဲ့ အထူးမွေးရာပါစွမ်းရည်များဖြင့် မွေးဖွားလာကြတာပါ။ ဥပမာအားဖြင့်၊ ဘင်ထရီမြို့ရှိ MA ဆိုတဲ့ မိန်းကလေးငယ်ဟာ လူတွေမလုပ်နိုင်တဲ့ ခက်ခဲတဲ့ လှုပ်ရှားမှုများစွာဖြင့် တစ်ကိုယ်လုံးကို ကွေးဆန့်နိုင်ခဲ့ပါတယ်။ အဆိုပါမိန်းကလေးဟာ ၈နှစ်အရွယ်သာ ရှိပါသေးတယ်။

သတင်းထောက်တွေရဲ့ မေးမြန်းမှုအရ သူမဟာ ယုံကြည်မှုအပြည့်ရှိပြီး အမြဲတမ်း တောက်ပနေတဲ့ အပြုံးလေးတွေနဲ့ သူမရဲ့ ထူးခြားတဲ့စွမ်းရည်တွေကို ပရိသတ်တွေကို ပြသဖို့ အဆင်သင့်ပါပဲ။ ပထမတော့ MA က ပခုံးဆစ်ကို 360 ဒီဂရီအထိ လက်ကိုကွေးပြီး လုပ်ခဲ့ပါတယ်။ ဒါက သာမန်လူတစ်ယောက်အတွက် မတွေးဝံ့စရာပါ။ ဗီဒီယိုကို အနီးကပ်ကြည့်လိုက်ရင် ပိုထူးဆန်းတဲ့အသေးစိတ်တွေရှိနေတဲ့အခါ သူမရဲ့ ပုခုံးအဆစ်တွေက ကွဲပြားသွားတာကို တွေ့နိုင်ပါတယ်။ ပခုံးအပြင်၊ MA က ခြေချောင်းများနဲ့ လျင်မြန်စွာ လမ်းလျှောက်နိုင်ပါသေးတယ်။

ဘေးမှာကြည့်နေတဲ့သူတွေက မိန်းကလေးထိခိုက်မှာကို ကြောက်ရွံ့နေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း MA က ၎င်းကို အကြိမ်များစွာ ပြုလုပ်ခဲ့ပြီး နာကျင်မှု လုံးဝမရှိဘူးလို့ ဆိုပါတယ်။ သူမရဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသတာကိုမြင်တော့ MA ဟာ ပါရမီရှင်တစ်ဦးအဖြစ် ကြီးပြင်းလာပြီး အရည်အချင်းရှိတဲ့ ဆပ်ကပ်အနုပညာရှင်တစ်ဦးဖြစ်လာလိမ့်မယ်လို့ လူတိုင်းက ယူကြည်နေကြပါတယ်။

JRose(Tgidailynews)

Zawgyi

လက်များကို 360 ဒီဂရီအထိ ကွေးဆန့်နိုင်ခဲ့တဲ့ အံ့ဩဖွယ်ရာ ၈နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး

ကေလးမ်ားစြာက လူေတြကို အံ့အားသင့္ေစတဲ့ အထူးေမြးရာပါစြမ္းရည္မ်ားျဖင့္ ေမြးဖြားလာၾကတာပါ။ ဥပမာအားျဖင့္၊ ဘင္ထရီၿမိဳ႕ရွိ MA ဆိုတဲ့ မိန္းကေလးငယ္ဟာ လူေတြမလုပ္ႏိုင္တဲ့ ခက္ခဲတဲ့ လႈပ္ရွားမႈမ်ားစြာျဖင့္ တစ္ကိုယ္လုံးကို ေကြးဆန္႔ႏိုင္ခဲ့ပါတယ္။ အဆိုပါမိန္းကေလးဟာ ၈ႏွစ္အ႐ြယ္သာ ရွိပါေသးတယ္။

သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈအရ သူမဟာ ယုံၾကည္မႈအျပည့္ရွိၿပီး အၿမဲတမ္း ေတာက္ပေနတဲ့ အၿပဳံးေလးေတြနဲ႔ သူမရဲ႕ ထူးျခားတဲ့စြမ္းရည္ေတြကို ပရိသတ္ေတြကို ျပသဖို႔ အဆင္သင့္ပါပဲ။ ပထမေတာ့ MA က ပခုံးဆစ္ကို 360 ဒီဂရီအထိ လက္ကိုေကြးၿပီး လုပ္ခဲ့ပါတယ္။ ဒါက သာမန္လူတစ္ေယာက္အတြက္ မေတြးဝံ့စရာပါ။ ဗီဒီယိုကို အနီးကပ္ၾကည့္လိုက္ရင္ ပိုထူးဆန္းတဲ့အေသးစိတ္ေတြရွိေနတဲ့အခါ သူမရဲ႕ ပုခုံးအဆစ္ေတြက ကြဲျပားသြားတာကို ေတြ႕ႏိုင္ပါတယ္။ ပခုံးအျပင္၊ MA က ေျခေခ်ာင္းမ်ားနဲ႔ လ်င္ျမန္စြာ လမ္းေလွ်ာက္ႏိုင္ပါေသးတယ္။

ေဘးမွာၾကည့္ေနတဲ့သူေတြက မိန္းကေလးထိခိုက္မွာကို ေၾကာက္႐ြံ႕ေနခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း MA က ၎ကို အႀကိမ္မ်ားစြာ ျပဳလုပ္ခဲ့ၿပီး နာက်င္မႈ လုံးဝမရွိဘူးလို႔ ဆိုပါတယ္။ သူမရဲ႕ အစြမ္းအစေတြကို ထုတ္ေဖာ္ျပသတာကိုျမင္ေတာ့ MA ဟာ ပါရမီရွင္တစ္ဦးအျဖစ္ ႀကီးျပင္းလာၿပီး အရည္အခ်င္းရွိတဲ့ ဆပ္ကပ္အႏုပညာရွင္တစ္ဦးျဖစ္လာလိမ့္မယ္လို႔ လူတိုင္းက ယူၾကည္ေနၾကပါတယ္။

JRose(Tgidailynews)

Crd