လက်နှစ်ဖက်လုံးမသန်စွမ်းဖြစ်သော်လည်း ခြေထောက်နှင့် သားလေးအား ပြုစုစောင့်ရှောက်ခဲ့သော ကြင်ဖော်မဲ့မိခင်

News

မိဘတို့ဧ။် မေတ္တာသည် အလွန်နွေးထွေးမှုရှိကာ သားသမီးအတွက်ဆိုရင် မျက်နှာတစ်ချက်မငြိုးအောင် ပြည့်စုံအောင်ထားသည့် ကျေးဇူးတရားတွေက ကြီးမားလှပေသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၂၆နှစ်အရွယ် မသန်စွမ်းသူ ကြင်ဖော်မဲ့မိခင်တစ်ဦးဧ။် သားလေးအပေါ် ပြုစုယုယပေးနေသည့် ပုံရိပ်လေးသည် လူတိုင်းဧ။် ရင်ထဲကို မိဘမေတ္တာမည်မျှ နက်ရှိုင်းကြောင်း နားလည်စေခဲ့သည်။

မိန်းကလေးသည် အသက် ၈နှစ်အရွယ်တွင် အပြင်းဖျားနာပြီးနောက် သူမဧ။် လက်နှစ်ဖက်မှာ ကြီးထွားမှုနှုန်း ရပ်တန့်သွားသည့်အပြင် ပို၍တောင် ငယ်လို့သွားခဲ့သည်။

ထို့ကြောင့် ငယ်ကတည်းက လက်နှစ်ဖက်အစား ခြေထောက်ကိုသာ အားကိုးခဲ့ရပြီး သာမန်လူကောင်းတစ်ယောက် လုပ်ဆောင်နိုင်သော အတိုင်းအတာထိကို သူမလည်း လုပ်နိုင်သည့်အပြင် ချောမောလှပကာ ပြင်တတ်ဆင်တတ်၍ လူကြိုက်လည်း များခဲ့သည်။

မိန်းကလေးသည် လူမဆန်သူတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး၍ အန္တရာယ်များသည့်ကြားက သားလေးအားမွေးဖွားခဲ့ပြီး ခြေထောက်နှင့်သာ လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

Credit-Hlaing (Love Feeling )

Leave a Reply