လက်ထပ်ဖို့ ပယ်ပယ်နယ်နယ် ငြင်းဆန်ခံရပြီးနောက်တစ်မိသားစုလုံးကို လှပစွာဂလဲ့စားချေပြလိုက်တဲ့ကောင်မလေး

News

လက်ထပ်ဖို့ ပယ်ပယ်နယ်နယ် ငြင်းဆန်ခံရပြီးနောက်တစ်မိသားစုလုံးကို လှပစွာဂလဲ့စားချေပြလိုက်တဲ့ကောင်မလေး

အချစ်မှာရုပ်ရည်ဂုဏ်ပကာသနစတဲ့အရာတွေဟာ၊အချစ်စစ်ရှိတဲ့သူတွေအတွက်မလိုပေမဲ့အတုယောင်အချစ်တွေမှာတော့အဓိကလိုကိုဖြစ်နေတတ်ပါတယ်။ထိုနည်းတူပဲ ယခုဖော်ပြပေးမဲ့ဗီယက်နမ်နိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ၊သစ္စာမဲ့တဲ့ချစ်သူကြောင့်ဘဝကိုနာကျဉ်းပီးလှပတဲ့ဂလဲ့စားချေပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက အသက်(28)နှစ်အရွယ်Huyenဆိုတဲ့အမျိုးသမီးဟာ၊အတူနေချစ်သူနဲ့ခလေးတစ်ယောက်ရခဲ့ပီးလက်ထပ်ဖို့အတွက်စီစဉ်ခဲ့ကြပါတယ်။ထို့နောက်သူမဟာချစ်သူရဲ့မိသားစုဝင်တွေနဲ့သွားတွေ့တဲ့အခါမှာတော့၊ကောင်လေးရဲ့မိသားစုဝင်တွေကသူမဟာရုပ်ဆိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့သဘောမတူခဲ့ပါဘူး။

နောက်ဆုံးမှာတော့သူမရဲ့အတူနေချစ်သူကလဲ၊မိသားစုရဲ့ပြောစကားကိုနားထောင်ပီး၊သူမနဲ့သမီးဖြစ်သူကိုစွန့်ခွာခဲ့ပါတယ်။ ထိုအဖြစ်ပျက်ကြောင့်Huyenဟာ၊single momတစ်ယောက်အနေနဲ့သမီးဖြစ်သူကိုဆက်လက်ပြုစုပျိုးထောင်ဖို့အတွက်၊အလုပ်ကြိုးစားလုပ်ပီးပိုက်ဆံရှာခဲ့ပါတယ်။

ထို့နောက် Huyenဟာပိုကောင်းတဲ့အလုပ်ကိုမြို့ကြီးမှာရှာရအောင်လို့ဆိုပီး၊သမီးဖြစ်သူကိုမိဘလက်ထဲအပ်ပီးပိုက်ဆံရှာခဲ့ပါတယ်။နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ Huyenဟာ($4,3500)လောက်စုဆောင်းမိခဲ့ပါတယ်။

ပီးနောက်တချိန်ကသူမကိုနာကျဉ်းအောင်လုပ်ခဲ့တဲ့သူတွေကိုဂလဲ့စားချေရအောင်လို့ဆိုပီး၊မျက်နှာတခုလုံးကိုplastic surgeryပြုလုပ်ပြောင်းလဲခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမဟာရုပ်ရည်မှာရော၊ငွေရေးကြေးရေးမှာရောပြည့်စုံသွားပီဆိုတာကိုကြားသိခဲ့တဲ့၊ယခင်ချစ်သူနဲ့မိသားစုကသူမကိုလက်ခံဖို့ကြောင်းလှမ်းလာခဲ့ကြပါတယ်။

ဒါပေမဲ့ သူမမှာ သူမသမီးသာအဓိကဆိုတာကြောင့်လုံးဝလက်မခံတဲ့အခါမှာတော့သူမရဲ့ယခင်ချစ်သူခမျာ အသဲဟက်တက်ကွဲခဲ့ရပါတော့တယ်။ကြီးတဲ့ငါးမှသွားလွတ်တဲ့ငနှဲလေးပါပဲလေ။

Crd – Bam Bam (Gabar News)

Leave a Reply