လက်ထပ်ဖို့အတွက် အပျိုစင်ဖြစ်ကြောင်း သက်သေပြရတဲ့ အီရန်နိုင်ငံက အမျိုးသမီးများ

News Social News

အီရန်နိုင်ငံမှာ လက်မထပ်ခင် အပျိုစင်ဖြစ်ဖို့က တချို့မိန်းမပျိုလေးတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် အင်မတန် အရေးကြီးပါတယ်။ တစ်ခါတလေမှာဆို အမျိုးသားတွေ ကိုယ်တိုင်က အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက် တောင်းခံလေ့ရှိပါတယ်။

ဒီအလေ့အကျင့်ဟာ လူ့အခွင့်အရေးနဲ့ ဆန့်ကျင့်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ယူဆပါတယ်။ မနှစ်ကတော့ ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လူအများအပြားက လုပ်ဆောင်လာကြပါတယ်။ “နင်ကိုယ်တိုင် အပျိုစင် မဟုတ်လို့ လက်ထပ်ဖို့ ငါ့ကိုလှည့်ဖျားခဲ့တယ်။ အမှန်တရားကို သိသွားရင် ဘယ်သူမှ နင့်ကိုလက်ထပ်မှာ မဟုတ်ဘူး။”

ဒီစကားလုံးတွေကို မာရီယမ် ခင်ပွန်းဖြစ်သူက သူတို့ပထမဆုံးအကြိမ် လိင်ဆက်ဆံအပြီးမှာ ပြောဆိုခဲ့တာပါ။ လိင်ဆက်ဆံချိန်မှာ သွေးမထွက်ခဲ့ပေမယ့် သူဟာအရင်က တခါမှလိင်ဆက်ဆံခဲ့တာ မရှိဘူးလို့ သူခင်ပွန်းကို ကြိုးစားဖျောင်းဖျပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက သူ့ကိုမယုံပဲ အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက်ပြဖို့ တောင်းခံခဲ့ပါတယ်။

အီရန်မှာတော့ ဒီလိုမျိုး ကိစ္စတွေက မထူးဆန်းတော့ပါဘူး။ စေ့စပ်ပြီးနောက်ပိုင်းမှာ အမျိုးသမီး အများအပြားဟာ ဆရာဝန်တွေဆီသွားပြီး သူတို့တစ်ခါမှ လိင်ဆက်ဆံခဲ့တာ မရှိတဲ့အကြောင်း သက်သေပြဖို့ ဆေးစစ်ချက် သွားယူလေ့ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ အပျိုစင်ဖြစ်ကြောင်း ဆန်းစစ်ချက်ဟာ သိပ္ပံနည်းကျတဲ့ တိုင်းတာမှု မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

မာရီယမ်ရဲ့ အပျိုအမြှေးပါး အမျိုးအစားဟာ ဆန့်နိုင်ကျုံ့နိုင်တဲ့ အနေအထားရှိတယ်လို့ မာရီယမ်ရဲ့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မိန်းမကိုယ်ထဲကို ယောင်္ကျားအင်္ဂါ ထိုးသွင်းပြီးနောက်ပိုင်း သွေးမထွက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ “ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ကျွန်မဘာမှ အမှားလည်း လုပ်မထားဘူး။ ဒါပေမဲ့ ကျွန်မခင်ပွန်းကတော့ ကျွန်မကို တစ်ချိန်လုံး စော်ကားပြောဆိုနေတယ်” လို့လည်း မာရီယမ်က ဆိုပါတယ်။

“ကျွန်မ ဒီထပ်ပိုပြီး သည်းမခံနိုင်တော့ဘူး။ ဒီတော့ ဆေးတချို့သောက်ပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်။” ဒါပေမဲ့ သူ့ကို အချိန်မီ ဆေးရုံကို ပို့ဆောင်နိုင်ခဲ့လို့ မာရီယမ် အသက်ရှင်သန်ခဲ့ပါတယ်။ “ဒီအမှောင်ဖုံးတဲ့ နေ့ရက်တွေကို ကျွန်မဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်မကီလို ၂၀ လောက် ကျသွားခဲ့တာ” လို့လည်း မာရီယမ်က ပြန်ပြောင်း ပြောပြပါတယ်။

ဒီအလေ့အကျင့်ကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေ ပိုများလာမာရီယမ်ရဲ့ အဖြစ်အပျက်ဟာ အီရန်နိုင်ငံမှာ အမျိုးသမီးအများအပြား ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။ လက်မထပ်ခင် အပျိုစင်ဖြစ်ဖို့က မိန်းကလေးငယ် အများစုနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အင်မတန် အရေးပါဆဲ ဖြစ်ပါတယ်။

ဒါဟာယဥ်ကျေးမှုဆိုင်ရာ ရှေးရိုးစွဲဝါဒမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စံတန်ဖိုးတစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ မကြာသေးခင်ကတော့ အခြေအနေတွေ ပြောင်းလဲဖို့ အစပျိုးခဲ့ပါတယ်။ အပျိုစင်ဖြစ်ကြောင်း စမ်းသပ်ချက်ကို အဆုံးသတ်ဖို့ နိုင်ငံတစ်ဝန်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေက ဆော်သြလှုံ့ဆော်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကဆို တစ်လတည်းမှာတင် အွန်လိုင်းအသနားခံစာတခုမှာ လက်မှတ်ရေးထိုးသူ ၂၅,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ ဒါဟာ အပျိုစစ်ဖြစ်ကြောင်း စမ်းသပ်မှုကို လူအများက ပွင့်ပွင့်လင်းလင်း ကန့်ကွက်လိုက်တာ အီရန်နိုင်ငံမှာ ပထမဆုံး ဖြစ်ပါတယ်။ “ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခုဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်” လို့ နီဒါက ပြောပါတယ်။

တဟီရန်မြို့မှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူဘဝတုန်းက သူ့ရဲ့ အပျိုစင်ဘဝကို သူ့ကောင်လေးဆီမှာ ဆုံးရှုံးခဲ့ပါတယ်။ “ကျွန်မ သိပ်ကြောက်လန့်မိခဲ့တယ်။ ကျွန်မ မိသားစုကသာ သိသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့လည်း စိုးရိမ်ထိတ်လန့်မိခဲ့တယ်။” ဒီတော့ နီဒါဟာ သူ့ရဲ့ကညာအမြှေးပါးကို ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဥပဒေဘောင်အတွင်းမှာတော့ ဒီလုပ်ရပ်ဟာ တရားမဝင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းကြား ဂယက်ရိုက်မှုတွေ ရှိလို့ ဘယ်ဆေးရုံကမှ ဒီလိုမျိုး လုပ်ပေးဖို့ သဘောမတူပါဘူး။ ဒီတော့ စျေးကြီးပေးရပြီး တိတ်တဆိတ်လုပ်ပေးတဲ့ ပုဂ္ဂလိက ဆေးခန်းတစ်ခုကို နီဒါ ရှာတွေ့ခဲ့ပါတယ်။

“ကျွန်မ စုထားသမျှ ပြောင်တော့တာပဲ။ ကျွန်မလက်ပတော့၊ လက်ကိုင်ဖုန်းနဲ့ လက်ဝတ်ရတာနာ ရွှေတွေကိုလည်း ရောင်းခဲ့ရတယ်” လို့ နီဒါက ဆိုပါတယ်။ တခုခု ချို့ယွင်းခဲ့ရင် တာဝန်အပြည့်ယူပါမယ်ဆိုတဲ့ စာတစ်စောင်ကိုလည်း သူ လက်မှတ်ရေးထိုးခဲ့ရပါတယ်။

ဒီနောက်တော့ ဝမ်းဆွဲဆရာမက ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း စတင်လုပ်ဆောင်ပါတော့တယ်။ အချိန်ကတော့ မိနစ် ၄၀ လောက်ပဲ ကြာခဲ့တာပါ။ ဒါပေမဲ့ ပြန်လည် နလန်ထူနိုင်ဖို့ သီတင်းပတ်များစွာကြာအောင် နီဒါ လိုအပ်ခဲ့ပါတယ်။ “အင်မတန် နာကျင်ခံစားခဲ့ရတယ်။ ကျွန်မ ခြေထောက်တွေဆို ရွှေ့ကိုမရွှေ့နိုင်ဘူး” လို့ နီဒါက ပြန်ပြောင်း ပြောပြပါတယ်။

ဒီကိစ္စတစ်ခုလုံးကို သူကသူ့မိဘတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ “ကျွန်မ သိပ်အထီးကျန်ခဲ့တယ်။ ဒါပေမဲ့ သူတို့ သိသွားမှာ ကြောက်တဲ့ စိတ်က ဝေဒနာတွေကို တောင့်ခံနိုင်ခဲ့ပုံရတယ်။” အဆုံးမှာတော့ နီဒါ ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေဟာ သဲထဲရေသွန် ဖြစ်သွားခဲ့ပါတယ်။

တနှစ်အကြာမှတော့ သူ့ကိုလက်ထပ်ချင်တဲ့ လူတယောက်နဲ့ သူ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လိင်ဆက်ဆံပြီးချိန်မှာ သူက သွေးမထွက်ခဲ့ပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုဟာလည်း အရာမထင်ခဲ့ပါဘူး။ “လက်ထပ်ဖို့ သူ့ကို လှည့်ဖြားခဲ့တယ်လို့ ကျွန်မချစ်သူက စွပ်စွဲတယ်။ ကျွန်မက လူလိမ်တယောက်လို့ ပြောပြီး ကျွန်မကို ထားသွားခဲ့တယ်။ “

အပျိုစင်ဖြစ်ကြောင်း စမ်းသပ်စစ်ဆေးမှုဟာ လူ့ကျင့်ဝတ်နဲ့ မညီသလို သိပ္ပံနည်းကျ တိုင်းတာမှု မဟုတ်ဘူးလို့ WHO က ကန့်ကွက်ရှုတ်ချထားပေမယ့် ဒီအလေ့အကျင့်ကို အင်ဒိုနီးရှား၊ အီရတ်နဲ့ တူရကီ နိုင်ငံအပါအဝင် တချို့နိုင်ငံတွေမှာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အီရန်ကျန်းမာရေးအဖွဲ့အစည်းကတော့ သူတို့အနေနဲ့ တရားရုံးအမှုကိစ္စတွေနဲ့ အဓမ္မပြုကျင့်မှု စွပ်စွဲမှုတွေလို အခြေအနေမျိုးတွေမှာပဲ အပျိုစင်ဖြစ်ကြောင်း စမ်းသပ်မှု လုပ်ဆောင်ပေးတာကို ဆက်လက်ဆုပ်ကိုင်ထားပါတယ်။ ဒါပေမဲ့ အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက် တောင်းခံမှုအများစုကို လက်ထပ်ဖို့ ပြင်ဆင်နေကြတဲ့ သမီးရည်းစားစုံတွဲတွေက ဆက်လက် တောင်းခံနေဆဲ ဖြစ်ပါတယ်။

ဒီတော့ သူတို့ဟာ ပုဂ္ဂလိက ဆေးခန်းတွေကို ပြောင်းသွားကြပါတယ်။ တစ်ခါတလေဆို သူတို့ရဲ့ အမေတွေပါ ဘေးမှာ ပါလေ့ရှိပါတယ်။ သားဖွားမီးယပ် ပါရဂူ ဒါမှမဟုတ် ဝမ်းဆွဲဆရာမဟာ စမ်းသပ်စစ်ဆေးပြီး အပျိုစစ်ဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးလေ့ရှိပါတယ်။

အဲဒီထောက်ခံချက်မှာ အမျိုးသမီးရဲ့ နာမည် အပြည့်အစုံ၊ သူ့ရဲ့ မှတ်ပုံတင် နံပါတ်၊ အဖအမည် နဲ့ တစ်ခါတလေ အဲဒီ အမျိုးသမီးရဲ့ ဓာတ်ပုံပါ ပါတတ်ပါတယ်။ အဲဒီမှာ သူ့ရဲ့ အမြှေးပါး အခြေအနေနဲ့ ပတ်သက်လို့ ဖော်ညွှန်းပြောဆိုထားပြီး ဒီအမျိုးသမီးဟာ အပျိုစင်တစ်ယောက်လို့ ယူဆလို့ ရနိုင်တဲ့ ထုတ်ပြန်ချက် တစ်ခုလည်း ပါရှိပါတယ်။

ပိုပြီး ရှေးရိုးစွဲဆန်တဲ့ မိသားစုတွေမှာဆိုရင် ဒီထောက်ခံချက်ကို မျက်မြင်သက်သေ နှစ်ယောက်က လက်မှတ်ရေးထိုးလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါတွေကို မိခင်တွေက လုပ်ဆောင်လေ့ရှိပါတယ်။ ဒေါက်တော ဖာရီဘာဟာ ဒီလို ထောက်ခံချက်တွေ လုပ်ပေးလာတာ နှစ်နဲ့ချီ ရှိနေပါပြီ။ ဒါဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ သူက ဝန်ခံပေမယ့် တကယ်တမ်းတော့ သူဟာ အမျိုးသမီးအများအပြားကို ကူညီနေတာလို့ ယူဆပါတယ်။

“သူတို့တွေဟာ မိသားစုတွေရဲ့ ဖိအားတွေအောက်မှာ နေနေကြရတာပါ။ တစ်ခါတလေဆို စုံတွေတွေအတွက် လိမ်လည်ခဲ့ရတာတွေ ရှိပါတယ်။ သူတို့နှစ်ယောက် အတူအိပ်ပြီးကြပြီး လက်ထပ်ချင်ကြတယ်။ အဲဒါဆိုကျွန်မက သူတို့မိသားစုတွေရှေ့မှာ ဒီအမျိုးသမီးဟာ အပျိုစင်ဖြစ်ပါတယ်လို့ ပြောပေးလေ့ရှိပါတယ်” လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အမျိုးသားအများအပြားအတွက်တော့ အပျိူစင်တစ်ယောက်နဲ့ လက်ထပ်တာဟာ အဓိက ကျဆဲ ဖြစ်ပါတယ်။ “လက်မထပ်ခင် အပျိုစင်ဘဝ စွန့်လွှတ်ခဲ့တဲ့ အမျိုးသမီးတယောက်က ယုံကြည်ရတဲ့သူ မဖြစ်နိုင်ဘူး။ သူဟာ နောက်အမျိုးသားတယောက်အတွက် သူခင်ပွန်းကို ထားခဲ့ကောင်း ထားခဲ့နိုင်တယ်” လို့ ရှီရက်စ်မြို့က အသက် ၃၄ နှစ်အရွယ် လျှပ်စစ်ကျွမ်းကျင်ပညာရှင် အလီက ပြောပါတယ်။

အမျိုးသမီးငယ် ၁၀ ယောက်နဲ့ သူ လိင်ဆက်ဆံဖူးတယ်လို့လည်း ပြောပါတယ်။ “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ဘူး” လို့လည်း ဆိုပါတယ်။ အီရန်လူမှုအသိုင်းအဝိုင်းမှာ ဒီကျင့်ဝတ်နဲ့ ပတ်သက်လို့ စံသတ်မှတ်ချက် နှစ်မျိုးရှိတယ်ဆိုတာကို အလီက လက်ခံပေမယ့် ယဥ်ကျေးမှုကနေ ရုန်းထွက်ဖို့ အကြောင်းပြချက် မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမို လွတ်လပ်ကြတယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းကြား သတ်မှတ်ချက်တွေကို လက်ခံကြတယ်” အလီရဲ့ အမြင်ဟာ အထူးသဖြင့် ပိုမိုတောကျတဲ့ ဒေသတွေနဲ့ ရှေးရိုးစွဲဆန်တဲ့ဒေသတွေက လူအများအပြားရဲ့ ယူဆချက်နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။

အပျိုစင်ဖြစ်ကြောင်း စမ်းသပ်စစ်ဆေးမှုတွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မြင့်တက်နေပေမယ့် ဒီယုံကြည်ချက်ဟာ အီရန်လူမှုအသိုင်းအဝိုင်းကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဒီအလေ့အကျင့်ကို အစိုးရနဲ့ ဥပေဒပြု လွှတ်တော်အမတ်တွေက လုံးဝ တားမြစ်ဖို့ဆိုတာ မကြာမီအချိန်အတွင်း ဖြစ်လာနိုင်ခြေမရှိသေးဘူးလို့လည်း လူအများက ယူဆနေကြပါတယ်။

နှိပ်စက်ညှဥ်းပန်းတဲ့ ခင်ပွန်းဖြစ်သူနဲ့ အတူနေပြီး သူကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့ပြီး ၄ နှစ်အကြာမှာ မာရီယမ်ဟာ တရားရုံးတွေကနေတဆင့် တရားဝင် ကွာရှင်း ပြတ်ဆဲနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကမှ လူလွတ်တယောက် ပြန်ဖြစ်ခဲ့တာပါ။

“အမျိုးသားတယောက်ကို နောက်တကြိမ် ထပ်ယုံဖို့ အင်မတန် ခက်ခဲသွားတော့မှာ” လို့လည်း သူကဆိုပါတယ်။ “မကြာမီအချိန်အတွင်း ထပ်လက်ထပ်နိုင်တော့မှာ မဟုတ်ဘူး။” တခြားအမျိုးသမီး ထောင်သောင်းချီနဲ့အတူ မာရီယမ်ဟာလည်း အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက်တွေကို အဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ အွန်လိုင်း အသနားခံစာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မကြာမီအချိန်အတွင်း ပြောင်းလဲဖို့ ဒါမှမဟုတ် သူ့ဘ၀တစ်သက်တမ်းအတွင်း မပြောင်းလဲနိုင်ခဲ့ရင်တောင်မှ သူ့နိုင်ငံအတွင်းမှာ အမျိုးသမီးတွေဟာ တစ်နေ့တော့ တန်းတူညီမျှမှု ပိုမိုရရှိလိမ့်မယ်လို့ သူအကြွင်းမဲ့ ယုံကြည်နေပါတယ်။ “တစ်နေ့တော့ အဲဒီလို ဖြစ်လာမယ်ဆိုတာ ကျွန်မ တပ်အပ်ပြောနိုင်တယ်။ အနာဂတ်မှာ ဘယ်မိန်းကလေးမှ ကျွန်မ လုပ်ခဲ့သလို မကြုံတွေ့ပါရစေ”နဲ့လို့လည်း ကျွန်မ မျှော်လင့်တယ်။ သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖုံးကွယ်ပေးဖို့အတွက် အင်တာဗျူးဖြေထားသူတွေရဲ့ နာမည်အားလုံးကို ပြောင်းထားပါတယ်။

Credit ; BBC

Zawgyi

အီရန္ႏိုင္ငံမွာ လက္မထပ္ခင္ အပ်ိဳစင္ျဖစ္ဖို႔က တခ်ိဳ႕မိန္းမပ်ိဳေလးေတြနဲ႔ သူတို႔ရဲ႕မိသားစုေတြအတြက္ အင္မတန္ အေရးႀကီးပါတယ္။ တစ္ခါတေလမွာဆို အမ်ိဳးသားေတြ ကိုယ္တိုင္က အပ်ိဳစင္ျဖစ္ေၾကာင္း ေထာက္ခံခ်က္ ေတာင္းခံေလ့ရွိပါတယ္။

ဒီအေလ့အက်င့္ဟာ လူ႔အခြင့္အေရးနဲ႔ ဆန္႔က်င့္ေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO က ယူဆပါတယ္။ မႏွစ္ကေတာ့ ဒီလုပ္ရပ္ကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကို လူအမ်ားအျပားက လုပ္ေဆာင္လာၾကပါတယ္။ “နင္ကိုယ္တိုင္ အပ်ိဳစင္ မဟုတ္လို႔ လက္ထပ္ဖို႔ ငါ့ကိုလွည့္ဖ်ားခဲ့တယ္။ အမွန္တရားကို သိသြားရင္ ဘယ္သူမွ နင့္ကိုလက္ထပ္မွာ မဟုတ္ဘူး။”

ဒီစကားလုံးေတြကို မာရီယမ္ ခင္ပြန္းျဖစ္သူက သူတို႔ပထမဆုံးအႀကိမ္ လိင္ဆက္ဆံအၿပီးမွာ ေျပာဆိုခဲ့တာပါ။ လိင္ဆက္ဆံခ်ိန္မွာ ေသြးမထြက္ခဲ့ေပမယ့္ သူဟာအရင္က တခါမွလိင္ဆက္ဆံခဲ့တာ မရွိဘူးလို႔ သူခင္ပြန္းကို ႀကိဳးစားေဖ်ာင္းဖ်ပါတယ္။ ဒါေပမဲ့ ခင္ပြန္းျဖစ္သူက သူ႔ကိုမယုံပဲ အပ်ိဳစင္ျဖစ္ေၾကာင္း ေထာက္ခံခ်က္ျပဖို႔ ေတာင္းခံခဲ့ပါတယ္။

အီရန္မွာေတာ့ ဒီလိုမ်ိဳး ကိစၥေတြက မထူးဆန္းေတာ့ပါဘူး။ ေစ့စပ္ၿပီးေနာက္ပိုင္းမွာ အမ်ိဳးသမီး အမ်ားအျပားဟာ ဆရာဝန္ေတြဆီသြားၿပီး သူတို႔တစ္ခါမွ လိင္ဆက္ဆံခဲ့တာ မရွိတဲ့အေၾကာင္း သက္ေသျပဖို႔ ေဆးစစ္ခ်က္ သြားယူေလ့ရွိပါတယ္။ ဒါေပမဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကေတာ့ အပ်ိဳစင္ျဖစ္ေၾကာင္း ဆန္းစစ္ခ်က္ဟာ သိပၸံနည္းက်တဲ့ တိုင္းတာမႈ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။

မာရီယမ္ရဲ႕ အပ်ိဳအေျမႇးပါး အမ်ိဳးအစားဟာ ဆန္႔ႏိုင္က်ဳံ႕ႏိုင္တဲ့ အေနအထားရွိတယ္လို႔ မာရီယမ္ရဲ႕ ေဆးစစ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ မိန္းမကိုယ္ထဲကို ေယာက်ၤားအဂၤါ ထိုးသြင္းၿပီးေနာက္ပိုင္း ေသြးမထြက္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ “ကြၽန္မရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတယ္။ ကြၽန္မဘာမွ အမွားလည္း လုပ္မထားဘူး။ ဒါေပမဲ့ ကြၽန္မခင္ပြန္းကေတာ့ ကြၽန္မကို တစ္ခ်ိန္လုံး ေစာ္ကားေျပာဆိုေနတယ္” လို႔လည္း မာရီယမ္က ဆိုပါတယ္။

“ကြၽန္မ ဒီထပ္ပိုၿပီး သည္းမခံႏိုင္ေတာ့ဘူး။ ဒီေတာ့ ေဆးတခ်ိဳ႕ေသာက္ပစ္လိုက္ၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ ႀကိဳးစားခဲ့တယ္။” ဒါေပမဲ့ သူ႔ကို အခ်ိန္မီ ေဆး႐ုံကို ပို႔ေဆာင္ႏိုင္ခဲ့လို႔ မာရီယမ္ အသက္ရွင္သန္ခဲ့ပါတယ္။ “ဒီအေမွာင္ဖုံးတဲ့ ေန႔ရက္ေတြကို ကြၽန္မဘယ္ေတာ့မွ ေမ့လို႔ရမွာ မဟုတ္ပါဘူး။ အဲဒီအခ်ိန္တုန္းက ကြၽန္မကီလို ၂၀ ေလာက္ က်သြားခဲ့တာ” လို႔လည္း မာရီယမ္က ျပန္ေျပာင္း ေျပာျပပါတယ္။

ဒီအေလ့အက်င့္ကို အဆုံးသတ္ဖို႔ ေတာင္းဆိုမႈေတြ ပိုမ်ားလာ
မာရီယမ္ရဲ႕ အျဖစ္အပ်က္ဟာ အီရန္ႏိုင္ငံမွာ အမ်ိဳးသမီးအမ်ားအျပား ရင္ဆိုင္ေနရတဲ့ တကယ့္ျဖစ္ရပ္မွန္တစ္ခုပါ။ လက္မထပ္ခင္ အပ်ိဳစင္ျဖစ္ဖို႔က မိန္းကေလးငယ္ အမ်ားစုနဲ႔ သူတို႔ရဲ႕ မိသားစုေတြအတြက္ အင္မတန္ အေရးပါဆဲ ျဖစ္ပါတယ္။

ဒါဟာယဥ္ေက်းမႈဆိုင္ရာ ေရွး႐ိုးစြဲဝါဒမွာ နက္နက္ရႈိင္းရႈိင္း အျမစ္တြယ္ေနတဲ့ စံတန္ဖိုးတစ္ခုဆိုလည္း မမွားပါဘူး။ ဒါေပမဲ့ မၾကာေသးခင္ကေတာ့ အေျခအေနေတြ ေျပာင္းလဲဖို႔ အစပ်ိဳးခဲ့ပါတယ္။ အပ်ိဳစင္ျဖစ္ေၾကာင္း စမ္းသပ္ခ်က္ကို အဆုံးသတ္ဖို႔ ႏိုင္ငံတစ္ဝန္း အမ်ိဳးသမီးေတြနဲ႔ အမ်ိဳးသားေတြက ေဆာ္ၾသလႈံ႕ေဆာ္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကဆို တစ္လတည္းမွာတင္ အြန္လိုင္းအသနားခံစာတခုမွာ လက္မွတ္ေရးထိုးသူ ၂၅,၀၀၀ နီးပါး ရွိခဲ့ပါတယ္။ ဒါဟာ အပ်ိဳစစ္ျဖစ္ေၾကာင္း စမ္းသပ္မႈကို လူအမ်ားက ပြင့္ပြင့္လင္းလင္း ကန္႔ကြက္လိုက္တာ အီရန္ႏိုင္ငံမွာ ပထမဆုံး ျဖစ္ပါတယ္။ “ဒါဟာ ပုဂၢိဳလ္ေရးဆိုင္ရာ ခ်ိဳးေဖာက္မႈတစ္ခုျဖစ္ၿပီး စက္ဆုပ္႐ြံရွာဖြယ္ေကာင္းတယ္” လို႔ နီဒါက ေျပာပါတယ္။

တဟီရန္ၿမိဳ႕မွာ အသက္ ၁၇ ႏွစ္အ႐ြယ္ ေက်ာင္းသူဘဝတုန္းက သူ႔ရဲ႕ အပ်ိဳစင္ဘဝကို သူ႔ေကာင္ေလးဆီမွာ ဆုံးရႈံးခဲ့ပါတယ္။ “ကြၽန္မ သိပ္ေၾကာက္လန္႔မိခဲ့တယ္။ ကြၽန္မ မိသားစုကသာ သိသြားခဲ့ရင္ ဘာျဖစ္မလဲဆိုတာနဲ႔ ပတ္သက္လို႔လည္း စိုးရိမ္ထိတ္လန္႔မိခဲ့တယ္။” ဒီေတာ့ နီဒါဟာ သူ႔ရဲ႕ကညာအေျမႇးပါးကို ျပဳျပင္ဖို႔ ဆုံးျဖတ္ခဲ့တယ္။

ဥပေဒေဘာင္အတြင္းမွာေတာ့ ဒီလုပ္ရပ္ဟာ တရားမဝင္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ လူမႈအသိုင္းအဝိုင္းၾကား ဂယက္႐ိုက္မႈေတြ ရွိလို႔ ဘယ္ေဆး႐ုံကမွ ဒီလိုမ်ိဳး လုပ္ေပးဖို႔ သေဘာမတူပါဘူး။ ဒီေတာ့ ေစ်းႀကီးေပးရၿပီး တိတ္တဆိတ္လုပ္ေပးတဲ့ ပုဂၢလိက ေဆးခန္းတစ္ခုကို နီဒါ ရွာေတြ႕ခဲ့ပါတယ္။

“ကြၽန္မ စုထားသမွ် ေျပာင္ေတာ့တာပဲ။ ကြၽန္မလက္ပေတာ့၊ လက္ကိုင္ဖုန္းနဲ႔ လက္ဝတ္ရတာနာ ေ႐ႊေတြကိုလည္း ေရာင္းခဲ့ရတယ္” လို႔ နီဒါက ဆိုပါတယ္။ တခုခု ခ်ိဳ႕ယြင္းခဲ့ရင္ တာဝန္အျပည့္ယူပါမယ္ဆိုတဲ့ စာတစ္ေစာင္ကိုလည္း သူ လက္မွတ္ေရးထိုးခဲ့ရပါတယ္။

ဒီေနာက္ေတာ့ ဝမ္းဆြဲဆရာမက ပုံမွန္လုပ္ထုံးလုပ္နည္းအတိုင္း စတင္လုပ္ေဆာင္ပါေတာ့တယ္။ အခ်ိန္ကေတာ့ မိနစ္ ၄၀ ေလာက္ပဲ ၾကာခဲ့တာပါ။ ဒါေပမဲ့ ျပန္လည္ နလန္ထူႏိုင္ဖို႔ သီတင္းပတ္မ်ားစြာၾကာေအာင္ နီဒါ လိုအပ္ခဲ့ပါတယ္။ “အင္မတန္ နာက်င္ခံစားခဲ့ရတယ္။ ကြၽန္မ ေျခေထာက္ေတြဆို ေ႐ႊ႕ကိုမေ႐ႊ႕ႏိုင္ဘူး” လို႔ နီဒါက ျပန္ေျပာင္း ေျပာျပပါတယ္။

ဒီကိစၥတစ္ခုလုံးကို သူကသူ႔မိဘေတြကို ဖုံးကြယ္ထားခဲ့ပါတယ္။ “ကြၽန္မ သိပ္အထီးက်န္ခဲ့တယ္။ ဒါေပမဲ့ သူတို႔ သိသြားမွာ ေၾကာက္တဲ့ စိတ္က ေဝဒနာေတြကို ေတာင့္ခံႏိုင္ခဲ့ပုံရတယ္။” အဆုံးမွာေတာ့ နီဒါ ခံစားခဲ့ရတဲ့ ဒုကၡသုကၡေတြဟာ သဲထဲေရသြန္ ျဖစ္သြားခဲ့ပါတယ္။

တႏွစ္အၾကာမွေတာ့ သူ႔ကိုလက္ထပ္ခ်င္တဲ့ လူတေယာက္နဲ႔ သူ ေတြ႕ခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔လိင္ဆက္ဆံၿပီးခ်ိန္မွာ သူက ေသြးမထြက္ခဲ့ပါဘူး။ သူ႔ရဲ႕လုပ္ေဆာင္မႈဟာလည္း အရာမထင္ခဲ့ပါဘူး။ “လက္ထပ္ဖို႔ သူ႔ကို လွည့္ျဖားခဲ့တယ္လို႔ ကြၽန္မခ်စ္သူက စြပ္စြဲတယ္။ ကြၽန္မက လူလိမ္တေယာက္လို႔ ေျပာၿပီး ကြၽန္မကို ထားသြားခဲ့တယ္။ “

အပ်ိဳစင္ျဖစ္ေၾကာင္း စမ္းသပ္စစ္ေဆးမႈဟာ လူ႔က်င့္ဝတ္နဲ႔ မညီသလို သိပၸံနည္းက် တိုင္းတာမႈ မဟုတ္ဘူးလို႔ WHO က ကန္႔ကြက္ရႈတ္ခ်ထားေပမယ့္ ဒီအေလ့အက်င့္ကို အင္ဒိုနီးရွား၊ အီရတ္နဲ႔ တူရကီ ႏိုင္ငံအပါအဝင္ တခ်ိဳ႕ႏိုင္ငံေတြမွာ ဆက္လက္ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

အီရန္က်န္းမာေရးအဖြဲ႕အစည္းကေတာ့ သူတို႔အေနနဲ႔ တရား႐ုံးအမႈကိစၥေတြနဲ႔ အဓမၼျပဳက်င့္မႈ စြပ္စြဲမႈေတြလို အေျခအေနမ်ိဳးေတြမွာပဲ အပ်ိဳစင္ျဖစ္ေၾကာင္း စမ္းသပ္မႈ လုပ္ေဆာင္ေပးတာကို ဆက္လက္ဆုပ္ကိုင္ထားပါတယ္။ ဒါေပမဲ့ အပ်ိဳစင္ျဖစ္ေၾကာင္း ေထာက္ခံခ်က္ ေတာင္းခံမႈအမ်ားစုကို လက္ထပ္ဖို႔ ျပင္ဆင္ေနၾကတဲ့ သမီးရည္းစားစုံတြဲေတြက ဆက္လက္ ေတာင္းခံေနဆဲ ျဖစ္ပါတယ္။

ဒီေတာ့ သူတို႔ဟာ ပုဂၢလိက ေဆးခန္းေတြကို ေျပာင္းသြားၾကပါတယ္။ တစ္ခါတေလဆို သူတို႔ရဲ႕ အေမေတြပါ ေဘးမွာ ပါေလ့ရွိပါတယ္။ သားဖြားမီးယပ္ ပါရဂူ ဒါမွမဟုတ္ ဝမ္းဆြဲဆရာမဟာ စမ္းသပ္စစ္ေဆးၿပီး အပ်ိဳစစ္ျဖစ္ေၾကာင္း ေထာက္ခံခ်က္ ထုတ္ေပးေလ့ရွိပါတယ္။

အဲဒီေထာက္ခံခ်က္မွာ အမ်ိဳးသမီးရဲ႕ နာမည္ အျပည့္အစုံ၊ သူ႔ရဲ႕ မွတ္ပုံတင္ နံပါတ္၊ အဖအမည္ နဲ႔ တစ္ခါတေလ အဲဒီ အမ်ိဳးသမီးရဲ႕ ဓာတ္ပုံပါ ပါတတ္ပါတယ္။ အဲဒီမွာ သူ႔ရဲ႕ အေျမႇးပါး အေျခအေနနဲ႔ ပတ္သက္လို႔ ေဖာ္ၫႊန္းေျပာဆိုထားၿပီး ဒီအမ်ိဳးသမီးဟာ အပ်ိဳစင္တစ္ေယာက္လို႔ ယူဆလို႔ ရႏိုင္တဲ့ ထုတ္ျပန္ခ်က္ တစ္ခုလည္း ပါရွိပါတယ္။

ပိုၿပီး ေရွး႐ိုးစြဲဆန္တဲ့ မိသားစုေတြမွာဆိုရင္ ဒီေထာက္ခံခ်က္ကို မ်က္ျမင္သက္ေသ ႏွစ္ေယာက္က လက္မွတ္ေရးထိုးေလ့ ရွိပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ဒါေတြကို မိခင္ေတြက လုပ္ေဆာင္ေလ့ရွိပါတယ္။ ေဒါက္ေတာ ဖာရီဘာဟာ ဒီလို ေထာက္ခံခ်က္ေတြ လုပ္ေပးလာတာ ႏွစ္နဲ႔ခ်ီ ရွိေနပါၿပီ။ ဒါဟာ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းတဲ့ အေလ့အက်င့္တစ္ခုျဖစ္တယ္လို႔ သူက ဝန္ခံေပမယ့္ တကယ္တမ္းေတာ့ သူဟာ အမ်ိဳးသမီးအမ်ားအျပားကို ကူညီေနတာလို႔ ယူဆပါတယ္။

“သူတို႔ေတြဟာ မိသားစုေတြရဲ႕ ဖိအားေတြေအာက္မွာ ေနေနၾကရတာပါ။ တစ္ခါတေလဆို စုံေတြေတြအတြက္ လိမ္လည္ခဲ့ရတာေတြ ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ အတူအိပ္ၿပီးၾကၿပီး လက္ထပ္ခ်င္ၾကတယ္။ အဲဒါဆိုကြၽန္မက သူတို႔မိသားစုေတြေရွ႕မွာ ဒီအမ်ိဳးသမီးဟာ အပ်ိဳစင္ျဖစ္ပါတယ္လို႔ ေျပာေပးေလ့ရွိပါတယ္” လို႔လည္း ဆိုပါတယ္။

ဒါေပမဲ့ အမ်ိဳးသားအမ်ားအျပားအတြက္ေတာ့ အပ်ိဴစင္တစ္ေယာက္နဲ႔ လက္ထပ္တာဟာ အဓိက က်ဆဲ ျဖစ္ပါတယ္။ “လက္မထပ္ခင္ အပ်ိဳစင္ဘဝ စြန္႔လႊတ္ခဲ့တဲ့ အမ်ိဳးသမီးတေယာက္က ယုံၾကည္ရတဲ့သူ မျဖစ္ႏိုင္ဘူး။ သူဟာ ေနာက္အမ်ိဳးသားတေယာက္အတြက္ သူခင္ပြန္းကို ထားခဲ့ေကာင္း ထားခဲ့ႏိုင္တယ္” လို႔ ရွီရက္စ္ၿမိဳ႕က အသက္ ၃၄ ႏွစ္အ႐ြယ္ လွ်ပ္စစ္ကြၽမ္းက်င္ပညာရွင္ အလီက ေျပာပါတယ္။

အမ်ိဳးသမီးငယ္ ၁၀ ေယာက္နဲ႔ သူ လိင္ဆက္ဆံဖူးတယ္လို႔လည္း ေျပာပါတယ္။ “ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ မထိန္းႏိုင္ခဲ့ဘူး” လို႔လည္း ဆိုပါတယ္။ အီရန္လူမႈအသိုင္းအဝိုင္းမွာ ဒီက်င့္ဝတ္နဲ႔ ပတ္သက္လို႔ စံသတ္မွတ္ခ်က္ ႏွစ္မ်ိဳးရွိတယ္ဆိုတာကို အလီက လက္ခံေပမယ့္ ယဥ္ေက်းမႈကေန ႐ုန္းထြက္ဖို႔ အေၾကာင္းျပခ်က္ မရွိဘူးလို႔လည္း သူက ဆိုပါတယ္။

“အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ပိုမို လြတ္လပ္ၾကတယ္ဆိုတဲ့ လူမႈအသိုင္းအဝိုင္းၾကား သတ္မွတ္ခ်က္ေတြကို လက္ခံၾကတယ္” အလီရဲ႕ အျမင္ဟာ အထူးသျဖင့္ ပိုမိုေတာက်တဲ့ ေဒသေတြနဲ႔ ေရွး႐ိုးစြဲဆန္တဲ့ေဒသေတြက လူအမ်ားအျပားရဲ႕ ယူဆခ်က္နဲ႔ တစ္ပုံစံတည္း ျဖစ္ပါတယ္။

အပ်ိဳစင္ျဖစ္ေၾကာင္း စမ္းသပ္စစ္ေဆးမႈေတြကို ဆန္႔က်င္တဲ့ ကန္႔ကြက္ဆႏၵျပမႈေတြ ျမင့္တက္ေနေပမယ့္ ဒီယုံၾကည္ခ်က္ဟာ အီရန္လူမႈအသိုင္းအဝိုင္းၾကား နက္နက္ရႈိင္းရႈိင္း အျမစ္တြယ္ေနၿပီး ဒီအေလ့အက်င့္ကို အစိုးရနဲ႔ ဥေပဒျပဳ လႊတ္ေတာ္အမတ္ေတြက လုံးဝ တားျမစ္ဖို႔ဆိုတာ မၾကာမီအခ်ိန္အတြင္း ျဖစ္လာႏိုင္ေျခမရွိေသးဘူးလို႔လည္း လူအမ်ားက ယူဆေနၾကပါတယ္။

ႏွိပ္စက္ညႇဥ္းပန္းတဲ့ ခင္ပြန္းျဖစ္သူနဲ႔ အတူေနၿပီး သူကိုယ္သူ သတ္ေသဖို႔ ႀကိဳးစားခဲ့ၿပီး ၄ ႏွစ္အၾကာမွာ မာရီယမ္ဟာ တရား႐ုံးေတြကေနတဆင့္ တရားဝင္ ကြာရွင္း ျပတ္ဆဲႏိုင္ခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အနည္းငယ္ကမွ လူလြတ္တေယာက္ ျပန္ျဖစ္ခဲ့တာပါ။

“အမ်ိဳးသားတေယာက္ကို ေနာက္တႀကိမ္ ထပ္ယုံဖို႔ အင္မတန္ ခက္ခဲသြားေတာ့မွာ” လို႔လည္း သူကဆိုပါတယ္။ “မၾကာမီအခ်ိန္အတြင္း ထပ္လက္ထပ္ႏိုင္ေတာ့မွာ မဟုတ္ဘူး။” တျခားအမ်ိဳးသမီး ေထာင္ေသာင္းခ်ီနဲ႔အတူ မာရီယမ္ဟာလည္း အပ်ိဳစင္ျဖစ္ေၾကာင္း ေထာက္ခံခ်က္ေတြကို အဆုံးသတ္ဖို႔ လုပ္ေဆာင္ေနတဲ့ အြန္လိုင္း အသနားခံစာမွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။

မၾကာမီအခ်ိန္အတြင္း ေျပာင္းလဲဖို႔ ဒါမွမဟုတ္ သူ႔ဘ၀တစ္သက္တမ္းအတြင္း မေျပာင္းလဲႏိုင္ခဲ့ရင္ေတာင္မွ သူ႔ႏိုင္ငံအတြင္းမွာ အမ်ိဳးသမီးေတြဟာ တစ္ေန႔ေတာ့ တန္းတူညီမွ်မႈ ပိုမိုရရွိလိမ့္မယ္လို႔ သူအႂကြင္းမဲ့ ယုံၾကည္ေနပါတယ္။ “တစ္ေန႔ေတာ့ အဲဒီလို ျဖစ္လာမယ္ဆိုတာ ကြၽန္မ တပ္အပ္ေျပာႏိုင္တယ္။ အနာဂတ္မွာ ဘယ္မိန္းကေလးမွ ကြၽန္မ လုပ္ခဲ့သလို မႀကဳံေတြ႕ပါရေစ”နဲ႔လို႔လည္း ကြၽန္မ ေမွ်ာ္လင့္တယ္။ သူတို႔ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း ဖုံးကြယ္ေပးဖို႔အတြက္ အင္တာဗ်ဴးေျဖထားသူေတြရဲ႕ နာမည္အားလုံးကို ေျပာင္းထားပါတယ္။

Credit ; BBC

Crd