လက်တစ်ဖက်မရှိလို့ အားငယ်သည့် တူလေးကို ခွန်အားတွေဖြစ်စေဖို့ စက်ရုပ်ဝတ်စုံကိုဖန်တီးဝတ်ဆင်ပြီး တူလေးကို ကျောင်းသွားကြိုခဲ့သည့် ဦးလေးဖြစ်သူ၏ ချစ်ချင်းမေတ္တာ

News Social News

ကလေးသူငယ်တို့သည် အရာရာကို ​လေ့လာစူးစမ်းနေသည့်အချိန် စိတ်နှလုံးနုနယ်လှသည့်အတွက် အနည်းငယ်မျှသော အားငယ်စရာတွေဟာ ကလေးတို့၏ဘဝတစ်လျှောက်လုံးကို ထိခိုက်သွားစေနိုင်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ ကလေးငယ်တစ်ဦးဟာ မွေးရာပါအားနည်းချက်အနေဖြင့် လက်တစ်ဖက်မပါရှိဘဲ လူ့လောကထဲသို့ ရောက်ရှိလာခဲ့ရပါတယ်။ထို့နောက် ကျောင်းတက်ပညာသင်ရမည့်အရွယ်တွင် ကလေးဟာ သူငယ်ချင်းများကြားတွင် သူ၏အားနည်းချက်ကြောင့် အားငယ်နေမှာကို စိုးရိမ်မိခဲ့ကြပါတယ်။

ထို့ကြောင့် ဦးလေးဖြစ်သူဟာ တူလေးကို ခွန်းအားပေးနိုင်ဖို့အတွက် စက်ရုပ်ဝတ်စုံတစ်ခုကို ဖန်တီးဝတ်ဆင်ခဲ့ပါတယ်။ထို့နောက်ကျောင်းသို့သွားရောက်ပြီး တူလေးအတွက် အားမငယ်စေဖို့ စူပါဟီးရိုးဦးလေးရှိကြောင်းပြသချင်သည့်အနေဖြင့် ကျောင်းကြိုသွားရင်ဝတ်ဆင်ခဲ့ပါတယ်။အခြားကျောင်းသားများနှင့်မိဘများကတော့ ဦးလေးဖြစ်သူ၏စက်ရုပ်ဝတ်စုံကြီးကို ငေးကြည့်နေကြပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd