လက်ရှိ ရွှေဈေးကွက်နဲ့ စံချိန်စံညွှန်း သတ်မှတ်ချက် မတူတာ အရင်အစိုးရကြောင့်လို့ ရွှေအသင်း ဥက္ကဌ ပြော
လက်ရှိ ရွှေစျေးကွက်နဲ့ စံချိန်စံညွှန်း သတ်မှတ်ချက် မတူတာ အရင်အစိုးရကြောင့်လို့ ရွှေအသင်း ဥက္ကဌ ပြော
မဲခေါင်၊ ဇန်နဝါရီ ၂
ရွှေဈေးကွက်နဲ့ စံချိန်စံညွန်း သတ်မှတ်ချက်တွေ မတူတာဟာ အရင် အစိုးရလက်ထက်က စံချိန်စံညွှန်းတွေကြောင့် ဖြစ်နေရတာလို့ ရွှေအသင်း ဥက္ကဌ က ဇန်နဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး သင်တန်းမှာ ပြောဆိုလိုက်တာပါ။
ပြီးခဲ့တဲ့လကစတင်ပြီး စစ်ကောင်စီဟာ ရွှေဆိုင်တွေကို ရွှေဈေး ၂၅ သိန်း ၃ သောင်း ကျပ်ထက် ကျော်လွန်ရောင်းချရင် ဖမ်းဆီးထောင်ချမယ်လို့ နှုတ်မိန့်နဲ့ ကြေညာထားပေမယ့် အရောင်းအဝယ် ဈေးကွက်မှာတော့ ၂၇ သိန်းဝန်းကျင်နဲ့သာ ရောင်းဝယ်လျက်ရှိပြီး အဲ့ဒီထုတ်ပြန်ချက်အပေါ်ကိုလည်း အရေးတယူစစ်ဆေးမှုမရှိပါဘူးလို့ သိရပါတယ်။
crd
MK-006
#MekongNews
Unicode
လက်ရှိ ရွှေစျေးကွက်နဲ့ စံချိန်စံညွှန်း သတ်မှတ်ချက် မတူတာ အရင်အစိုးရကြောင့်လို့ ရွှေအသင်း ဥက္ကဌ ပြော
မဲခေါင်၊ ဇန်နဝါရီ ၂
ရွှေစျေးကွက်နဲ့ စံချိန်စံညွန်း သတ်မှတ်ချက်တွေ မတူတာဟာ အရင် အစိုးရလက်ထက်က စံချိန်စံညွှန်းတွေကြောင့် ဖြစ်နေရတာလို့ ရွှေအသင်း ဥက္ကဌ က ဇန်နဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး သင်တန်းမှာ ပြောဆိုလိုက်တာပါ။
သူတို့အနေနဲ့ကတော့ စစ်ကောင်လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ညွှန်ကြားတဲ့အတိုင်းသာ လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။
“စံချိန်စံညွန်းတွေ၊ စျေးနှုန်း သတ်မှတ်ချက်တွေကို ဌာနဆိုင်ရာတွေက ထိန်းကျောင်းသွားမှာပါ၊ အခုရွှေစျေးနှုန်း အမျိုးမျိုးကွဲပြားနေရတာက အရင်ကရှိခဲ့တဲ့ မပြင်ရသေးတဲ့ စံချိန်စံညွှန်းတွေကြောင့် ဖြစ်နေတာပါ။ အခုဗဟိုဘဏ်က ညွှန်ကြားချက်အသစ်တွေလည်း ရထားပြီးပြီ” လို့ ဦးမျိုးမြင့် က ပြောပါတယ်။
လက်ရှိမှာ ရွှေအသင်းက စစ်ကောင်စီအလိုကျ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှု တိုက်ဖျက်ရေး သင်တန်းကို ဖွင့်လှစ်ထားပြီး ရွှေဆိုင်ပိုင်ရှင်တွေ မတက်ရင် လိုင်စင်ထုတ်ယူခွင့်မပေးဘူးလို့လည်း ဖိအားပေးထားတာပါ။
“အရင်က သတ်မှတ်ချက်တွေကြောင့်ဘဲ ရွှေစျေးမတည်ငြိမ်သလိုမျိုး ပြောတာပေါ့။ အခုမှောင်ခိုစျေးကွက်ဖြစ်ရတာက သူတို့ရဲ့ ရည်ညွန်းစျေးနဲ့ ရွှေဆိုင်တွေကို စျေးသတ်မှတ်ရောင်းခိုင်းတာကြောင့် ပြင်ပရွှေစျေး ဆိုတာက ပေါ်လာရတာ။ စျေးကစားတာကို ဖော်ထုတ်ချင်လို့ ဆိုတာက ရွှေလောက မဟုတ်တဲ့ သူတွေဝင်လာတယ်။ အဲ့တာကလည်း သူတို့နီးစပ်ကသူတွေပဲ။ အခုကသင်တန်း လက်မှတ်မပြနိုင်ရင် လိုင်စင်လျှောက်ရင် အခက်ခဲဖြစ်မှာ စိုးလို့တက်နေကြတာ” လို့ သင်တန်းတက်ရောက်နေတဲ့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လကစတင်ပြီး စစ်ကောင်စီဟာ ရွှေဆိုင်တွေကို ရွှေဈေး ၂၅ သိန်း ၃ သောင်း ကျပ်ထက် ကျော်လွန်ရောင်းချရင် ဖမ်းဆီးထောင်ချမယ်လို့ နှုတ်မိန့်နဲ့ ကြေညာထားပေမယ့် အရောင်းအဝယ် စျေးကွက်မှာတော့ ၂၇ သိန်းဝန်းကျင်နဲ့သာ ရောင်းဝယ်လျက်ရှိပြီး အဲ့ဒီထုတ်ပြန်ချက်အပေါ်ကိုလည်း အရေးတယူစစ်ဆေးမှုမရှိပါဘူးလို့ သိရပါတယ်။
crd
MK-006
#MekongNews
Crd