လကုန်ရက်တွင် လစာထုတ်မည့်ခင်ပွန်းဖြစ်သူကို အိမ်ပြန်လာသည့်အချိန်ထိပင် မစောင့်တော့ဘဲ အလုပ်ထိလိုက်လာကာ လစာလာသိမ်းခဲ့သည့် ဇနီးသည်

လကုန်ရက်တွင် လစာထုတ်မည့်ခင်ပွန်းဖြစ်သူကို အိမ်ပြန်လာသည့်အချိန်ထိပင် မစောင့်တော့ဘဲ အလုပ်ထိလိုက်လာကာ လစာလာသိမ်းခဲ့သည့် ဇနီးသည်

မိမိတို့အာရှဒေသများတွင် အိမ်ထောင်ဦးစီးတို့သည် မိသားစုအတွက်လိုအပ်သော ဝင်ငွေများကို ရှာဖွေကာ ဇနီးသည်ထံသို့အပ်နှံရပါတယ်။ဇနီးဖြစ်သူသည်လည်း ခင်ပွန်းဖြစ်သူပေးလိုက်သော ငွေကြေးဖြင့် မိသားစု၏စားဝတ်နေရေးပြေလည်စေရန် ချင့်ချိန်သုံးစွဲကြရတာဖြစ်ပါတယ်။

အမျိုးသားတို့သည် တစ်ခါတစ်ရံတွင် အပေါင်းအသင်းများနှင့် သောက်စားချင်သောအခါ ပိုက်ဆံအကုန်မအပ်ဘဲ ချန်ထားခဲ့ပါတယ်။ထိုအခြေအနေတွင် စည်းကမ်းကြီးသော ဇနီးဖြစ်သူကိုပိုင်ဆိုင်ထားပါက သုံးစရာပင်မယူရဲဘဲ အကုန်အပ်ကြရပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံတွင် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ၏အလုပ်ထိလိုက်လာကာ လစာလိုက်သိမ်းခဲ့သော ပုံရိပ်ဟာ ဆိုရှယ်မီဒီယာပေါ်တွင် ပျံနှံလာခဲ့ပါတယ်။ဇနီးဖြစ်သူဟာ လစာထုတ်သည့်ရက်တွင် ခင်ပွန်းအလုပ်လုပ်သည့် ဆိုင်ကယ်အရာင်းပြခန်းအထိလိုက်လာခဲ့ပြီး လစာငွေသိမ်းခဲ့တာဖြစ်ပါတယ်။

Zawgyi





Crd