ရှေးဟောင်းမာယာလူမျိုးတွေဟာ ဂြိုဟ်သားတွေနဲ့ ဆက်စပ်နေသလား
ရှေးဟောင်း မာယာလူမျိုးတွေဟာ ကြီးကျယ်ခမ်းနားတဲ့ ရာဇဝင်တွေ ရှိခဲ့ပါတယ်။ သူတို့ရဲ့ မြို့ပြတည်ဆောက်ပုံတွေ၊ ရုပ်တုတွေဟာ ခုထိ လေ့လာလို့ မကုန်နိုင်သေးပါဘူး။ မာယာပြက္ခဒိန်ဆိုတာလည်း ကြားဖူးကြမှာပါ။
အခုတင်ပြချင်တာကတော့ သူတို့ရဲ့ လှိုဏ်ဂူကြီးတွေထဲက ထူးဆန်းတဲ့တွေ့ရှိမှုနဲ့ပါတ်သက်ပြီး ပညာရှင်တွေ အဖြေရှာနေကြတယ်ဆိုတာကိုပါ။
ပညာရှင်တွေဟာ ဂူထဲက ပန်းချီ၊ ရုပ်တုလက်ရာတွေထဲမှာ ထူးဆန်းတဲ့ ယာဉ် (UFO)နဲ့ ဂြိုဟ်သား (Alien) ပုံတွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်မှာ ဒီ ထူးဆန်းတဲ့တွေ့ရှိမှု စတင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဒါတွေကို မတော်တဆ တွေ့ရှိရာမှ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပြီး UFO လေ့လာသူ ပညာရှင်တွေပါ လာရောက်သုတေသနပြုခဲ့ကြတာ ဖြစ်ပါတယ်။
စူးစမ်းရှာဖွေသူတွေဟာ အဲ့ဒီဒေသတစ်ဝိုက်ကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေလေ၊ တွေ့ရှိမှုတွေ များလာလေ ဖြစ်ပါတယ်။ တွေ့ရှိရတာတွေကလည်း ထူးဆန်းတဲ့ ပန်းချီ ရုပ်တုလက်ရာတွေ ဖြစ်ပါတယ်။ ပိုထူးဆန်းတာက အရင် အဲဒီနေရာမှာ မမြင်ဖူးတဲ့လက်ရာတွေ ဖြစ်နေပါတယ်။
သုတေသနပညာရှင်တွေ တညီတညွတ်တည်း ပြောကြတာကတော့ ဒါတွေဟာ တခြားဂြိုဟ်က ဂြိုဟ်သားလက်ရာတွေသာ ဖြစ်ရမယ်လို့ ဖြစ်ပါတယ်။ ဒီလို တညီတညွတ်တည်း ပြောနိုင်ဖို့ဆိုတာ တကယ်မလွယ်တဲ့ ရှားပါးဖြစ်ရပ်ပါ။
ဒါပေမဲ့ လက်ရာတွေ (ပန်းချီကား၊ရုပ်တု) တွေကို သင်ကြည့်လိုက်ရင်တော့ အဖြေသိမှာပါ။ ဒီအရာတွေအားလုံးနီးပါးက ယနေ့ခေတ်ပေါ် ဂြိုဟ်သားတွေနဲ့ UFO ယာဉ်တွေရဲ့ ပုံစံတွေနဲ့ ထပ်တူနီးပါး တူညီနေပါတယ်။
ရှေးဟောင်း မာယာလူမျိုးတွေဟာ ဒီနေ့ခေတ် ဂြိုဟ်သားနဲ့ ယာဉ်ပျံပုံတွေကိာ ကြိုသိနိုင်စရာအကြောင်းတော့ မရှိပါဘူး။
ရုပ်တုထဲမှာ ဂြိုဟ်သားတွေဟာ ကြီးမားတဲ့ မျက်လုံးတွေနဲ့ ဖြစ်ပါတယ်။ ဒါတွေကို အစုလိုက်၊ အပြုံလိုက် တွေ့ရှိခဲ့တာကတော့ မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပါတယ်။
တချို့ကတော့ ဒါတွေဟာ အရင်ကတည်းက ရှိနှင့်ပြီး၊ လူတွေတွေ့ရှိပြီးဖြစ်တာကို အစိုးရက နှစ်ပေါင်း (၈၀) ကြာအောင် သိုဝှက်ထားခဲ့တာလို့ ဆိုပါတယ်။ အခုမှ ပြန်တွေ့ရဖြစ်တယ်လို့ ဆိုကြပါတယ်။ ဖျက်စီးမှာ စိုးရိမ်လို့ သိမ်းထားတာလို့လည်း ဆိုကြပါတယ်။
အခုတွေ့ရတဲ့ လက်ရာတွေဟာ လှိုဏ်ခေါင်းတစ်ခုထဲမှာဖြစ်ပြီး အရာအားလုံးကို လွတ်လပ်စွာ ကြည့်ရှု့နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပုံတွေကို သင် ကြည့်ပြီးရင်တော့ (Mayan) မာယာလူမျိုးတွေ ထူးဆန်းတယ်ဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်။
Knight News Team
Knight News © 2022
Crd