■ရှေးခေတ်မှတစ်ကိုယ်ရေးသန့်ရှင်းမှုဆိုင်ရာများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ရှေးခေတ်မှတစ်ကိုယ်ရေးသန့်ရှင်းမှုဆိုင်ရာများ

ရှေးခေတ် လူသားတွေဟာ သူတို့ရဲ့ သွားတွေကို သန့်ရှင်းရေးလူပ်ဖို့ ဆား၊ ပူဒီနာ၊ အိုင်းရစ်ပန်း၊ ဂျုံနဲ့ ငရုတ်ကောင်း တွေ ပါဝင်ရောနှောထား တဲ့ အာရဗီ အစေးနဲ့ ကျပ်ခိုး အရောအနှောကို အသုံးပြုခဲ့ ကြပါတယ်။ သွားဆရာဝန်တွေက ဒါတွေ ဟာ တကယ်အလုပ်လုပ်ရဲ့လားဆိုတာ ရှာဖွေ စူးစမ်းခဲ့ ကြပါတယ်။ အစေးကို အသုံးပြုရတာဟာ သိပ်တော့ မကောင်းဘူးပဲ ဆို ကြပါစို့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ခန့်က အီဂျစ် နဲ့ ဂရိမှာ ရှိတဲ့ လူတွေဟာ သစ်ကိုင်းခြောက် အသေးလေးကို အမွေးဖွာအောင် ပြုလုပ်ပြီး သူတို့ ရဲ့ သွားတွေကို သန့်ရှင်းခဲ့ ကြပါတယ်။ ရာစုနှစ် အနည်းငယ် ကြာလာတော့ ဆပ်ပြာပေါ် ပေါက် လာခဲ့တယ်။ အဲ့တာက ဆူပွက်နေတဲ့ အဆီနဲ့ ပြာကို ရောနှောထား တာဘဲ ဖြစ်ပါတယ်။

ရာသီဥတုပူတဲ့ အခါမှာဆို လူတွေဟာ ခန္ဓာကိုယ်က အညစ်အကြေးတွေ ပြောင်စင်အောင် တစ်နေ့ကို လေးကြိမ် ဆိုဒါနဲ့ ပြာကို အသုံးပြု ပြီး ရေချိုးသန့်စင်ကြပါတယ်။ ရှေးခေတ် ရောမလူမျိးတွေဟာ ရေထောက်ပံ့စနစ် ကို တီထွင်လိုက်နိုင်တဲ့ အထိ တော်တော်လေး တိုးတက်သွားခဲ့ တာပါ။ ဒါပေမဲ့ ဒါဟာ သိပ်တော့ မပြည့်စုံခဲ့ပါဘူး ရေတွေကို ကြီးမားတဲ့ ကန် ကြီးထဲ မှာလှောင် ထား ရတာ ကြောင့် မကြာခနဆိုသလို ပုပ်စော် နံလေ့ ရှိ ပါတယ်။

ဒါပေမဲ့ ရောမတွေဟာ သူတို့ရဲ့ ရေချိုးခန်းတွေ နဲ့ ပက်သက်ပြီး လဲကျော် ကြားပါတယ်။ ရေချိုးခြင်းဟာ သန့်ရှင်းရေးလုပ် ဖို့ တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ဒါက လူမှု နေ့စဥ် အခန့် ကဏ္ဍတစ်ခုလဲ ဖြစ် ပါတယ်။. စီးပွားရေးသမားတွေကတော့ ခမ်းနားတဲ့ ရေချိုးခန်းထဲမှာ အလုံပိတ်ပြီး အပေးအယူတွေ လုပ်ကြမှာပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext