ရွှေတုံး၊ ရွှေခဲများကို ဘဏ်စနစ်ဖြင့်သာ ငွေပေးချေပြီး ဝယ်/ရောင်း ပြုလုပ်ရတော့မည်

News Social News

ရွှေတုံး၊ ရွှေခဲများကို ဘဏ်စနစ်ဖြင့်သာ ငွေပေးချေပြီး ဝယ်/ရောင်း ပြုလုပ်ရတော့မည်..

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများဟာ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဆက်လက်ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များကို မနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့တာပါ။

ယင်းဆွေးနွေးပွဲတွင် ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ဆောင်ရွက်တဲ့ အခါတွင် ဘဏ်စနစ်ဖြင့်သာ ငွေပေးချေနိုင်ရန်အတွက် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်ပြီး ဘဏ်များမှ ပံ့ပိုးပေးမယ့် အစီအမံများကို ဆွေးနွေးခဲ့ပါတယ်။ ထို့ပြင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်အကြား ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်ဖို့ အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကာ အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိခဲ့ဘူး။

အစည်းအဝေးပြုလုပ်ခဲ့တဲ့ မနေ့ကဆိုရင် ပြည်တွင်းရွှေဈေးနှုန်းက ကျပ် ၂၈ သိန်းဝန်းကျင်နဲ့သာ ဈေးဖွင့်ခဲ့ပြီး စံချိန်တင်ဈေးတန်း ဖြစ်ခဲ့တဲ့ ကျပ် ၃၅ သိန်းအောက်ကို တရိပ်ရိပ်နဲ့ ပြန်လည်ကျဆင်းလာပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းကတော့ ယနေ့ ကြမ်းခင်းဈေးအဖြစ် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၉၈၅,၀၀၀ လို့ သတ်မှတ်ထုတ်ပြန်ထားပြီး ဈေးကွက်ပေါက်ဈေးအတိုင်းလည်း လွတ်လပ်စွာ ရောင်း/ဝယ်ခွင့် ပြုထားပါတယ်။

“ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်း/ဝယ်ဖို့ အစိုးရက ခွင့်ပြုတယ်။ နောက်တစ်ခုက ကျပ်သိန်း ၂၀၀ ကျော်ရင် ဘဏ်ကနေ ဖြတ်ရမယ်” လို့ ညွှန်ကြားထားကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူက စက်တင်ဘာလဆန်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

 

ဒေါ်လာ ငွေလဲနှုန်းဟာလည်း ပြီးခဲ့တစ်ပတ်တာအတွင်း ပြင်ပငွေကြေးစျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ၀န်းကျင်နဲ့ အရောင်းအဝယ်လုပ်ခဲ့ကြပြီး အခုရက်ပိုင်းဒေါ်လာစျေးပြန်ကျလာခဲ့တာကြောင့် စက်တင်ဘာ ၁၄ ရက်နေ့က တစ်ဒေါ်လာကို ကျပ် ၃၂၀၀ ကနေ ၃၃၀၀ ၀န်းကျင်ရောက်လာခဲ့ပြီး စျေးတည်ငြိမ်မှုမရှိသေးဘူးလို့ သိရှိရပါတယ်။

Crd