■ရွာသူရွာသားမှန်သမျှအသံတိတ်ဘာသာစကားကိုပြောဆိုကြတဲ့ ရွာလေး

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ရွာသူရွာသားမှန်သမျှအသံတိတ်ဘာသာစကားကိုပြောဆိုကြတဲ့ ရွာလေး

လူသားတွေဟာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် အသံတိတ်ဘာသာစကားဖြင့် ဆက်သွယ်နေကြပါတယ်။
ဒီ အသံတိတ်ဘာသာရပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ နားမကြားအသိုင်းအဝိုင်းအတွက်တော့ တစ်ထေရာတည်း တူညီနေပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှးနိုင်ငံရဲ့ မြောက်ပိုင်း ဘာလီဒေသက ဘန်းကားလာ ရွာမှာတော့ သူတို့ရဲ့ အထူး အသံတိတ်ဘာသာစကား ကတ်တာ ကော့လော့ခ်ကြောင့် သူမတူပဲ နာမည်ကြီးတဲ့ ရိုးရာတစ်ခုဖြစ်ကာ ကတ်တာ ကော့လော့ခ်ဆိုတဲ့ စကားလုံးဟာ အသေ*ကောင်စကားလို့ အဓိပ္ပာယ်ရပါတယ်။ ထို့အတူ ဒီအသံတိတ်ဘာသာစကားဟာလည်း ဒီမြို့လေးရဲ့ နယ်ခံတွေပဲသိကြပါတယ်။

ဘန်းကာလာရွာမှာက မွေးကတည်းက နားမကြားသူဦးရေဟာ ထူးဆန်းစွာဖြင့် များပြားနေပါတယ်။ နယ်ခံတွေပြောကြတာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ရှေးဟောင်းတိုက်ခိုက်သူ နှစ်ဦးဟာ မှော်ပညာကိုသုံး၍ တိုက်ခိုက်ခဲ့ကြပြီး အချင်းချင်း နားမကြားရအောင် ကျိန်စာတိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဒီအသိုင်းအဝိုင်းမှာရှိတဲ့ နားမကြားမှု ရာခိုင်နှုန်း မြင့်မားနေတာဟာ သူတို့ရဲ့ မျိုးရိုးဗီဇမှာရှိတဲ့ DFNB3 အမည်ရှိ မျိုးရိုးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအသိုင်းအဝိုင်းရဲ့ ထူးခြားတဲ့အချက်ကတော့ ဘန်းကားလာမှာရှိတဲ့ ရွာသားတွေအားလုံးဟာ နားမကြားတဲ့ လူနေမှုဘဝကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြတာပါ။နားကြားရတဲ့ ကျောင်းသားတွေကလည်း နားမကြားတဲ့သူတွေနှင့်အတူ ဒီ ရှေးဟောင်း အသံတိတ်ဘာသာစကားကို သင်ယူကြပါတယ်။

ပုံမှန်အားဖြင့် ရွာထဲက လူအများစုဟာ အသံတိတ်ဘာသာစကားနှင့် စကားပြောခြင်းကို တစ်ချိန်တည်းမှာပဲအသုံးပြုကြပြီး
ရလဒ်အားဖြင့် လူတိုင်းနီးပါးဟာ ကတ်တာ ကော့လော့ခ်ဘာသာကို သိကြတာပဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ရြာသူရြာသားမွန္သမၽွအသံတိတ္ဘာသာစကားကိုေျပာဆိုၾကတဲ့ ရြာေလး

လူသားေတြဟာ ရာစုႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ အသံတိတ္ဘာသာစကားျဖင့္ ဆက္သြယ္ေနၾကပါတယ္။
ဒီ အသံတိတ္ဘာသာရပ္ဟာ ကမၻာေပၚမွာရွိတဲ့ နားမၾကားအသိုင္းအဝိုင္းအတြက္ေတာ့ တစ္ေထရာတည္း တူညီေနပါတယ္။

ဒါေပမယ့္ အင္ဒိုနီးရွးနိုင္ငံရဲ့ ေျမာက္ပိုင္း ဘာလီေဒသက ဘန္းကားလာ ရြာမွာေတာ့ သူတို႔ရဲ့ အထူး အသံတိတ္ဘာသာစကား ကတ္တာ ေကာ့ေလာ့ခ္ေၾကာင့္ သူမတူပဲ နာမည္ႀကီးတဲ့ ရိုးရာတစ္ခုျဖစ္ကာ ကတ္တာ ေကာ့ေလာ့ခ္ဆိုတဲ့ စကားလုံးဟာ အေသ*ေကာင္စကားလို႔ အဓိပၸာယ္ရပါတယ္။ ထို႔အတူ ဒီအသံတိတ္ဘာသာစကားဟာလည္း ဒီၿမိဳ႕ေလးရဲ့ နယ္ခံေတြပဲသိၾကပါတယ္။

ဘန္းကာလာရြာမွာက ေမြးကတည္းက နားမၾကားသူဦးေရဟာ ထူးဆန္းစြာျဖင့္ မ်ားျပားေနပါတယ္။ နယ္ခံေတြေျပာၾကတာကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတုန္းက ေရွးေဟာင္းတိုက္ခိုက္သူ ႏွစ္ဦးဟာ ေမွာ္ပညာကိုသုံး၍ တိုက္ခိုက္ခဲ့ၾကၿပီး အခ်င္းခ်င္း နားမၾကားရေအာင္ က်ိန္စာတိုက္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္လည္း သိပၸံပညာရွင္ေတြရဲ့ ေလ့လာခ်က္ေတြအရ ဒီအသိုင္းအဝိုင္းမွာရွိတဲ့ နားမၾကားမႈ ရာခိုင္ႏႈန္း ျမင့္မားေနတာဟာ သူတို႔ရဲ့ မ်ိဳးရိုးဗီဇမွာရွိတဲ့ DFNB3 အမည္ရွိ မ်ိဳးရိုးေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီအသိုင္းအဝိုင္းရဲ့ ထူးျခားတဲ့အခ်က္ကေတာ့ ဘန္းကားလာမွာရွိတဲ့ ရြာသားေတြအားလုံးဟာ နားမၾကားတဲ့ လူေနမႈဘဝကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္ၾကတာပါ။နားၾကားရတဲ့ ေက်ာင္းသားေတြကလည္း နားမၾကားတဲ့သူေတြႏွင့္အတူ ဒီ ေရွးေဟာင္း အသံတိတ္ဘာသာစကားကို သင္ယူၾကပါတယ္။

ပုံမွန္အားျဖင့္ ရြာထဲက လူအမ်ားစုဟာ အသံတိတ္ဘာသာစကားႏွင့္ စကားေျပာျခင္းကို တစ္ခ်ိန္တည္းမွာပဲအသုံးျပဳၾကၿပီး
ရလဒ္အားျဖင့္ လူတိုင္းနီးပါးဟာ ကတ္တာ ေကာ့ေလာ့ခ္ဘာသာကို သိၾကတာပဲျဖစ္ပါတယ္။
Ref:youtube
Trans:thegeektext