TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ရေအစားဝိုင်များထွက်ကျလာခဲ့သော အီတာလျံနိုင်ငံမှ၂၀၂၀ ခုနှစ်မတ်လကအဖြစ်အပျက်

အိပ်မက်တွေကတကယ်ဖြစ်လာပါပြီ။ ဒါကတော့ အီတာလျံနိုင်ငံက ကယ်စတယ်ဗက်ထရိုဒီမော်ဒီနာမြို့က လူတွေ တွေးထင်ထားတဲ့အတိုင်းပါပဲ။ ရေအစား လန်ဘရူရှိုးက ရေပိုက်ခေါင်းတွေကနေထွက်လာတာပါ။

ပရိသတ်ကြီးသိထားရမှာက အရက်ဟာ ကျန်းမာရေးအတွက်မကောင်းပေမယ့်လည်း မြို့ခံတွေကို စိတ်မပျက်အောင်လုပ်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒီရီရတဲ့ကိစ္စဟာ ၂၀၂၀ ခုနှစ်မတ်လမှာဖြစ်ပျက်ခဲ့ပြီးစစချင်းအဖြစ်အပျက်ဟာ အလွန်ဆန်းကြယ်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒါဟာ ဒေသခံဝိုင်ထုတ်လုပ်ရေးစက်ရုံရဲ့စက်ပိုင်းဆိုင်ရာ မှားယွင်းမှုတခုသာဖြစ်ပါတယ်။ စည်ပိုင်းတွေထဲက ဝိုင်တွေဟာရေပိုက်ခေါင်းတွေထဲကိုရောက်သွားပြီး သေချာတာကတော့ ဒေသခံတွေဆီကိုတိုက်ရိုက်ရောက်သွားခဲ့ပါတယ်။

ဒေသခံတွေကတော့အလကားရတဲ့ဝိုင်ကို ကောင်းကောင်းအရသာမခံလိုက်ရပါဘူး။ ဒီပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း လူအများစုကတော့ သူတို့တွေ့သမျှဘူးတွေထဲကို အလကားရတဲ့ဝိုင်တွေထည့်နိုင်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext