ရေတွင်းပျက်ထဲ ပြုတ်ကျသွားသည့် သူငယ်ချင်းဖြစ်သူကို ကယ်ဆယ်နိုင်ရန်အတွက် ၇ရက်တိတိ အစားမစားရေမသောက်ဘဲ ကြိုးစားပေးခဲ့သည့် ခွေးကလေး၏သူငယ်ချင်းအပေါ်ထားသောစိတ်ထား

News Social News

ရေတွင်းပျက်ထဲ ပြုတ်ကျသွားသည့် သူငယ်ချင်းဖြစ်သူကို ကယ်ဆယ်နိုင်ရန်အတွက် ၇ရက်တိတိ အစားမစားရေမသောက်ဘဲ ကြိုးစားပေးခဲ့သည့် ခွေးကလေး၏သူငယ်ချင်းအပေါ်ထားသောစိတ်ထား

အမေရိကန်နိုင်ငံ Vashonကျွန်းမှ နေအိမ်တစ်ခုတွက်မွေးမြူထားသော ခွေးကလေးနှစ်ကောင်၏တစ်ကောင်အပေါ်တစ်ကောင်ထားသော မေတ္တာစိတ်ထားလေးဟာ အံ့သြချီးကျူးဖွယ်ကောင်းလှပါတယ်။

Tillieနှင့်Phoebeဟုအမည်ပေးထားသည့်ခွေးလေးနှစ်ကောင်ဟာ အလည်ထွက်ရင်းမှ နေအိမ်နှင့် မိုင်အနည်းငယ်ကွာသော ရေတွင်းပျက်ထဲသို့ ခွေးလေးတစ်ကောင်ဟာ ပြုတ်ကျသွားခဲ့ပါတယ်။ရေတွင်းဟာအလွန်မနက်ပေမဲ့ ခွေးကလေးကပြန်တက်နိုင်ရန်မဖြစ်နိုင်သောအခါ အပေါ်တွင်ရှိနေသောခွေးကလေးက ကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။

သခင်ဖြစ်သူဟာ သူ၏ခွေးလေးတွေပျောက်သွားလို့ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ရှာဖွေခဲ့သော်လည်း မတွေ့ရဘဲ ၇ရက်နေမှ ရေတွင်းပျက်နားတွင် တွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ထိုအချိန်တွင် ခွေးလေးဟာ ရေတွင်းထဲကျနေငည့် သူငယ်ချင်းကို မထားသွားခဲ့ဘဲ ကယ်ဆယ်ပေးနိုင်ရန် မျှော်လင့်ရင်း ကြိုးစားနေရှာပါတယ်။

Zawgyi





Crd