ရေငုပ်သင်္ဘောထဲကပစ္စည်းအချို့ဆယ်ယူရရှိခဲ့တဲ့အတွက် ရေငုပ်သင်္ဘော KRI 402 ဟာ အပြီးနစ်မြုပ်သွာ

News

ရေငုပ်သင်္ဘောထဲကပစ္စည်းအချို့ဆယ်ယူရရှိခဲ့တဲ့အတွက် ရေငုပ်သင်္ဘော KRI 402 ဟာ အပြီးနစ်မြုပ်သွားတာလို့ အင်ဒိုနီးရှားကာကွယ်ရေးဦးစီးချုပ်က ယနေ့ စနေနေ့မှာပြောကြားပါတယ်။ရေငုပ်သင်္ဘောရေအောက်ငုပ်သွားတဲ့နေရာ နားကနေရရှိတဲ့ပစ္စည်းတွေဟာ ရေငုပ်သင်္ဘောအကောင်းအတိုင်းသာရှိရင် အဲ့ဒီပစ္စည်းတွေ အပြင်ထွက်လာစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်။

ဆီကွက်ကြီးတွေ့ခဲ့ရတာရယ်၊ အခုလို အပြင်ဆွဲထုတ်လို့မရနိုင်တဲ့ ပစ္စည်းတွေတွေ့ခဲ့ရတာရယ်ဟာ ရေငုပ်သင်္ဘောဟာ ကိုယ်ထည်ထိခိုက်ပျက်စီးမှုဖြစ်ပြီး နစ်မြှုပ်သွားပုံရပါတယ်။အခုလိုကိုယ်ထည်ပျက်စီးသွားနိုင်တာက ရေအောက်ဖိအားအရမ်းများတဲ့ရေနက်ပိုင်းကို ထိုးဆင်းသွားလို့ရယ်နဲ့ တိုပီတိုအခန်းလိုမျိုးကပေါက်ကွဲမှုဖြစ်လို့ရယ် နှစ်မျိုးစလုံးဖြစ်နိုင်ပါတယ်။ရေတပ်သား (၅၃) ယောက်အတွက် R.I.P ပါ။

credit – Richard Myo Thant

Leave a Reply