ရေကာတာ အချိန်မရွေးပြိုကျနိုင်ကြောင်း တရုတ်စစ်တပ် သတိပေး

News

မုန်တိုင်းကြောင့်ထိခိုက်ထားတဲ့ ရေကာတာအချိန်မရွေးပြိုကျနိုင်ကြောင်း တရုတ်စစ်တပ်မှသတိပေးလိုက်ပါတယ်။

တရုတ်ပြည်အလယ်ပိုင်း လူပေါင်း ၇ သန်းလောက်နေတဲ့ Luoyang မြို့ အနီးရှိ Yihetan ရေကာတာဟာ မီတာ (၂၀) အရွယ်အက်ကြောင်းကြီးဖြစ်နေတယ်လို့ မနေ့ကဇူလိုင် ၂၀ ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

Luoyang မြို့ ဟာ စက်မှုမြို့တော် Zhengzhou မြို့နဲ့ နီးနီးလေးပါ။

Zhengzhou မှာလည်း မိုးသည်းထန်စွာရွာပြီး လူတစ်ယောက်သေဆုံးကာ နှစ်ယောက်ပျောက်ဆုံးနေပါတယ်။

မိုးရေချိန်ပမာဏဟာ လွန်ခဲ့တဲ့ နှစ် (၆၀) အတွင်းမှာစံချိန်တင်အများဆုံးဖြစ်ပါသတဲ့။ (၃) ရက်အတွင်းရွာတဲ့ မိုးရေချိန်ပမာဏဟာ တစ်နှစ်စာနဲ့ညီပါသတဲ့။

တရုတ်တွင်မြေအောက်မီးရထားလမ်းများအထိရေနစ်မြုပ် ၊ ခရီးသည်များပိတ်မိနေဆဲ ၊ လူ ၁၂ ဦးသေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း Henan ပြည်နယ် Zhengzhou မြို့တွင် ဇူလိုင် ၂၀ ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ မြေအောက်မီးရထားဘူတာရုံပါနစ်မြုပ်နေသဖြင့် ၁၂ ဦးသေဆုံးပြီး ၅ ဦးဒာဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူအများအပြား ပိတ်မိနေသည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းကမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် တရုတ်နိုင်ငံတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျှက်ရှိသည်

တရုတ်ပြည်အလယ်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့ရာသီဥတုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမကြီးတွေအားလုံးမှာ ရေကြီးရေလျှံမှုဖြစ်ပွားကာ လူတစ်သောင်းကျော်အထိ ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားရပါတယ်။

Leave a Reply