ရုရှားထုတ်တိုက်ခိုက်ရေးရဟတ်ယာဉ် Ka-50 Black Shark အကြောင်း တစေ့တစောင်း

Militarily News

ရုရှားထုတ်တိုက်ခိုက်ရေးရဟတ်ယာဉ် Ka-50 Black Shark အကြောင်း တစေ့တစောင်း

Ka-50 မှာ လေသူရဲ ၁ ယောက်မောင်းဖြစ်သည်။ Ka-50 ၏နာမည်ပြောင်(nickname)မှာ Black Shark ဖြစ်သော်လည်း NATO မှ Hokum ဟု Code ပေးထားသည်။ အလေးချိန် ၇.၈ တန် ရှိ သော်လည်း အများဆုံးဝန် ၁၀.၈ တန် ဖြင့် လေထဲ သို့ပျံတက်နိုင်သည်။အင်ဂျင် ၁ လုံးလျှင် 2193 shp ရှိသော Kilmov TV3 117VK turboshafts အင်ဂျင် ၂ လုံး တပ်ဆင်ထားသောကြောင်း တစ်နာရီ ၃၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကာ အမြင့် ၅.၅ ကီလိုမီတာ အထိ တက်ရောက်ပျံသန်း နိုင်သည်။

Ka-50 အနေဖြင့် ၅၄၀ ကီလိုမီတာ အထိ ပျံသန်းပြီးလေထဲတွင်နေနိုင်ချိန်(Endurance) အနေဖြင့် ၁ နာရီ ၄၀ မီနစ် ဖြစ်သည်။ Ka-50 တွင် ၃၀ မမ စက်အမြောက် ၁ လက်ကို ပုံသေတပ်ဆင်၍ ပဲ့ထိန်းတင့်ဖျက်ဒုံးများဖြစ်သော 9M120 Vikhr(AT-9 spiral) နှင့် Vikhr-M (AT-6)ကို တပ်ဆင်ပေးထားသည်။ Ka-50 တွင် တပ်ဆင်ထားသော ပဲ့ထိန်းတင့်ဖျက်ဒုံးများသည် ရန်သူ ပင်မတိုက်ပွဲဝင်တင့်ကားများကို ခြိမ်းခြောက် နိုင်စွမ်းရှိသည်။ ပဲ့ထိန်းတင့်ဖျက်ဒုံး ၁၆ စင်း အထိ တပ်ဆင်ထားကာ ဘေးတွင် rocket pods ကို လည်း တပ်ဆင်အသုံးပြုသည်။

Ka-50 ထုတ်လုပ်ရန် V-80 ရှေ့ပြေးနမူနာပုံစံ ၃ စီးစတင်ထုတ်လုပ်ပြီးမှ Ka-50 ပေါ်ထွက်လာခြင်းဖြစ် သည်။ လေသူရဲ ၂ ယောက်မောင်း two-sea version ဖြစ်သည့် Ka-52 Alligator ပေါ်ထွက် လာသောကြောင့် mass production line သို့ ရောက်ရှိခြင်း မရှိဘဲ ၁၀ စီး သာထုတ်လုပ်ခဲ့သည်။ Ka-50 တွင် လေသူရဲအတွက် အရေးပေါ်ခုန်ထွက် ရန် Ka-37 ejection seat ကို တပ်ဆင်ပေးထား သည့်အပြင် ရန်သူ၏ ဒုံးများကို လမ်းလွှဲနိုင်သော chaff/flare dispensers ကိုလည်း တပ်ဆင်ပေး ထားသည်။

မျိုးကွဲများအနေဖြင့် Ka-50N(night)မှာ ညတိုက်ပွဲ အတွက် Forward-Looking Infra Red(FLIR) turret ကိုတပ်ဆင်ထားပြီး ရေဒါအား mast- mounted radar အနေဖြင့် တပ်ဆင်ပေးထား သည်။ Ka-50Sh မှာ ညတိုက်ပွဲအတွက် အခြားမျိုးကွဲဖြစ် သော night attack version ဖြစ်သည်။ Ka-50-2 Erdogan မှာ ပြည်ပတင်ပို့ရန်အတွက် လေသူရဲ ၂ ယောက်မောင်း two-seat cockpit အနေဖြင့် ထုတ်လုပ်ပြီး အစ္စရေး avionics ကို တပ်ဆင်ပေးထားသည်။

Ka-50-2 Erdogan ကို တရုတ်၊ အိန္ဒိယ၊ တူရကီ သို့ရောင်းချရန် ကမ်းလှမ်း ခဲ့သော်လည်း Ka-52 Alligator မှာ ပြီးပြည့်စုံသော အနေအထားသို့ ရောက်ရှိနေသောကြောင့် အမှာစာ လက်ခံမရရှိခဲ့သဖြင့် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော မျိုးကွဲဖြစ်သည်။ Ka-52 Alligator မှာ လက်ရှိအသုံးပြုနေသော Ka-50 ၏ နောက်ဆုံးမျိုးကွဲဖြစ်သည်။

crd-Kokolinoo
crd-GoldenEagle

zawgyi

႐ုရွားထုတ္တိုက္ခိုက္ေရးရဟတ္ယာဥ္ Ka-50 Black Shark အေၾကာင္း တေစ့တေစာင္း

Ka-50 မွာ ေလသူရဲ ၁ ေယာက္ေမာင္းျဖစ္သည္။ Ka-50 ၏နာမည္ေျပာင္(nickname)မွာ Black Shark ျဖစ္ေသာ္လည္း NATO မွ Hokum ဟု Code ေပးထားသည္။ အေလးခ်ိန္ ၇.၈ တန္ ရွိ ေသာ္လည္း အမ်ားဆုံးဝန္ ၁၀.၈ တန္ ျဖင့္ ေလထဲ သို႔ပ်ံတက္နိုင္သည္။အင္ဂ်င္ ၁ လုံးလၽွင္ 2193 shp ရွိေသာ Kilmov TV3 117VK turboshafts အင္ဂ်င္ ၂ လုံး တပ္ဆင္ထားေသာေၾကာင္း တစ္နာရီ ၃၀၀ ကီလိုမီတာ အျမန္ႏႈန္းျဖင့္ ပ်ံသန္းနိုင္ကာ အျမင့္ ၅.၅ ကီလိုမီတာ အထိ တက္ေရာက္ပ်ံသန္း နိုင္သည္။

Ka-50 အေနျဖင့္ ၅၄၀ ကီလိုမီတာ အထိ ပ်ံသန္းၿပီးေလထဲတြင္ေနနိုင္ခ်ိန္(Endurance) အေနျဖင့္ ၁ နာရီ ၄၀ မီနစ္ ျဖစ္သည္။ Ka-50 တြင္ ၃၀ မမ စက္အေျမာက္ ၁ လက္ကို ပုံေသတပ္ဆင္၍ ပဲ့ထိန္းတင့္ဖ်က္ဒုံးမ်ားျဖစ္ေသာ 9M120 Vikhr(AT-9 spiral) ႏွင့္ Vikhr-M (AT-6)ကို တပ္ဆင္ေပးထားသည္။ Ka-50 တြင္ တပ္ဆင္ထားေသာ ပဲ့ထိန္းတင့္ဖ်က္ဒုံးမ်ားသည္ ရန္သူ ပင္မတိုက္ပြဲဝင္တင့္ကားမ်ားကို ၿခိမ္းေျခာက္ နိုင္စြမ္းရွိသည္။ ပဲ့ထိန္းတင့္ဖ်က္ဒုံး ၁၆ စင္း အထိ တပ္ဆင္ထားကာ ေဘးတြင္ rocket pods ကို လည္း တပ္ဆင္အသုံးျပဳသည္။

Ka-50 ထုတ္လုပ္ရန္ V-80 ေရွ႕ေျပးနမူနာပုံစံ ၃ စီးစတင္ထုတ္လုပ္ၿပီးမွ Ka-50 ေပၚထြက္လာျခင္းျဖစ္ သည္။ ေလသူရဲ ၂ ေယာက္ေမာင္း two-sea version ျဖစ္သည့္ Ka-52 Alligator ေပၚထြက္ လာေသာေၾကာင့္ mass production line သို႔ ေရာက္ရွိျခင္း မရွိဘဲ ၁၀ စီး သာထုတ္လုပ္ခဲ့သည္။ Ka-50 တြင္ ေလသူရဲအတြက္ အေရးေပၚခုန္ထြက္ ရန္ Ka-37 ejection seat ကို တပ္ဆင္ေပးထား သည့္အျပင္ ရန္သူ၏ ဒုံးမ်ားကို လမ္းလႊဲနိုင္ေသာ chaff/flare dispensers ကိုလည္း တပ္ဆင္ေပး ထားသည္။

မ်ိဳးကြဲမ်ားအေနျဖင့္ Ka-50N(night)မွာ ညတိုက္ပြဲ အတြက္ Forward-Looking Infra Red(FLIR) turret ကိုတပ္ဆင္ထားၿပီး ေရဒါအား mast- mounted radar အေနျဖင့္ တပ္ဆင္ေပးထား သည္။ Ka-50Sh မွာ ညတိုက္ပြဲအတြက္ အျခားမ်ိဳးကြဲျဖစ္ ေသာ night attack version ျဖစ္သည္။ Ka-50-2 Erdogan မွာ ျပည္ပတင္ပို႔ရန္အတြက္ ေလသူရဲ ၂ ေယာက္ေမာင္း two-seat cockpit အေနျဖင့္ ထုတ္လုပ္ၿပီး အစၥေရး avionics ကို တပ္ဆင္ေပးထားသည္။

Ka-50-2 Erdogan ကို တ႐ုတ္၊ အိႏၵိယ၊ တူရကီ သို႔ေရာင္းခ်ရန္ ကမ္းလွမ္း ခဲ့ေသာ္လည္း Ka-52 Alligator မွာ ၿပီးျပည့္စုံေသာ အေနအထားသို႔ ေရာက္ရွိေနေသာေၾကာင့္ အမွာစာ လက္ခံမရရွိခဲ့သျဖင့္ ထုတ္လုပ္မႈရပ္ဆိုင္းခဲ့ေသာ မ်ိဳးကြဲျဖစ္သည္။ Ka-52 Alligator မွာ လက္ရွိအသုံးျပဳေနေသာ Ka-50 ၏ ေနာက္ဆုံးမ်ိဳးကြဲျဖစ္သည္။

crd-Kokolinoo
crd-GoldenEagle