ရုရှားတို့ရဲ့ ကမ္ဘာကျော် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အလွယ်တကူ ဖျက်စီးတိုက်ခိုက်နိုင်ခဲ့သည့် အစ္စရေးနိုင်ငံထုတ် SkyStriker ဒရုန်း..

News Social News

ဆီးရီးယား လေ/ကာစံနစ်ရဲ့ ရုရှားမိတ် Pantsir-S1 မစ်ဇိုင်းဘက်ထရီကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဟာ အစ္စရေးနိုင်ငံ Elbit Systems က ထုတ်လုပ်တဲ့ SkyStriker အမည်ရှိ ကာမိကာဇေ(အသေခံ) တိုက်ခိုက်ရေးဒရုန်းတစ်စင်း မျှသာ ဖြစ်ကြောင်း ရုရှား စစ်လက်နက်ပစ္စည်း ပါရဂူ Vladislav Shurygin ကယမနေ့က ပြောကြားခဲ့ပါတယ်။

SkyStriker ဒရုန်းတွေဟာအဝေးထိန်းစနစ်နဲ့ မောင်းနှင် နိုင်ပြီး အလိုအလျောက် ထိန်းကျောင်းမှု့စနစ်နဲ့ မောင်း နှင်ရန် လျပ်စစ်အင်ဂျင်တပ်ဆင်ထားပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်စေနိုင်တဲ့ ထိပ်ဖူး ပေါင်၂၀ထိ သယ် ဆောင် တိုက်ခိုက်နိုင်သည့် ဒရုန်းအမျိုးအစားပဲဖြစ်ပါတယ်။

SkyStriker ဒရုန်းတွေရဲ့ အားသာချက်က သူ့ကိုသယ် ဆောင်လာတဲ့ လေယာဉ်မှ ပစ်လွှတ်လိုက်ပြီး ကောင်းကင် ယံမှာ နှစ်နာရီကြာအောင် ဝဲပျံကာ ယောင်ချာချာ လုပ်နေနိုင်ခြင်းလူတစ်ဦး ပွေ့ချီနိုင်တဲ့ အရွယ်အစား အလေးချိန် ၃၅ကီလိုဂရမ်မျှသာ ရှိခြင်းတို့ကြောင့် တိုက်လေယာဉ်တွေ စစ်ဆင်ရေးနယ်ပါယ်အတွင်းမှ ပြန်လည်ထွက်ခွာ ပြီးသည့်တိုင်အောင် ချန်ရစ်နေခဲ့ပြီးမှ ရန်သူ့ လေ ကာစနစ်များရဲ့ အလစ်အငိုက်ကို ရွေးချယ်ကာ တိုက်ခိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရုရှားတို့ရဲ့ ကမ္ဘာကျော် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အစ္စရေးရဲ့ တိုက်လေယာဉ်တွေ ပြန်သွားပြီး အချိန်အတန်ကြာမှ မြင်နိုင်ဖို့ခက်ခဲတဲ့ အသံတိတ်လက်နက် SkyStriker ဒရုန်းနဲ့့ ရုတ်တရက်တိုက်ခိုက် ဖျက်ဆီးခံလိုက်ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။

Crd..Yan Aung

Unicode





Crd..Yan Aung

Crd