ရုရှားစစ်သားတွေအသေအပျောက်များနေတာ ဘာကြောင့်လဲဆိုတာကို ရုရှားတွေကိုယ်တိုင် မေးခွန်းထုတ်အဖြေရှာရမည် 

Militarily News World

“ရုရှားစစ်သားတွေအသေအပျောက်များနေတာ ဘာကြောင့်လဲဆိုတာကို ရုရှားတွေကိုယ်တိုင် မေးခွန်းထုတ်အဖြေရှာရမည်”
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်)
၁၀/၉/၂၀၂၂


ယူကရိန်းကို သမ္မတပူတင်အမိန့်နဲ့ ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားစစ်သားတွေရဲ့ စိတ်ပိုင်း ဆိုင်ရာတွေဟာ နိမ့်ကျပြိုဆင်းနေပြီး ထင်မှတ်မထားလောက်အောင် အသေအပျောက်များနေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ နေတိုးစစ်ဌာနချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဘလင်ကင်က ပြောလိုက်တာပါ။ ပူတင်က သူ့အနာဂါတ်အတွက် ရုရှားရဲ့ အရင်းအမြစ် တွေကို ပုံအောအသုံးပြုပြီး တပ်အင်အားအများအပြားနဲ့ ယူကရိန်းကို ကျုးကျော်ခဲ့ပေမဲ့ ထင်သလို မဖြစ်ပဲ အခုဆို ယူကရိန်းတပ်တွေက ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်တာ အထင်အရှားမြင် နေရပြီလို့ဘလင်ကင်က ပြောပါတယ်။

စစ်ပွဲဆိုတာ ၂ ဘက်စလုံး အကျအဆုံးတွေရှိကြတယ်ဆိုပေမဲ့ ယူကရိန်းတွေက သူတို့အမိမြေ သူတို့လွတ်လပ်မှုအတွက် ရဲရဲရင့်ရင့်နဲ့ အသက်ပေးတိုက်ပွဲဝင်နေကြပြီး ရုရှားတပ်တွေကတော့ ယူကရိန်းကို ဘာကြောင့်လာတိုက်နေရတယ်ဆိုတာ မသိသလို ဘယ်ကိုပို့လိုက်မှန်းမသိပဲ ယူကရိန်းရောက်လာတဲ့တပ်သားတွေ အများကြီးရှိနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာကကူညီတဲ့ လက်နက်တွေတန်ဖိုးဆိုတာထက် ယူကရိန်းတွေမှာရှိတဲ့ “သူတို့ အနာဂါတ် အတွက် အသက်ပေးကာကွယ်မယ်ဆိုတဲ့ စိတ်ဓါတ်က” ပိုပြီးတန်ဖိုးကြီးမားပါတယ်လို့လည်း ဘလင်ကင်က ဆိုပါတယ်။

ကျိုးကြောင်းဆီလျော်တဲ့ ရည်ရွယ်ချက်မရှိပဲ တိုက်ပွဲဝင်နေရတဲ့ စစ်တပ်ဟာ အောင်မြင်မှာ မဟုတ်သလို အခု ယူကရိန်းမှာ ရုရှား တပ်သားတွေ အဆမတန်သေဆုံးနေရတာက သက်သေ ပဲလို့လည်း ဘလင်ကင်က ပြောပါတယ်။ ယူကရိန်းက သူ့တပ်သားတွေ ပြည်သူတွေ ဘာကြောင့် သေဆုံးရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိထားပေမဲ့ သတင်းတု သတင်းလိမ်တွေပဲသိရတဲ့ ရုရှားတွေကတော့ ဘာကြောင့်သေကြရမှန်း မသိကြဘူးလို့ ဘလင်ကင်က ဆိုပါတယ်။

အခုလို ရုရှားတပ်သားတွေ အံ့အားသင့်လောက်အောင် အများအပြားသေဆုံးနေရတာဟာ ဘာကြောင့်လည်းဆိုတာ ရုရှားပြည်သူတွေကိုယ်တိုင် မေးခွန်းထုတ် အဖြေရှာရမဲ့အရာ ဖြစ်တယ် လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဘလင်ကင်က ပြောသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ စက်တင်ဘာ ၈ ရက်နေ့က ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို သွားရောက်ခဲ့ပြီး ဒီကနေ့ နေတိုးစစ်ဌာနချုပ်ကို ရောက်ရှိ လာတာဖြစ်ပါ တယ်။

#Putin #Russia #BNN #NATO #Blinken

BurmaNewsNetwork

crd