ရုရှားက ၂၀၂၄ ခုနှစ် နောက်ပိုင်း နိုင်ငံတကာ အာကာသစခန်းအတွက် အလုပ်မလုပ်ပေးတော့ဘူးလို့ ပြော

News World

ရုရှားက ၂၀၂၄ ခုနှစ် နောက်ပိုင်း နိုင်ငံတကာ အာကာသစခန်း(ISS)အတွက် အလုပ်မလုပ်ပေးတော့ဘူးလို့ ကြေညာလိုက်ကြောင်း ရုရှား သတင်းဌာန TASS က ပြောပါတယ်။ ရုရှား အာကာသ အေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ အသစ် Yuri Borisov က သမ္မတ ပူတင်ကို အဲဒီအကြောင်း အင်္ဂါနေ့က အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ အတွက် အမေရိကန်နဲ့ ရုရှားတို့ ဆက်ဆံရေး တင်းမာလာတဲ့အတွက် ISS မှာ အလုပ်မလုပ်ပေးချင်တဲ့ အကြောင်းကို Roscosmos ရဲ့ ယခင် အကြီးအကဲ Dmitry Rogozin ကလည်း ပြောကြားခဲ့ဖူးပါတယ်။ အခုတော့ Borisov က ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာပါ။ အမေရိကန်က ရုရှားကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်တဲ့အတွက် လက်စားချေတဲ့ အနေနဲ့ ရုရှားက ISS မှာ အလုပ်မလုပ်ပေးတော့တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။

Biden to hold solo press conference after Putin meeting: White House official

ဝါရှင်တန် ဒီစီက International Space Station Research and Development Conference (ISSRDC) မှ နာဆာ အကြီးအကဲတွေက ရုရှားဆီကနေ ဒီသတင်း အတည်ပြုပြောကြားချက်ကို မရရှိသေးဘူးလို့ ပြောပါတယ်။

နာဆာနဲ့ Roscosmos တို့ဟာ ISS နေ့စဉ် လည်ပတ်ဖို့အတွက် အဓိက စွမ်းဆောင်ပေးနေကြသူတွေ ဖြစ်ပါတယ်။ ၁ ဖက်ဖက်ကသာ အလုပ်မလုပ်ပေးတော့ဘူးဆိုရင် ISS လည်ပတ်ဖို့အတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပါ။ နာဆာက ISS လည်ပတ်ဖို့ လျှပ်စစ် ထုတ်လုပ်ပေးနေသလို  ယာဉ်ရဲ့ တည်နေရာကို ထိန်းသိမ်းပေးနေပါတယ်။ Roscosmos က ယာဉ်ကို မောင်းနှင်ပေးနေသလို ကမ္ဘာပတ်လမ်းကြောင်းကနေ အောက်ကျမသွားအောင် ကာကွယ်ပေးနေပါတယ်။

Ref : theverge

Crd