ရုရှားကို အပြင်းထန်ဆုံးထိုးနှက်လိုက်တဲ့ အမေရိကန် နဲ့ G 7 နိုင်ငံတွေရဲ့ ပွဲသိမ်းရိုက်ချက်

News Social News

ရုရှားကို အပြင်းထန်ဆုံးထိုးနှက်လိုက်တဲ့ အမေရိကန် နဲ့ G 7 နိုင်ငံတွေရဲ့ ပွဲသိမ်းရိုက်ချက်

အမေရိကန် အပါအဝင် G 7 နိုင်ငံတွေဟာ ရုရှားကို အပြင်းထန်ဆုံးထိုးနှက်လိုက်ပြန်ပါပြီ။ G7 ဘဏ္ဍာရေးဝန်ကြီးတွေဟာ ယနေ့ဆွေးနွေးပွဲအပြီးမှာပဲ ရုရှားရဲ့ ရေနံတွေကို ဈေးသတ်မှတ်(Price Cap)ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါဟာ ရုရှားအတွက် ပြင်းထန်လှတဲ့ နောက်ဆုံးထိုးနှက်ချက်ခံရခြင်းပါ။

ရုရှားဟာ ဥရောပက ရေနံမဝယ်ယူမှုကြောင့် အာရှနိုင်ငံတွေကို ရေနံကို တင်ပို့​ရောင်းချနေတာပါ။ အခု အဆိုပါရေနံကို အမေရိကန်နဲ့ G7 နိုင်ငံတွေက ကြားကနေ ဈေးနှုန်းတခု သတ်မှတ်မှာဖြစ်ပါတယ်။ ရုရှားဆီကနေ သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုပေးပြီး ရေနံဝယ်ယူခဲ့ရင် ပို့ဆောင်လို့မရအောင် အရေးယူမှုတွေ ရှိမယ်ဆိုပါတယ်။

ထို့အတူ သတ်မှတ်ဈေးထက်ပိုတဲ့ ရုရှားရဲ့ ရေနံကို သယ်ဆောင်ပေးတဲ့သင်္ဘောတွေကိုလဲ
အာမခံပယ်ဖျက်တာ၊ Company ဖျက်သိမ်းတာတွေထိ
လုပ်ဆောင်မယ်လို့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

ရေနံဈေးကို G 7 က ဘယ်လောက်သတ်မှတ်မလဲဆိုတာ လာမည့်ရက်တွေမှာ ကြေညာမှာဖြစ်ပြီး
ရုရှားက သူတို့သတ်မှတ်တဲ့ ဈေးထက် ပိုရောင်းလို့ မရတော့ပါဘူး။
ဒါဟာ ယူကရိန်းစစ်မှာ အရမ်းအကုန်အကျများနေတဲ့ ရုရှားအတွက်

နောက်ဆုံးထိုးနှက်ချက်ဖြစ်ပြီး ကမ္ဘာ့စက်သုံးဆီဈေးကွက်ကို ဘယ်လိုရိုက်ခတ်မလဲဆိုတာ
စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို လျှော့ချသတ်မှတ်မှာ ဖြစ်လို့ ရေနံဈေးကျဖို့ ရည်ရွယ်တယ်လို့ G7 ကဆိုပါတယ်။
crd
#NayThway

Unicode





နောကျဆုံးထိုးနှကျခကြျဖွစျပွီး ကမ်ဘာ့စကျသုံးဆီဈေးကှကျကို ဘယျလိုရိုကျခတျမလဲဆိုတာ
crd
#NayThway

Crd