ရုရှားကလာအို၌လေတပ်အခြေစိုက်စခန်းတည်ဆောက်နေပြီ

News

ရုရှားက လာအို၌ လေတပ်အခြေစိုက်စခန်းတည်ဆောက်နေပြီ

အရှေ့တောင်အာရှနိုင်ငံများအတွင်း ကျဆင်းနေတဲ့ စစ်ရေးအင်အားတောင့်တင်းမှုကို တိုးမြှင့်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရုရှားတပ်မတော်ဟာ လာအိုမှာ လေတပ်အခြေစိုက်စခန်းကို တည်ဆောက်တော့မှာဖြစ်ပါတယ်။အဆိုပါစခန်းကို လာအိုနိုင်ငံ Xieng Khouang ပြည်နယ်အတွင်းမှာ ဆောင်ရွက်မှာဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ဟတ်တာ ၅၀၀ ခန့်ရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းနယ်မြေမှာ ပေါက်ကွဲစေတက်တဲ့ မြေမြုပ်မိုင်းကဲ့သို့သော် အရာတွေအပါအဝင် ရှင်းလင်းရေးတွေဆောင်ရွက်နေပါပြီ။ ဒီဇင်ဘာ ၅ ရက်နေ့ ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း လာအိုအရာရှိတွေက ဆိုပါတယ်။ အဆိုပါလေတပ်စခန်းကို ရုရှားတပ်မတော်နဲ့ လာအိုတို့က တဝက်စီပိုင်ဆိုင်မှာဖြစ်ပြီး လာအိုကတော့ အရပ်ဘက်အတွက် အသုံးပြုမှာဖြစ်ပါတယ်။

လာအိုတပ်မတော်အတွက် အထောက်အပံ့ဖြစ်စေဖို့ ရုရှားက ပူးပေါင်းလေ့ကျင့်ပေးမှာဖြစ်ပြီး ရှင်းလင်းမှုတွေလုပ်ဆောင်ပြီးရင် လျှပ်စစ်ကြိုသွယ်တန်းမှုတွေ၊ အဆောက်အဦ နေရာချထားမှာတော့ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

#Myanmarnews24

Leave a Reply