ရုရှားထုတ် Su-57 တိုက်လေယာဉ်၏ အစွမ်း

News Social News

အထူးစစ်ဆင်ရေးအတွင်း Su-57 တိုက်လေယာဉ်များ၏ လက်နက်များသည် အထူးကောင်းမွန်သည်ဟု Shoigu က ပြောကြားလိုက်ပါတယ်။Su-57 သည် ဝေဟင်၊ မြေပြင်နှင့် ရေပြင်ပစ်မှတ် အမျိုးအစားအားလုံးကို တိုက်ခိုက်ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည်။

ယူကရိန်းတွင် ရုရှား၏ အထူးစစ်ဆင်ရေးအတွင်း နောက်ဆုံးပေါ် Su-57 တိုက် လေယာဉ်များသည် လက်နက်များနှင့် ပတ်သက်၍ ထက်မြက်စွာစွမ်းဆောင်ရည် ပြသခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျီရှိုဂူက Rossiya-1 ရုပ်သံလိုင်းနှင့်အင်တာဗျူးတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ ပြောနိုင်တာကတော့ Su-57 တိုက်လေယာဉ်ကို အထူး စစ်ဆင်ရေးအတွင်း အသုံးပြုနေပါတယ်။ ဒီလေယာဉ်ဟာ စွမ်းဆောင်ရည်တွေကို ထူးချွန်စွာ ပြသနိုင်ခဲ့ပါတယ်။

တိုက်လေယာဉ်ဟာ အမျိုးမျိုးသော လေကြောင်းရန်ကာကွယ်ရေး စနစ်များတွေနဲ့ဒုံးကျည်တွေရန်ကနေ သူ့ကိုယ်သူ အကာအကွယ်ပေးနိုင်စွမ်းရှိပါတယ်။အဲဒီမှာ ပစ္စည်းတွေအများကြီးရှိတယ်။အရေးကြီးဆုံးကတော့ သူ့မှာ အလွန် အစွမ်းထက်တဲ့ လက်နက်တွေ ပါရှိပါတယ်။

ဒီလက်နက်တွေကိုလည်း စမ်းသုံးကြည့်တယ်၊ သူတို့ ကောင်းကောင်းအလုပ်လုပ်တယ်၊ အဲဒါအတွက် တခြားစကားလုံး ရှာမတွေ့ တော့ဘူး”ဟု အထူးစစ်ဆင်ရေးအတွင်း တိုက်ခိုက်ရေးပစ်မှတ်များတွင် နောက်ဆုံးပေါ် ရုရှားလက်နက်ကိရိယာများ အသုံးပြုမှုနှင့် ပတ်သက်၍ မေးခွန်းကို Shoigu က ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။

မေလတွင် ယူကရိန်းရှိ အထူးစစ်ဆင်ရေးအတွင်း ရုရှားလေတပ်မှ Su-57 တိုက် လေယာဉ်များ အသုံးပြုမှုနှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ခုက TASS သို့ သတင်း ပေးပို့ခဲ့သည်။ Su-57 ကို ၂၀၁၈ ခုနှစ်တွင် ဆီးရီးယားတွင် တကယ့်လက်တွေ့ တိုက်ခိုက်ရေး ရည်မှန်းချက်တာဝန်များအား ပထမဆုံးအကြိမ် စမ်းသပ်ထမ်းဆောင်စေခဲ့သည်။

ယခင်သတင်းများအရ ရုရှားလေတပ်သည် ၂၀၂၄ နှစ်ကုန်တွင် Su-57 ဂျက် တိုက်လေ ယာဉ် ၂၂ စင်း လက်ခံရရှိမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ရ၆ စင်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင် လာမည်ဖြစ်သည်ဟုသိရှိထားသည်။ပထမဆုံး တိုက်လေယာဉ်ကို၂၀၂၀ ပြည့်နှစ်တွင် ရုရှားလေတပ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

Su-57 သည် ဝေဟင် မြေပြင်နှင့် ရေပြင်ပစ်မှတ် အမျိုးအစားအားလုံးကို တိုက်ခိုက်ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည်။အဆိုပါ လေယာဉ်တွင် supersonic ပုံမှန်ပျံသန်းနှုန်း လေယာဉ်ကိုယ်ထည်အတွင်း လက်နက်တပ်ဆင်အသုံးပြုနိုင်မှု ရေဒီယိုလှိုင်းစုပ်ယူမှုသုတ်ဆေး(ကိုယ်ပျောက်နည်းပညာ)နှင့် နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုထားသည်ဟုသိရပါတယ်။
Crd..သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Unicode









သနေငျ်ဂမဟာဗြူဟာလေ့လာရေးအဖှဲ့

Crd