ရုရွားတင့္မ်ားကို ထပ္မံ အမွည့္ေခ်ြေပးမည့္ Humvee ေပၚတင္ေဆာင္ျပစ္ခတ္နိုင္သည့္ TOW တင့္ဖ်က္ဒုံးစနစ္ ယူကရိန္း လက္ခံရရွိေတာ့မည္..

News Social News

ယူကရိန္းကို အေမရိကန္မွ ေထာက္ပံ့သည့္ လက္နက္စနစ္မ်ား၌ ယခုတစ္ေခါက္ေပးအပ္သည့္ Package ၌ TOW တင့္ဖ်က္လက္နက္စနစ္မ်ားပါရွိလာၿပီျဖစ္ပါတယ္။အေမရိကန္ေလယာဥ္ကုမၸဏီ Hughes မွ ၁၉၆၀ ေႏွာင္းပိုင္း၌ တီထြင္ခဲ့သည့္ Tow တင့္ဖ်က္ေလာင္ခ်ာဟာ အႀကီးစားတင့္ဖ်က္လက္နက္တစ္မ်ိဳးျဖစ္ၿပီး ကမာၻေပၚ၌ အသုံးမ်ားဆုံး တင့္ဖ်က္ဒုံးစနစ္ထဲ၌ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

၁၉၇၀ခုႏွစ္တြင္ အေမရိကန္စစ္တပ္၌ စတင္တပ္ဆင္ခဲ့ၿပီး ‌ဗီယက္နမ္စစ္ပြဲ၌ စတင္အသုံးျပဳခဲ့ကာ ေျမာက္ဗီယက္နမ္တင့္မ်ားကို ဖ်က္စီးႏိုင္ခဲ့ပါတယ္။ ထို႔အျပင္ အာရပ္-အစၥေရးစစ္ပြဲမ်ား၊ အီရန္-အီရတ္စစ္ပြဲ၊ ပင္လယ္ေကြ႕စစ္ပြဲႏွင့္ ဆီးရီးယားျပည္တြင္းစစ္တို႔တြင္ အသုံးေတာ္ခံခဲ့ၿပီး ႏွစ္ေပါင္း ၅၀ အထိအသုံးေတာ္ခံလာခဲ့သည့္တိုင္ေအာင္ စြမ္းရည္ျပဝေနဆဲျဖစ္ပါတယ္။ အဆိုပါ ဂႏၵဝင္တင့္ဖ်က္လက္နက္ႀကီးကို ယခု ႐ုရွား-ယူကရိန္း စစ္ပြဲ၌ ထပ္မံေတြ႕ရဖို႔အေၾကာင္းဖန္လာခဲ့ၿပီျဖစ္ပါတယ္။

အေမရိကန္ ေျခလ်င္တပ္ဖြဲ႕မ်ားသည္ TOW ကို အသုံးျပဳးစဥ္ကတည္းက ‌သုံးေခ်ာင္းေထာက္ Tripod ေပၚတင္ကာ ပစ္ခဲ့ၾကပါတယ္။ တင့္ဖ်က္ဒုံးဟာ အလုံပိတ္ကြန္တိန္နာထဲ ထည့္သြင္းသယ္ေဆာင္ရတာျဖစ္ၿပီး ပစ္ခတ္ဖို႔ႀကဳံလာပါက အဆိုပါ ဒုံးႁပြန္ကို ပစ္စင္သို႔တပ္ဆင္ရပါေသးတယ္။ အဆိုပါတင့္ဖ်က္လက္နက္စနစ္ကို အမိန႔္ေပးသူ၊ လက္နက္စနစ္ကိုင္တြယ္ခ်ိန္႐ြယ္သူႏွင့္ အကူ စသည့္အမႈထမ္း (၃)ဦးျဖင့္လည္ပတ္ရပါတယ္။

‌TOW ကို တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ား၌ပါ တပ္ဆင္ႏိုင္ၿပီး အထူးသျဖင့္ အေမရိကန္စစ္တပ္ဟာ ဗီယက္နမ္စစ္ပြဲအတြင္း ၎၏ေျမျပင္တပ္ဖြဲ႕မ်ားအတြက္ တိက်သည့္အနီးကပ္ပစ္ကူေပးႏိုင္ရန္ UH-1 ဘက္စုံသုံးရဟတ္ယာဥ္မ်ားကို တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ားအျဖစ္ေျပာင္းလဲၿပီး အေတာင္ပံ (၂)ဖက္တပ္ဆင္ကာ တစ္ဖက္စီ၌ TOW တင့္ဖ်က္ဒုံး (၃)စင္းစီသယ္ေဆာင္ပစ္ခတ္ႏိုင္ေအာင္ဖန္တီးႏိုင္ခဲ့တာေၾကာင့္ ေျမာက္ဗီယက္နမ္တင့္မ်ားကို ပစ္ခတ္ရာမွာအသုံးဝင္ခဲ့ပါတယ္။

မူလစသုံးသည့္ TOW စနစ္၌ အသုံးျပဳသည့္က်ည္မွာ အကြာအေဝးမီတာ ၃၀၀၀အထိသာေရာက္ႏိုင္ၿပီး 600မမ ထူေသာသံခ်ပ္ကာႏွင့္ 430မမ တူေသာ RHA သံခ်ပ္ကာကိုေဖာက္ထြင္းႏိုင္စြမ္းရွိၿပီး ဝိုင္ယာႀကိဳးထိန္းလမ္းၫႊန္စနစ္ ႏွင့္ Semi-automatic လမ္းၫႊန္စနစ္ျဖင့္ ပစ္မွတ္ဆီသြားတာျဖစ္ပါတယ္။ Semi-automatic ျဖစ္တာေၾကာင့္ ဒုံးဟာ ပစ္မွတ္ဆီကိုမေရာက္မခ်င္း စနစ္ကိုင္တြယ္သူမွ ပစ္မွတ္ကိုခ်ိန္ေပးေနရမည္ျဖစ္ပါတယ္။

ေနာက္ပိုင္း ဝိုင္ယာႀကိဳးထိန္းစနစ္မပါရွိေတာ့သည့္ TOW စနစ္သစ္ေတြမွာေတာ့ ထည့္ပစ္ရသည့္က်ည္အသစ္မ်ားဟာ တစ္စကၠန္႔ကို 320မီတာႏႈန္းျဖင့္ အကြာအေဝး 4500m အထိေရာက္ရွိလာႏိုင္ခဲ့ပါတယ္။ အဆိုပါတင့္ဖ်က္ကို Humvee ယာဥ္မ်ား၊ M2 Bradley သံခ်ပ္ကာယာဥ္မ်ား၊ M2 Bradley ႏွင့္ M3 Bradley စစ္သည္တင္သံခ်ပ္ကာတိုက္ယာဥ္မ်ား၌ အမ်ားဆုံးအသုံးျပဳခဲ့ပါတယ္။

ယခုအေမရိကန္မွ ယူကရိန္းကိုေထာက္ပံ့ရာ၌ Humvee ယာဥ္မ်ားပါရွိတာေၾကာင့္ ယူကရိန္းစစ္တပ္ဟာ TOW တင့္ဖ်က္စနစ္မ်ားကို Humvee ေပၚတင္ေဆာင္၍ ႐ုရွားတင့္မ်ားကိုပစ္ခတ္လာႏိုင္ပါတယ္။
Crd..JohnThu
photoscredit-MR

Unicode

ရုရှားတင့်များကို ထပ်မံ အမှည့်ချွေပေးမည့် Humvee ပေါ်တင်ဆောင်ပြစ်ခတ်နိုင်သည့် TOW တင့်ဖျက်ဒုံးစနစ် ယူကရိမ်း လက်ခံရရှိတော့မည်..

ယူကရိန်းကို အမေရိကန်မှ ထောက်ပံ့သည့် လက်နက်စနစ်များ၌ ယခုတစ်ခေါက်ပေးအပ်သည့် Package ၌ TOW တင့်ဖျက်လက်နက်စနစ်များပါရှိလာပြီဖြစ်ပါတယ်။အမေရိကန်လေယာဉ်ကုမ္ပဏီ Hughes မှ ၁၉၆၀ နှောင်းပိုင်း၌ တီထွင်ခဲ့သည့် Tow တင့်ဖျက်လောင်ချာဟာ အကြီးစားတင့်ဖျက်လက်နက်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်၌ အသုံးများဆုံး တင့်ဖျက်ဒုံးစနစ်ထဲ၌ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၁၉၇၀ခုနှစ်တွင် အမေရိကန်စစ်တပ်၌ စတင်တပ်ဆင်ခဲ့ပြီး ‌ဗီယက်နမ်စစ်ပွဲ၌ စတင်အသုံးပြုခဲ့ကာ မြောက်ဗီယက်နမ်တင့်များကို ဖျက်စီးနိုင်ခဲ့ပါတယ်။ ထို့အပြင် အာရပ်-အစ္စရေးစစ်ပွဲများ၊ အီရန်-အီရတ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲနှင့် ဆီးရီးယားပြည်တွင်းစစ်တို့တွင် အသုံးတော်ခံခဲ့ပြီး နှစ်ပေါင်း ၅၀ အထိအသုံးတော်ခံလာခဲ့သည့်တိုင်အောင် စွမ်းရည်ပြဝနေဆဲဖြစ်ပါတယ်။ အဆိုပလ ဂန္ဒဝင်တင့်ဖျက်လက်နက်ကြီးကို ယခု ရုရှား-ယူကရိန်း စစ်ပွဲ၌ ထပ်မံတွေ့ရဖို့အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတယ်။

အမေရိကန် ခြေလျင်တပ်ဖွဲ့များသည် TOW ကို အသုံးပြုးစဉ်ကတည်းက ‌သုံးချောင်းထောက် Tripod ပေါ်တင်ကာ ပစ်ခဲ့ကြပါတယ်။ တင့်ဖျက်ဒုံးဟာ အလုံပိတ်ကွန်တိန်နာထဲ ထည့်သွင်းသယ်ဆောင်ရတာဖြစ်ပြီး ပစ်ခတ်ဖို့ကြုံလာပါက အဆိုပါ ဒုံးပြွန်ကို ပစ်စင်သို့တပ်ဆင်ရပါသေးတယ်။ အဆိုပါတင့်ဖျက်လက်နက်စနစ်ကို အမိန့်ပေးသူ၊ လက်နက်စနစ်ကိုင်တွယ်ချိန်ရွယ်သူနှင့် အကူ စသည့်အမှုထမ်း (၃)ဦးဖြင့်လည်ပတ်ရပါတယ်။

‌TOW ကို တိုက်ခိုက်ရေးရဟတ်ယာဉ်များ၌ပါ တပ်ဆင်နိုင်ပြီး အထူးသဖြင့် အမေရိကန်စစ်တပ်ဟာ ဗီယက်နမ်စစ်ပွဲအတွင်း ၎င်း၏မြေပြင်တပ်ဖွဲ့များအတွက် တိကျသည့်အနီးကပ်ပစ်ကူပေးနိုင်ရန် UH-1 ဘက်စုံသုံးရဟတ်ယာဉ်များကို တိုက်ခိုက်ရေးရဟတ်ယာဉ်များအဖြစ်ပြောင်းလဲပြီး အတောင်ပံ (၂)ဖက်တပ်ဆင်ကာ တစ်ဖက်စီ၌ TOW တင့်ဖျက်ဒုံး (၃)စင်းစီသယ်ဆောင်ပစ်ခတ်နိုင်အောင်ဖန်တီးနိုင်ခဲ့တာကြောင့် မြောက်ဗီယက်နမ်တင့်များကို ပစ်ခတ်ရာမှာအသုံးဝင်ခဲ့ပါတယ်။

မူလစသုံးသည့် TOW စနစ်၌ အသုံးပြုသည့်ကျည်မှာ အကွာအဝေးမီတာ ၃၀၀၀အထိသာရောက်နိုင်ပြီး 600မမ ထူသောသံချပ်ကာနှင့် 430မမ တူသော RHA သံချပ်ကာကိုဖောက်ထွင်းနိုင်စွမ်းရှိပြီး ဝိုင်ယာကြိုးထိန်းလမ်းညွှန်စနစ် နှင့် Semi-automatic လမ်းညွှန်စနစ်ဖြင့် ပစ်မှတ်ဆီသွားတာဖြစ်ပါတယ်။ Semi-automatic ဖြစ်တာကြောင့် ဒုံးဟာ ပစ်မှတ်ဆီကိုမရောက်မချင်း စနစ်ကိုင်တွယ်သူမှ ပစ်မှတ်ကိုချိန်ပေးနေရမည်ဖြစ်ပါတယ်။

နောက်ပိုင်း ဝိုင်ယာကြိုးထိန်းစနစ်မပါရှိတော့သည့် TOW စနစ်သစ်တွေမှာတော့ ထည့်ပစ်ရသည့်ကျည်အသစ်များဟာ တစ်စက္ကန့်ကို 320မီတာနှုန်းဖြင့် အကွာအဝေး 4500m အထိရောက်ရှိလာနိုင်ခဲ့ပါတယ်။ အဆိုပါတင့်ဖျက်ကို Humvee ယာဉ်များ၊ M2 Bradley သံချပ်ကာယာဉ်များ၊ M2 Bradley နှင့် M3 Bradley စစ်သည်တင်သံချပ်ကာတိုက်ယာဉ်များ၌ အများဆုံးအသုံးပြုခဲ့ပါတယ်။

ယခုအမေရိကန်မှ ယူကရိန်းကိုထောက်ပံ့ရာ၌ Humvee ယာဉ်များပါရှိတာကြောင့် ယူကရိန်းစစ်တပ်ဟာ TOW တင့်ဖျက်စနစ်များကို Humvee ပေါ်တင်ဆောင်၍ ရုရှားတင့်များကိုပစ်ခတ်လာနိုင်ပါတယ်။
Crd..JohnThu
photoscredit-MR

Crd