■ရုပ်ရည်ကြောင့်သာမကအပြစ်ပြောစရာမရှိအောင်တော်တဲ့အတွက် လူကြိုက်များတဲ့ သက်တော်စောင့်Peter Van Der

Article Celebrity Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ရုပ်ရည်ကြောင့်သာမကအပြစ်ပြောစရာမရှိအောင်တော်တဲ့အတွက် လူကြိုက်များတဲ့ သက်တော်စောင့်Peter Van Der

သက်တော်စောင့်တွေ Celebrity တတစ်ယောက်ကနေပြောင်းပြီး နောက်တစ်ယောက်ဆီမှာ လုပ်နေတာမျိုးလည်းတွေ့ရတတ်ပါတယ်။ Celebrity တွေဟာ သူတို့သက်တော်စောင့်တွေကို နောက်ခန့်မယ့်သူဆီ တော် မတော်ဆိုတာ recommend ပေးလေ့ရှိပါတယ်။ အဲ့တာကတော့ Peter Van Der(ပီတာဗန်ဒါ) ပဲဖြစ်ပါတယ်။ Ven ဟာအရင်က Dutchလူမျိုး ရဲတစ်ယောက်ဖြစ်တဲ့အပြင် ၂၀၁၅ မှာ Mr. Europe ရခဲ့သူတစ်ယောက်ပါ။

ခန္ဓာကိုယ်တောင့်တင်းပြီး ဂုဏ်သတင်းကျော်ဇောတဲ့အပြင် ဂီတနယ်ပယ်ကအကျော်အမော် Adele(အဒဲ) နဲ့ Lady Gaga (လေဒီဂါဂါ) တိုရဲ့ သက်တော်စောင့်လုပ်ဖူးသူလည်းဖြစ်ပါတယ်။ သာမာန်အားဖြင့်သက်တော်စောင့်ဆိုတာက အနောက်နားလေးမှာပဲနေပြီး စောင့်ရှောက်ပေးနေရတာမို့ ဘယ်သူမှသိပ်သတိမထားမိကြပါဘူး။ Peter Van Der အတွက်တော့အဲ့လိုမဟုတ်ခဲ့ပါဘူး။

အင်တာနက်စာမျက်နှာမှာတော့သူ့ရဲ့ fan တွေတောင်ရှိပြီး ” Adele ရဲ့ Album အသစ်ကိုကြိုက်ပေမယ့်လည်း သူ့ရဲ့ Bodyguardကို ပိုကြိုက်မိနေပြီထင်တယ်” ဆိုတဲ့စကားတွေအပြင် ”Hello Adeleရဲ့ bodyguard လေးရေ၊ ကျွန်မဒီမှာပါ” စတဲ့စာသားတွေရေးတင်ထားတာမျိုးလည်းတွေ့ရပါတယ်။

သူရဲ့ အားကိုးချင်စရာ အရပ်အရှည်ကြိီးရယ်၊ ပခုံးကျယ်ကျယ် နဲ့ မျက်လုံးပြာပြာလေးတွေက တခြားသက်တော်စောင့်တွေထက်ပိုပြီး လူစိတ်ဝင်စားခံခဲ့ရတာပါ။

ဒါပေမယ့်သူရဲ့မျက်လုံးတွေကြောင့်ပဲ မဟုတ်ပါဘူး သူ့အလုပ်မှာလည်း အပြစ်ပြောစရာမရှိအောင်တော်တဲ့အပြင် အရင်ကလည်း Leonardo Dicaprio (လီယိုနာဒို ဒီခါပရီယို) နဲ့ Paris Hilton(ပဲရစ်စ် ဟီတန်) တို့လိုနာမည်ကြိီးတွေဆီမှာလည်း အလုပ်လုပ်ခဲ့ဖူးတာတွေကြောင့်လည်းပါပါတယ်။
Ref:youtube
Trans:thegeektext

zawgyi






သူရဲ့ အားကိုးချင်စရာ အရပ်အရှည်ကြီးရယ်၊ ပခုံးကျယ်ကျယ် နဲ့ မျက်လုံးပြာပြာလေးတွေက တခြားသက်တော်စောင့်တွေထက်ပိုပြီး လူစိတ်ဝင်စားခံခဲ့ရတာပါ။

ဒါပေမယ့်သူရဲ့မျက်လုံးတွေကြောင့်ပဲ မဟုတ်ပါဘူး သူ့အလုပ်မှာလည်း အပြစ်ပြောစရာမရှိအောင်တော်တဲ့အပြင် အရင်ကလည်း Leonardo Dicaprio (လီယိုနာဒို ဒီခါပရီယို) နဲ့ Paris Hilton(ပဲရစ်စ် ဟီတန်) တို့လိုနာမည်ကြီးတွေဆီမှာလည်း အလုပ်လုပ်ခဲ့ဖူးတာတွေကြောင့်လည်းပါပါတယ်။
Ref:youtube
Trans:thegeektext