ရုပ်ဆိုးကြီးနဲ့ လှပျိုဖြူတို့ရဲ့ တကယ့်ဖြစ်ရပ်မှန်

ရုပ်ဆိုးကြီးနဲ့ လှပျိုဖြူတို့ရဲ့ တကယ့်ဖြစ်ရပ်မှန်

ဒစ္စနေရုပ်ရှက်က ရိုက်ကူးခဲ့တဲ့ လှပျိုဖြူနဲ့ ရုပ်ဆိုးကြီး (Beauty and The Beast) ဆိုတဲ့ ရှပ်ရှင်ကို သက်ကြီးပိုင်းတော်တော်များများ မှတ်မိကြပါလိမ့်မယ်။

ဒီရုပ်ရှင်ဟာ သူ့ခေတ်သူ့အခါမှာတော့ လူတွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တယ်ဆိုတဲ့ ဒီရုပ်ရှင်ကားဟာ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုပါ။

ဇာတ်လမ်းထဲမှာ Belle အမည်ရ မိန်းမချောလေးဟာ ရုပ်ဆိုးကြီးကို ချစ်မိသွားပါတယ်။ သူတို့ရဲ့ အချစ်စစ်အကြောင့် ကျိန်စာ ပျက်ပြယ်သွားပြီး ရုပ်ဆိုးကြီးက ချောမောခန့်ညားတဲ့ မင်းသားလေးဖြစ်ပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းခဲ့လို့ ကြည့်သူတွေ သက်ပြင်းချနိုင်ခဲ့ပါတယ်။

ဒါပေ‌မဲ့ တကယ့် အပြင်က ဇာတ်လမ်းကတော့ နဲနဲကွဲပြားပါတယ်။ ဒီလိုပါတဲ့။

ပုံပြင်ရဲ့ မူလအစက ၁၇၄၀ ခုနှစ်မှာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ဒီဇာတ်လမ်းကို ရေးသားခဲ့သူက ပြင်သစ်စာရေးဆရာ (Gabrielle Suzanne de Villeneuve) ဖြစ်ပါတယ်။

သူ့ထဲမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေ မှတ်တမ်းတင်ထားပါတယ်။ အပြင်က တကယ့်ကိုရုပ်ဆိုးရဲ့အမည်က (Petrus Gonsalvus) ပီးထရပ်စ် ဂွန်ဆယ်ဗူ ဖြစ်ပါတယ်။

ပီးထရပ်စ် ဂွန်ဆယ်ဗူကို ၁၅၃၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာ မျိုးရိုးလိုက်တဲ့ရောဂါဆန်းတစ်မျိုးနဲ့ မွေးဖွားလာတာ ဖြစ်ပါတယ်။ အဲဒါကတော့ Hypertrichosis လို့ခေါ်တဲ့ တစ်ကိုယ်လုံး အမွှေးရှည်တွေ ဖုံးလွမ်းနေတဲ့ ရောဂါဖြစ်ပါတယ်။

အမွှေးအမျှင်တွေဟာ မျက်နှာနဲ့ တစ်ကိုယ်လုံး ဖုံးလွှမ်းနေလို့ အရိုင်းလူသား (Wild Man) လို့လည်း ခေါ်ကြပါတယ်။ သူ့အသက် (၁၀)နှစ်ရောက်တဲ့အခါ သူ့ကို သံလှောင်အိမ်ထဲမှာ ထည့်ထားကြပါတယ်။

ပီးထရပ်စ်

၁၅၄၇ ခုနှစ်မှာ ပီးထရပ်စ်ကို သင်္ဘောနဲ့တင်ပြီး ပြင်သင်ကို ပို့လိုက်ပါတယ်။ ဘုရင်ဖြစ်သူ Henry II ကို လက်ဆောင်အဖြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘိသတ်ခံပွဲအတွက် အထိမ်းအမှတ် လက်ဆောင်အဖြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဘုရင် Henry II ဟာ ဒီလို ထူးဆန်းတာတွေ စုဆောင်းရတာကို နှစ်သက်သူပါ။ သနားစရာ ဒီ စပိန်လူရိုင်းလေးဟာ စကားမပြောတတ်ပါဘူး။

ဘုရင်ဟာ သူ့ကို မြေအောက်ခန်းတစ်ခုထဲမှာ ထားထားပါတယ်။ ပီးထရပ်စ်ဟာ သူ့နာမည်တစ်ခုကိုတော့ ပြောတတ်ပါတယ်။ သူ့ရဲ့ မူလအမည်က (Pedro Gonzalez) ပက်ဒရို ဂွန်ဇာလက် ဖြစ်ပါတယ်။

ဘုရင်က သူ့ကို အမည်အသစ်ပေးပါတယ်။ အဲဒါကတော့ ပီးထရပ်စ် ဂွန်ဇာဗူ ဖြစ်ပါတယ်။ ဘုရင်က သူ့ကို ပညာသင်ကြားခွင့်ပေးခဲ့ပါတယ်။ ဘုရင်က ပီးထရပ်စ်ကို အောင်မြင်မယ် မထင်ခဲ့ပါဘူး။

ငယ်ရွယ်ပေမဲ့ ဉာဏ်ကောင်းတဲ့ ပီးထရပ်စ်ဟာ လက်တင်ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် တရားရေးရာ ဥပဒေကျင့်ဝတ်တွေကိုပါ နားလည်တတ်ကျွမ်းလာပါတယ်။

ရုပ်ဆိုးလူသားဟာ အခုတော့ တရားရုံးတွေမှာ အရေးပါတဲ့ ဧည်သည်တော်တစ်ယောက် ဖြစ်လာပါတယ်။ သူဟာ မြင့်မြတ်သူတစ်ယောက်လို ဝတ်ဆင်ခွင့်ရခဲ့ပြီး တခြားလူတွေလိုပဲ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုလည်း စားခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ အရေးကြီးဧည့်သည်တော်တွေလာရင်တော့ သူ့ကို အထူးအဆန်းအနေနဲ့ ပြသတာ ခံနေရတုန်းပါပဲ။

ဘုရင် Henry II ကွယ်လွန်ပြီးနောက်မှာတော့ မိဖုရား ကက်သရင်း (Catherine)က သရဖူကို လွှဲပြောင်းရယူပြီး ဘုရင်မအဖြစ် ဆက်ခံပါတယ်။

ဘုရင်မကြီးဟာ အလွန်ပျော်စရာကောင်းမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ပီးထရပ်စ်ကို မိန်းမပေးစားဖို့ ပြုလုပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူမက သတို့သမီး ဘယ်သူလဲဆိုတာကို ပီးထရပ်စ်မသိအောင် လျှို့ဝှက်ထားပါတယ်။ ဘုရင်မကြီးဟာ မိန်းမပျို တစ်ဒါဇင်လောက်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမနဲ့နာမည်တူ ကက်သရင်းအမည်ရ ချောမောလှပသူလေးတစ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။

ကလေးမကတော့ သတို့သားအကြောင်း ဘာမှ မသိရှာပါဘူး။ ပီးထရပ်စ်ကိုလည်း တစ်ခါမှ မမြင်ဖူးပါဘူး။ အဖြစ်မှန်ကို သိလိုက်ရချိန်မှာတော့ အရမ်းနောက်ကျသွားခဲ့ပါပြီ။ ဘုရင်မကြီးရဲ့ အမိန့်ကိုလည်း လွန်ဆန်လို့ မရပါဘူး။

ဒီလိုနဲ့ ပီးထရပ်စ်နဲ့ ကက်သရင်းတို့ဟာ အကြင်လင်မယား ဖြစ်ခဲ့ပါတယ်။ သူတို့မှာ သားသမီး (၇) ယောက် ထွန်းကားခဲ့ပါတယ်။ တစ်ချို့ကလေးတွေက ပီးထရပ်စ်လိုပဲ တစ်ကိုယ်လုံး အမွှေးအမှင်တွေ ပါရှိကြပါတယ်။

သူတို့မိသားစုပုံကို ပန်းချီဆွဲပြီး မှတ်တမ်းတင်ထားကြပါတယ်။ ဒါပေမဲ့ ပုံမှန်ကလေးတွေကတော့ ပန်းချီကားထဲမှာ မပါပါဘူး။

ဘုရင်မကြီးဟာ သူရဲ့ ထူးဆန်းလူသားမျိုးဆက်တွေကို အလှမွေးတိရစ္ဆာန်တွေလို သဘောထားပုံရပါတယ်။ ဒီပန်းချီကားတွေကို လူကြီးလူကောင်းတွေ၊ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို လက်ဆောင်အဖြစ်ပေးလေ့ရှိပါတယ်။

တစ်ချို့အမွှေးရှည်ကလေးတွေကို ဧည်သည်တော်တွေဆီ ရောင်းစားပါတယ်။ ပီးထရပ်စ်တို့ လင်မယားဟာ ဘာမှမပြောသာဘဲ တိတ်တိတ်လေး ကြေကွဲကြရပါတယ်။ သူတို့ဟာ ဘုရင်မကြီးပိုင်တဲ့ ကုန်ပစ္စည်းသာသာပဲ အဆင့်ရှိပါတယ်။

နှစ်အနည်းငယ်အကြာမှာတော့ ပီးထရပ်စ်တို့ မိသားစုဟာ လွတ်လပ်ခွင့် ရခဲ့ကြပါတယ်။ အီတလီမှာတော့ သူတို့ ပျော်ရွှင်စွာ နေထိုင်သွားခဲ့ရမယ်လို့ ထင်ပါတယ်။ နောက်ထပ် ဘာမှမသိရတော့လို့ ဖြစ်ပါတယ်။

စာရှု့သူတို့ရော ဒါဟာ အမှန်တစ်ကယ်ဖြစ်ရပ်လို့ ထင်ခဲ့ပါသလား။

(မှတ်ချက်။ ။ မြန်မာဘုရင်လက်ထပ်မှာ ဒီလိုမျိုး ရှိခဲ့ဖူးပါတယ်။ သီပေါမင်းလက်ထပ်လို့ ဖင်ပါတယ်။ သူတို့ကတော့ လင်မယားနှစ်ဦးစလုံး ဒီရောဂါရှိသူတွေဖြစ်ပြီး သားသမီးတွေအထိပါပဲ။ ဘုရင်က လစာရိက္ခာထောက်ပံ့ခဲ့တယ်လို့ ဖတ်ဖူးပါတယ်ခင်ဗျား။)

Knight News Team

Knight News © 2022

Crd