ရို့စ်ဝဲလ် ပန်းကန်ပြားပျံပျက်ကြမှု၏ တစ်ဦးတည်းသော မျက်မြင်သက်သေ

ရို့စ်ဝဲလ် ပန်းကန်ပြားပျံပျက်ကြမှု၏ တစ်ဦးတည်းသော မျက်မြင်သက်သေ

မာတီဒါမက်ရှိုင်း (Matilda Mcelroy) ဆိုသူ သူနာပြုအမျိုးသမီးတစ်ဦးဟာ ရို့စ်ဝဲလ်(Roswell) UFO ပျက်ကျပြီး အသက်ရှင်ကျန်ရစ်တဲ့ဂြိုဟ်သားနဲ့ ဆက်သွယ်ခဲ့ရတဲ့ တစ်ဦးတည်းသော သက်သေဖြစ်ပါတယ်။ သူ့အကြောင်းကို Knight News ချစ်သူတွေအတွက် တင်ပြပါရစေ။

ဒီ ထူးဆန်းဇာတ်လမ်းကို ပြန်လည်ဖော်ပြခဲ့တာကတော့ ၂၀၀၈ ခုနှစ်က ဖြစ်ပါတယ်။ သူမဟာ ပညာတတ် အရည်အချင်းရှိတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။

မာတီဒါမက်ရှိုင်း (Matilda Mcelroy)

သူမဟာ ရို့ဝဲလ် လေတပ်စခန်းမှာ ဂြိုဟ်သားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အလောင်းတွေကို တွေ့ခဲ့ရုံတင်မက အသက်ရှင်ကျန်နေတဲ့ ဂြိုဟ်သားတစ်ဦးနဲ့ပါ စိတ်ချင်းဆက်သွယ်နည်း (Telepathy) နဲ့ စကားပြောခဲ့ရတယ်လို့ သတင်းသမားတွေကို ပြောပြခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ History ချန်နယ်က ထုတ်လွှင့်တဲ့ အပိုင်း (၃)ပိုင်းပါ မှတ်တမ်းရုပ်သံ (Documentary) မှာ စစ်ဆေးခဲ့ရသူ အရာရှိတစ်ဦးရဲ့ အတွေ့အကြုံတွေ ပါဝင်လာပါတယ်။

စစ်ဆေးခဲ့ရသူကတော့ အရာရှိတစ်ဦးဖြစ်သူ ဂျက်ဆီမာဆယ် စီနီယာ ( Jesse Marcel Sr.) ဆိုသူဖြစ်ပြီး သူ့ရဲ့ဒိုင်ယာရီကို ထုတ်ပြန်ခဲ့တာပါ။ ရို့စ်ဝဲလ်ဖြစ်ရပ်ဟာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လမှာ ဖြစ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးထားတာကတော့ နယူးမက္ကဆီကိုမှာတွေ့ရတဲ့ အပိုင်းအစတွေဟာ လူသားတွေရဲ့ လက်အပိုင်းအစ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီရုပ်သံမှတ်တမ်းကြောင့် ရို့စ်ဝဲလ်ဖြစ်ရပ်ဟာ လူတွေကြားမှာ စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့ပြန်ပါတယ်။ တပြိုင်တည်းမှာပဲ ဒီ ဒါဏ်ရာရ ဂြိုဟ်သားတွေကို ပြုစုကုသပေးရတဲ့ သူနာပြုတစ်ဦးအကြောင်းကိုလည်း သိခဲ့ကြရပါတယ်။

သူမရဲ့ အမည်ဟာ Matilda O’Donnell Mcelroy ဖြစ်ပြီး သူမဟာ Women’s Army Corp’s Medical Division မှ အကြီးတန်း တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး သူနာပြုတစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ ၂၀၀၇ ခုနှစ်မှာ ပန်းကန်းပြားပျံသုတေသီ လောရင့်စပင်ဆာ (Laurence Spencer) ဆက်သွယ်လာပါတယ်။ အဲဒီအချိန်မှာ သူမဟာ အသက် (၈၃)နှစ်ရှိနေပါပြီ။ သူမမှာ ပုံပြင်တစ်ပုဒ်(အဖြစ်မှန်)ရှိပြီး ဒီဇာတ်လမ်းကို သူမရဲ့အုတ်ဂူထဲ ယူမသွားချင်ဘူးလို့ ပြောခဲ့ပါတယ်။

လူတော်တော်များများဟာ ဖုံးကွယ်ထားဖို့အရာတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ဒါကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ ရှိနေပြီး ဟန့်တားမှုတွေလည်း ရှိနေပါတယ်။

ဒါ‌ကြောင့်လည်း ဒီ အဖြစ်အမှန်တွေဟာ လူ လက်တစ်ဆုပ်စာလောက်ပဲ သိရှိခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီအမျိုးသမီးကတော့ လူတွေ အမှန်တရားကို သိစေခြင်တဲ့အတွက် သူမဇာတ်ကြောင်းကို မျှဝေပေးထားတာဖြစ်ပြီး သူမ လိပ်ပြသန့်သန့်နဲ့ သေချင်တယ်လို့ ပြောရှာပါတယ်။

သူမရဲ့အဆိုအရ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လမှာ သူမဟာ UFO ပျက်ကျရာနေရာကို အရာရှိဖြစ်သူ Cavitt ကို ကားမောင်းပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရောက်တဲ့အခါ သူမနဲ့ အရာရှိဖြစ်သူဟာ ယာဉ်အပျက်အစီး အပိုင်းအစတွေနဲ့အတူ ဂြိုဟ်သား(၂) ဦးရဲ့ ခန္ဓာကိုယ်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဂြိုဟ်သား(၂)ဦးအနက်၊ တစ်ဦးက သေဆုံးသွားပြီး အခြားတစ်ဦးကတော့ ဒါဏ်ရာရထားပါတယ်။ သူမက ဂြိုဟ်သားအနားကိုကပ်သွားပြီး စကားပြောဖို့ ကြိုးစားကြည့်ပါတယ်။ သူမဟာ ချက်ချင်းပဲ ဂြိုဟ်သားဆီက စိတ်နဲ့ဆက်သွယ်ချက်ကို လက်ခံရရှိခဲ့ပါတယ်။

သူမက ဒါကို အရာရှိကိုပြောတဲ့အခါ အရာရှိက ဆက်လုပ်ဖို့ သဘောတူခဲ့ပါတယ်။ သူမဟာ ဆက်သွယ်ပြောကြားချက်အားလုံးကို မှတ်စုရေးပြီး အရာရှိထံ ပေးအပ်ခဲ့ရပါတယ်တဲ့။

သူမနဲ့ ဆက်သွယ်ခဲ့တဲ့ ဒါဏ်ရာရဂြိုဟ်သားဟာလည်း ဂြိုဟ်သူမတစ်ယောက်ဖြစ်ပြီး အမည်က အေရယ်(Airl) ဖြစ်ပါတယ်။ အေရယ်နဲ့ မာတီဒါတို့ဟာ စိတ်ချင်းဆက်သွယ်မှု (Telepathy) နည်းနဲ့ စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။

ပထမတော့ ရုပ်ပုံတွေ၊ စိတ်ခံစားချက်တွေမို့ ပုံဖော် (ဘာသာပြန်)ဖို့ ခက်ခဲခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ရှင်းလင်းတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ စိတ်ချင်းဆက်သွယ် ပြောဆိုနိုင်ခဲ့ကြပါတယ်။

အေရယ်ဟာ ဂြိုဟ်သူ ယာဉ်မှူးလည်းဖြစ်၊ အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ပါတယ်တဲ့။ သူတို့ဟာ ကမ္ဘာမြေကို စူးစမ်းလေ့လာဖို့ လာခဲ့ကြတာ ဖြစ်ပါတယ်တဲ့။ သူတို့ရဲ့ ဌာနချုပ်ကတော့ Expeditionary Force လို့ အမည်ရပြီး ဂြိုဟ်သိမ်တစ်ခုရဲ့ ခါးပါတ်ကွင်းတစ်ခုမှာ တည်ရှိပါတယ်လို့ ဆိုပါတယ်။

သူမ(ဂြိုဟ်သူ)ဟာ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်နဲ့ သက်ရှိစစ်စစ်ဖြစ်ပါတယ်။( ဆိုင်းဘော့ဂ် (cyborg) လို စက်ရုပ်မဟုတ်ဘူးလို့ ဆိုလိုတာပါ။)

သူမတို့ရဲ့ တည်နေရာအစစ်အမှန်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ မာတီဒါဟာ သူမ(ဂြိုဟ်သူ)ကို Serious Sign လို့ အမည်ပေးပါတယ်။ အကြောင်းကတော့ သူတို့တွေဟာ လူသားတွေအတွက် ပြဿနာဖြစ်စေနိုင်တဲ့အရာတွေလို့ ယူဆလို့ပါ။

အေရယ်ရဲ့ ပြောကြားချက်အရ ကမ္ဘာဟာ ဂလက်ဆီရဲ့ အစွန်နားမှာ တည်ရှိပြီး မတိုးတက်သေးတဲ့ ဂြိုဟ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုနဲ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရာ ဂလက်ဆီအတွင်းပိုင်းထဲကို ကမ္ဘာကို ဆွဲငင်ယူဆောင်သွားဖို့ မစ်ရှင်တစ်ခုအနေနဲ့ လာရောက်လေ့လာတာလို့ ဆိုပါတယ်။

ကမ္ဘာဟာ ဂြိုဟ်သားတွေရဲ့ အမြင်မှာတော့ သတ္တဗေဒဥယျာဉ် (Biological & Botanical Garden) တစ်ခု ဒါမှမဟုတ် အကျဉ်းထောင်တစ်ခုသာသာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ (သုံးသောင်း)လောက်က ဂြိုဟ်သားတွေဟာ ကမ္ဘာမြေကို အကျဉ်းထောင်တစ်ခုအနေနဲ့ သုံးခဲ့ကြတယ်လို့ အေရယ်က ဆိုပါတယ်။

ဆိုးသွမ်းတဲ့ ဂြိုဟ်သားမျိုးစိတ်တွေရှိပြီး သူတို့ကို ဖမ်းယူကာ အင်္ဂါဂြိုဟ်ပေါ်၊ အာဖရိကရှိ Rwenzori တောင်တွေပေါ်၊ Pyrenees တောင်တွေပေါ် (Pyrenees တောင်မှာ စပိန်နဲ့ပြင်သစ်ကြားတွင် တည်ရှိသည်။) နဲ့ မွန်ဂိုလီးယားရဲ့ သဲသောင်တန်းတွေမှာ မြေအောက်ဥမင်တွေတူးပြီး အီလက်ထရောနစ်စနစ်တွေနဲ့ ပိတ်လှောင်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

မာတီဒါဟာ အေရယ်နဲ့ စကားတွေ အများကြီး ဆက်သွယ်ခွင့်ရပြီး အေရယ်ဟာ သေဆုံးသွားခဲ့ပါတယ်။ မာတီဒါကတော့ ဒီအကြောင်းတွေ ဖွင့်ချပြရလို့ လိပ်ပြာသန့်သွားပြီလို့ ပြောခဲ့ပါတယ်။

စာရှု့သူတို့ရော ဒီကိစ္စကို ဘယ်လိုထင်ပါသလဲ မန့်ခဲ့ပါနော်။

Knight News Team

Knight News © 2023

Crd