■ရိုမန်များကို မျိုးဖြုတ်ပစ်ခဲ့တဲ့ queen boudica

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ရိုမန်များကို မျိုးဖြုတ်ပစ်ခဲ့တဲ့ queen boudica

ဘူဒီကာဘုရင်မကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ နိုင်ငံထဲကို ရိုမန်တွေကျူးကျော်လာချိန် အသတ်မခံရသေးတဲ့အခါအထိ သာမန် ဘုရင်မတစ်ပါးပဲဖြစ်ပါတယ်။ သူ့ရဲ့ ဆန္ဒကတော့နယ်မြေကို ရိုမန်ကျူးကျော်တာ မခံရပဲ သမီးဖြစ်သူတွေလည်း မသိမ်းပိုက်ခံရအောင်ပါပဲ။

ရိုမန်တွေဟာသူတို့ရဲ့နယ်ကိုကျူးကျော်ရုံတင်မက ဘူဒီကာဘုရင်မရဲ့ သမီးတွေကိုလည်း နှိပ်စက်ခဲ့ပါသေးတယ်။ ဘူဒီကာ ဘုရင်မကမဟာမိတ်တွေကိုစုခဲ့ပြီး သူမရဲ့လက်အောက်မှာ တပ်သား ၁၀၀၀ လောက်စုမိကာ ရိုမန်မြို့တော်ကို တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲပြီးဆုံးချိန်မှာတော့ သူမဟာ ၇၀ ကနေ ၈၀,၀၀၀ သောရိုမန်တွေကို မျိုးဖြုတ်ဖြစ်ခဲ့တယ်လို့ သိရပီး။ သူမရဲ့အောင်မြင်မှုတွေကတော့ အင်ပါယာနီရိုကို ဗြိတိန်နိုင်ငံမှရိုမန်တပ်တွေဆုတ်ခွာသွားလောက်တဲ့အထိတွန်းအားပေးနိုင်ခဲ့ပြီး ဘူဒီကာကို နောက်ပိုင်းမှာတော့ ရိုမန်တွေကအောင်နိုင်ခဲ့ပါတယ်။ စစ်ပွဲအပြီး ဘုရင်မဘာဖြစ်ခဲ့လဲဆိုတာ အတိအကျ မသိရပေမယ့် သူမဟာ အဖမ်းခံရတဲ့မှတ်တမ်းလည်းမရှိခဲ့ပါဘူး။

ဒါပေမယ့် သူမဟာ ဖျားနာခြင်း သို့မဟုတ် အဆုံးစီရင်ခြင်းကြောင့် သေ*ဆုံးသွားတယ်လို့ယုံကြည်ကြပါတယ်။

ယနေ့မှာတော့ သူမရဲ့ကြေးရုပ်တုကြီးဟာ လန်ဒန်ရဲ့ ဝက်စ်မင်စ်တာ တံတား အနောက်ပိုင်းမှာရှိနေခဲ့ပြီး သူမရဲ့ နာမည်ဟာ ယနေ့တိုင် သတိတရရှိနေကြတုန်းပါပဲ။
Ref:youtube
Trans:thegeektext

zawgyi


■စုစုပေါင်းရိုမန်အရေအတွက် ၇၀ ကနေ ၈၀,၀၀၀ အထိမျိုးဖြုတ်ပစ်ခဲ့တဲ့ ဘူဒီကာဘုရင်မ





Ref:youtube
Trans:thegeektext