ရိုင်ဖယ်သေနတ်ဖြင့် ပစ်ချခံရတဲ့ ရုရှားတိုက်လေယာဉ်

News Social News

ရိုင်ဖယ်သေနတ်ဖြင့် ပစ်ချခံရတဲ့ ရုရှားတိုက်လေယာဉ်

ရှရှားရဲ့ ဂျက်တိုက်လေယာဉ် တစ်စီးကို ရိုင်ဖယ်သေနတ်ဖြင့် ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းနယ်စပ်ရေးရာ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပင်စင်စားအမျိုးသားဖြစ်တဲ့ ဗလာရီ ဖက်ဒိုရိုဗစ်က ( Valeriy Fedorovych ) ရုရှားရဲ့ Su-34 ဂျက်တိုက်လေယာဉ်တစ်စီးကို ရိုင်ဖယ်သေနတ်ဖြင့် ပစ်ချခဲ့တာ ဖြစ်ပါတယ်။

ဖက်ဒိုရိုဗစ်က သူ့ရဲ့ ခေါင်းပေါ်မှ ဖြတ်ပျံသွားတဲ့ ရုရှားရဲ့ ဂျက်လေယာဉ်ကို ချာနီဟစ်ဒေသမှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပစ်ချခံရတဲ့ လေယာဉ်ဟာ ဟန်ချက် မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပျက်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယူရို ၇၄ သန်း တန်ကြေးရှိတဲ့ ရုရှားရဲ့ Su-34 တိုက်လေယာဉ် ပျက်ကျသွားသည်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ထို ဗီဒီယိုထဲမှာ‌တော့ ဖက်ဒိုရိုဗစ်ကို မြင်တွေ့ရခြင်း မရှိပါဘူး။

Su-34

ဒီလို ပစ်ချနိုင်ခဲ့လို့ ယူကရိန်း အစိုးရက ဖက်ဒိုရိုဗစ်ကို ဂုဏ်ထူးဆောင် ဆုတံဆိပ်တစ်ခု ချီးမြှင့်ခဲ့ပါတယ်။

ဆုတံဆိပ်နှင့်အတူ ဂုဏ်ယူဝမ်းမြောက် ပျော်ရွှင်နေတဲ့ ဖက်ဒိုရိုဗစ်ရဲ့ ဓာတ်ပုံများကိုလည်း ယူကရိန်း အစိုးရက ထုတ်ပြန် ပြသထား ပါတယ်။

ဖက်ဒရိုဗစ်က ရုရှား ဂျက်တိုက် လေယာဉ်ပျံရဲ့ အစိတ်အပိုင်း အချို့ကိုလည်း အမှတ်တရအဖြစ် သိမ်းဆည်းထားမယ်လို့ သိရပါတယ်။

ယူကရိန်း ပဋိပက္ခဟာ ခြောက်လကျော် ရှိလာပြီ ဖြစ်ပါတယ်။ စစ်ပွဲမှာ သာမန်အရပ်သား ပြည်သူအများအပြားက လက်နက်ဆွဲကိုင်ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက် နေကြပါတယ်။

ယူကရိန်း ပြည်တစ်ရပ်လုံး စည်းလုံးညီညွတ်နေတာကြောင့်လည်း ရုရှားစစ်တပ်ဟာ စစ်ပွဲမှာ အထိအခိုက်အကျအဆုံး များပြားနေခြင်းဖြစ်‌ကြောင်း တင်ပြလိုက်ပါတယ်။

လေယာဉ်ပစ်လက်နက်မလိုပါဘူး ရိုင်ဖယ်နဲ့လည်း ရုရှားလေယာဉ်‌တွေကို ပစ်ချလို့ရပါတယ်။

Knight News Team

Crd