မိဘတို့သည် သားသမီးများကို ငယ်စဥ်လေးတည်းကနေ အရွယ်ရောက်သည်ထိ ပံ့ပိုးပေးခဲ့၍ သားသမီးတွေဖက်ကလည်း အလုပ်လုပ်ပြီး ဝင်ငွေရချိန် မိဘတို့ကိုပေးအပ်ရန်ဝန်မလေးတတ်ကြပေ။သို့ဖြစ်၍ တရုတ်နိုင်ငံ Zhejiangပြည်နယ်တွင် နေထိုင်သော အသက်၂၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘွဲ့ရပြီးအလုပ်ရချိန်တွင် ရသမျှလစာကို တစ်ပြားတစ်ချပ်မှမယူထားပဲ မိဘနှစ်ပါးဆီလစဥ်ပုံမှန်အပ်နှံခဲ့သည်။
တစ်နေ့တွင် မိန်းကလေးသည် မိဘနှစ်ပါးတို့နဲ့အတူ စျေးဝယ်ထွက်ရင်း ဖိနပ်ဆိုင်တစ်ခုမှ သူမသဘောကျစေသော ဖိနပ်လေးတစ်ရံကိုတွေ့ရှိပြီး မိဘနှစ်ပါးအား ဝယ်ပေးဖို့တောင်းဆိုခဲ့သည်။သို့ပေမယ့် မိန်းကလေးရဲ့မိဘနှစ်ပါးသည် ယွမ်၂၀၀သာတန်ဖိုးရှိသော ဖိနပ်လေးကိုဝယ်မပေးပဲ ထိုဖိနပ်က သူမရဲ့ခြေထောက်နဲ့စီးဖို့မထိုက်တန်ကြောင်းပြတ်သားစွာ ငြင်းဆန်ခဲ့သည်။
ထိုစကားကိုကြားပြီး မိန်းကလေးမှာ ဝမ်းနည်းစွာပဲ ဒူးထောက်ပြီး ဖိနပ်လေးအားဝယ်ပေးဖို့ ငိုယိုပြီးတောင်းဆိုခဲ့ရာ မိဘနှစ်ပါးလုံးက သူမအားလျစ်လျူရှုကာ ဆိုင်ထဲကနေထွက်သွားခဲ့ကြသည်။
Nge (Cele Daily)
Zawgyi
ရသမျှလစာငွေကို မိဘနှစ်ပါးဆီအကုန်အပ်ခဲ့ပေမယ့် ဖိနပ်လေးတစ်ရံလိုချင်တာကို ဝယ်မပေးပဲ သူမရဲ့ခြေထောက်နဲ့စီးဖို့မထိုက်တန်ကြောင်းပြတ်သားစွာ ငြင်းဆန်ခဲ့တဲ့မိခင်ကြောင့် ဝမ်းနည်းနေသည့် အသက်၂၈နှစ်အရွယ် ကောင်မလေး
Nge (Cele Daily)
Crd