■ရန်သူရန်ကနေအချင်းချင်းကာကွယ်နိုင်ဖို့ အုပ်စုလိုက်ချီတတ်ကြတဲ့ ပင့်ကူဂဏန်းများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ရန်သူရန်ကနေအချင်းချင်းကာကွယ်နိုင်ဖို့ အုပ်စုလိုက်ချီတတ်ကြတဲ့ ပင့်ကူဂဏန်းများ

အခုဆိုရင်တော့ ကျွန်မတို့ဟာကမ္ဘာ့ရဲ့တစ်ချို့နေရာဒေသတွေမှာတွေ့ရတတ်တဲ့ထူးခြားတဲ့ဂဏန်းပွဲတော်အကြောင်းကိုပြောပြပေးသွားပါမယ်။ဒါပေမယ့် ကံမကောင်းတာကတော့ ဒီဂဏန်းအကောင်လေးတွေဟာ ပျင်းစရာကောင်းပြီး သူတို့ဟာ အခြေအနေတစ်ခုကြောင့်သာ စုဝေးကြပါတယ်။

ဒါပေမယ့်လည်း အစကနေ စပြောကြရအောင်။ ဒါကတော့ သြစတြေးလျက မောနင်းတန်ပန်နင်ဆူလာရဲ့ရေတွေပဲဖြစ်ပါတယ်။ ဆောင်းတွင်းရဲ့ ပထမလပြည့်ဝန်းကျင်မှာတော့ ထောင်ပေါင်းများစွာသော ပင့်ကူဂဏန်းတွေဟာ ဒီကိုလာကြပီး။သူတို့ဟာ မျိုးပွားဖို့နှင့်အစာရှာဖို့အတွက်လာကြတာမဟုတ်ပါဘူး။

ဒီလို မီတာပေါင်းများစွာမြင့်တဲ့ သက်ရှိအုပ်လိုက်ကြီးဟာ ကြီးထွားဖို့အတွက် လာကြတာပါ။ တစ်ခုရှိတာက ဂဏန်းရဲ့ခန္ဓာကိုယ်ဟာ အခွံမာအောက်မှာရှိနေပြီး သူတို့ရဲ့ အခွံဟာ အချိန်ကြာလာရင်တောင်မပြောင်းလဲပါဘူး။

ဒါ့ကြောင့် ဂဏန်းဟာကြီးထွားလာတဲ့အခါမှာ အခွံထဲမှာနေရာမကျန်တော့ပဲ ထိုတိရစ္ဆာန်လေးဟာ အခွံဟောင်းကို စွန့်ပစ်ရပါတော့တယ်။

အခွံကို အခုလေးတင်ချွတ်ထားတဲ့ ဂဏန်းလေးဟာပျော့ပျောင်းပြီး ကူရာမဲ့နေကာ။ ဒါပေမယ့်လဲ ဒီလိုပြောင်းလဲမှုဟာ ရက်ပေါင်းများစွာကြာပါတယ်။ ဒါ့ကြောင့် ဂဏန်းတွေကဘာလို့အတူတူလာရလဲဆိုတာနားလည်ပြီလား။ ဒီလိုနည်းနဲ့သူတို့ဟာ ရန်သူရန်ကနေ အချင်းချင်း ကာကွယ်နိုင်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext