ရန်ကုန်မြို့ရဲ့ ပထမဆုံး ရေပေါ်ညဈေးကြီးကို ယခုလကုန်မှာ ဖွင့်လှစ်မည်














ရန်ကုန်မြို့ရဲ့ ပထမဆုံးရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတားအမှတ် (၅) Love Boat Bridge မှာ ဖွင့်လှစ်သွားမယ်လို့ ညဈေးစီစဉ်တဲ့ တော်ဝင်ချမ်းသာ ကုမ္ပဏီမှ သိရပါတယ်။

အခုလို ရေပေါ်ညဈေးဖွင့်လှစ်တာဟာ တိုင်းရင်းသားယဉ်ကျေးမှုတွေကို ဖော်ထုတ်ပြသဖို့နဲ့ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရအောင် ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ တော်ဝင် ချမ်းသာကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ညဈေးမှာ ရန်ကုန်မြစ်ရဲ့အလှအပတွေကို ကြည့်ရင်း ရိုးရာအစားအစာတွေ ဖော်ထုတ်သွားမှာဖြစ်သလို တိုင်းရင်းသားရိုးရာ အစားအစာရောင်းချမယ့်သူတွေကို ရိုးရာဝတ်စုံတွေဝတ်ပြီးမှ ရောင်းချစေမှာဖြစ်ကာ ဈေးပွဲတော်ရက်မှာ အင်းလေးလိုမျိုးလှေတွေ၊ ရိုးရိုးလှေတွေနဲ့ ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။

ရေပေါ်ညဈေးကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ညနေ ၃ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဆိုင်ခန်း ၃၀ ပါဝင်ပြသရောင်းချမယ်လို့ သိရပါတယ်။

ရေပေါ်ညဈေးမှာ ဆိုင်ခန်း ၆၀ လောက်နဲ့ ရိုးရာလှေနဲ့ ရောင်းချမှု တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ပြီး အစားအသောက်တည်ခင်းရောင်းချနိုင်မယ့် လှည်းပုံစံထုတ်ပေးမှာဖြစ်ကာ လှည်းရဲ့ နေရာထားခကို တစ်ရက် ၃၀၀၀၀ ကျပ်၊ ရေနဲ့ မီး စားသုံးသူတွေရဲ့နေရာထိုင်ခင်းကိုတော့ ကုမ္ပဏီဘက်က စီစဉ်ပေးမှာဖြစ်လို့ မည်သူမဆို လာရောက်စုံစမ်းရောင်းချနိုင်တယ်လို့ သိရပါတယ်။


553








Crd