ရန်ကုန်မြစ်အောက်ခြေမှာ နစ်မြုပ်နေသော အရှေ့အိန္ဒိယကုမ္ပဏီပိုင် ရတနာအပြည့်နဲ့ ကိုနင်းဒေးဗစ် သင်္ဘောကြီးအကြောင်း

News Social News


အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် ရန်ကုန်မြစ်အောက်ခြေမှာ နစ်မြုပ်နေသော ရတနာအပြည့်နဲ့ ကိုနင်းဒေးဗစ် သင်္ဘောကြီး အကြောင်း

ရန်ကုန်မြစ် အောက်ခြေ တစ်နေရာတွင် ကိုနင်းဒေးဗစ် အမည်ရ အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် ဒတ်ချ်သင်္ဘော တစ်စီး နစ်မြုပ်နေလျက် ရှိပါသည်။

ဂွတ်ဟုပ်အငူမှ ဘတ္တားဗီယားမြို့သို့ ရွက်လွှင့်ခဲ့ပြီး ထိုမှတစ်ဆင့် ပဲခူးသို့ ဆက်လက် ထွက်ခွာလာရာ လမ်းတွင် သင်္ဘောကြီး နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ပြီး ၁၆၆၁ ခုနှစ် ဧပြီလက ဖြစ်သည်။

နစ်မြုပ်သည့် နေရာမှာ ကမ်းစပ်နှင့် မလှမ်းမကမ်း ယနေ့ ရန်ကုန်မြို့ နေရာတွင် ဖြစ်သည်။ Verenigde Oostindische Compagnie အမည်ရ

ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် သင်္ဘော ဖြစ်ပြီး သင်္ဘော ကပ္ပတိန်မှာ အမ်စတာဒန်မြို့မှ ကော်နယ်လိစ်ရော့ဘ် (Kornelis Rob) အမည်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သင်္ဘော ပေါ်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရန် ထိုစဉ်က မြန်မာတို့အကြိုက်ဖြစ်သည့် အနောက်တိုင်းလက်ရာ ရွှေထည် ငွေထည်များ၊

ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများ၊ ပိုးလိပ်အထည်လိပ်များ စသည်တို့ကို အပြည့် တင်ဆောင်လာခြင်း ဖြစ်သည်။

၎င်းသင်္ဘောကြီးသည် သစ်သားဖြင့် ဆောက်လုပ်ထားသည့် သင်္ဘော အမျိုးအစားများ ဖြစ်ကာ သင်္ဘောပေါ်တွင် အမြောက်ကြီး အလက်(၂၀)ခန့် ပါဝင်သည်။

ထိုခေတ်ထိုအခါက ပင်လယ်ကူး သင်္ဘောကြီး ဖြစ်၍ ရန်ကုန်မြို့နှင့် သန်လျင်မြို့ အကြားသို့ ရောက်ရှိလာစဉ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ထိုခေတ်က မြန်မာပြည်တွင် လာရောက်လုပ်ကိုင်သည့် ဒတ်ချ် စီးပွားရေးလုပ်ငန်း အရေအတွက်မှာ များများစားစား ရှိခဲ့သည်။

အင်းဝ၊ ပဲခူး၊ သန်လျင် တို့တွင်သာမက အာရကန်ပြည်တွင်လည်း ရုံးခန်းများ အတည်အကျ ဖွင့်ကာ လည်ပတ်ခဲ့သော ဒတ်ချ်ကုမ္ပဏီများ ရှိခဲ့သည်။

ဒတ်ချ်တို့သည် တောင်အိန္ဒိယမှ အထည်အလိပ်၊ ငွေဝယ်ကျွန်၊ သေနတ်၊ ဟင်းခတ် အမွှေးအကြိုင် စသည့် ကုန်စည်များကို ကူးသန်း ရောင်းဝယ်ခဲ့ကြသည်။

၁၇ ရာစု မြန်မာတို့သည် (ယနေ့ နယူးယောက်မြို့) ဟက်ဒဆန်တောင်ကြားမှ ဘီဘာ (Beaver) သားမွေး ဦးထုပ်ကိုပင်

 

 

ဒတ်ချ် ကုန်သည်များထံမှ ဝယ်ယူဝတ်ဆင်ခဲ့ကြသည်။ အနောက်တိုင်း ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ အဆိုပါ သင်္ဘောကြီးသည်

ရန်ကုန်မြစ် အောက်ခြေတွင် ရှိနေသည့် ဒဏ္ဍာရီလာ ဓမ္မစေတီ ခေါင်းလောင်းကြီး တည်နေရာ အနီးတွင်ပင် ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး နစ်မြုတ်ခဲ့သည့် နေရာဟု ခန့်မှန်းရသော အနီးတစ်ဝိုက်တွင် ရေဝဲကြီးများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့ကြောင်း

၁၈၀၀ ပြည့်နှစ်များတွင် ရေးသားထားသည့် သမိုင်း အထောက်အထားများအရ သိရှိရသည်ဟု ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့် သင်္ဘောကြီး နစ်မြစ်နေသည့် နေရာများအား အင်္ဂလိပ် အစိုးရ လက်ထက်တွင်လည်း အင်္ဂလိပ်တို့မှ ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြပြီး အောင်မြင်မှု မရရှိခဲ့ပေ။

ယနေ့တွင် ရန်ကုန်မြစ် အောက်ခြေတွင် ရှိနေသည့် ဒဏ္ဍာရီလာ ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည် ရှာဖွေဆယ်ယူရန် ကြိုးပမ်းလျက် ရှိခဲ့ကြသည်။

သို့သော် ခေါင်းလောင်းကြီးအပြင် စူးစမ်းရှာဖွေစရာ ရန်ကုန်မြစ်အောက်တွင် စုန်းစုန်း မြုပ်နေသည့် အရာများစွာ ရှိနေသည်။

ထိုအထဲတွင် ကိုနင်းဒေးဗစ် သင်္ဘောကြီးလည်း အပါအဝင် ဖြစ်သည်။ သင်္ဘောပေါ်ရှိ ရတနာများလည်း ပကတိတိုင်း ရှိနေကောင်း ရှိနေနိုင်ပေသည်။

Crd-lostfootstep.org,ဦးနတ်ရဲ page

Unicode











 













Crd