ရန်သူတိုက်လေယာဉ် နှင့် ရန်သူတပ် ကို သေမင်းတံဆိပ် ရိုက်နှိပ်ပေး ခြင်း (သို့) အနီအောက်ရောင်ခြည် ရှာဖွေရေး စနစ်

News World

ဒီ စနစ် ကတော့ ခေတ်ပေါ် ဂျက်တိုက်လေယဉ်တွေ တိုက်ခိုက်ရေး ရဟတ်ယဉ်တွေ မှာ တပ်ဆင်လေ့ ရှိ တဲ့ အနီအောက်ရောင်ခြည် ရှာ ဖွေ ရေးကိရိယာ တွေ ပဲ ဖြစ်ပါတယ်။လေယဉ် တစ်စင်း လေထဲ ပျံသန်းချိန် မှာ အင်ဂျင် အိတ်ဇော့ က ထွက် တဲ့ အပူ နှင့် လေယဉ် ကိုယ်ထည် နှင့် လေထု ပွတ်တိုက်တဲ့ နေရာ ကထွက်လာသော အပူ တို့ကို Thermal Vision နဲ့ Infrared Spectrum မှာ ဖမ်းလို့ ရ ပါတယ်။

ဒါကို အခြေ ခံပြီး နာမည်ကျော် Aim-9 Sidewinder Heat Seeking Missile တွေကို ပြုလုပ်ထားခြင်းဖြစ်ပါသည်။IRST စနစ်ဟာ ရောဒါလှိုင်းတွေ ကို မသုံးထားလို့ ထောက်လှမ်းခံရ တဲ့ လေယဉ် ဟာ လည်း သူ့ ရဲ့ Rader Warning Receiver ကိရိယာ က မသိနိုင် လို့ မိမိ ကို တစ်ဖက်သား မှ ထောက် လှမ်းနေ ပြီဟု ကြိုမသိနိုင်လို့ ရေဒါထက် ပိုပြီး အငိုက်ဖမ်းနိုင် ပါတယ်။

Infrared ရောင်ခြည်တွေ ဟာ လေထုထဲ ရှိ တိမ်တိုက်များ နေ နှင့် ရာသီဥတု အခြေအနေ တို့က နှောက်ယှက်မှု ရှိနိုင် သောကြောင့် IRST စနစ် ရဲ့ Range ကတော့ Radar ထက် ပိုပြီး တိုတောင်း ပါတယ်။

သတ်မှတ် Range အတွင်း မှာတော့ Infrared wave တွေက ရေဒါလှိုင်းတွေ ထက် ပိုမို လှိုင်းအလျားတိုတောင်းတာကြောင့် Detail ပိုမိုကောင်းမွန်သော တနည်း Angular Resolution မြင့်သော ပုံရိပ်မျာ း ကို ထောက်လှမ်းနိုင် ပါသည်။

ကနဦးခေတ် IRST စနစ်များပထမဆုံး IRST စနစ်ကို အမေရိကန် လေတပ် ရဲ့ F-101 Voodoo တိုက်လေယဉ် နှင့် F-102 Delta Dagger F-106 Delta Dart စသော အသံထက်မြန် ကြားဖျတ်တိုက်လေယဉ်များ တွင် အသုံးပြုခဲ့သည် ။ ထိုနောက် ရေတပ် ၏ တိုက်ခိုက်ရေးလေယဉ်များဖြစ်သော Vought F-8 Crusader နှင့် နာမည်ကျော် F-4 Phantom တိုက်လေယဉ်များတွင် တပ်ဆင် ခဲ့သည် ။

F-4 B နှင့် C မော်ဒယ် တို့တွင် နှုတ်သီးအောက် တွင် တပ်ဆင်ထား ခဲ့ပြီး ထိရောက်မှု နည်းပါးသောကြောင့် D တွင်တော့ တပ်ဆင်ခြင်းမရှိတော့ပေ။ E မော်ဒယ်တွင်တော့ ထိုနေရာတွင် စက်အမြောက် တပ်ဆင် ခဲ့သည် ။

ဆိုဗီယက် လေယဉ်များ တွင်မူ Mig-23 Flogger များသည် ပထမဆုံး IRST စနစ်သုံးသောလေယဉ်များဖြစ်လာသည်။ သမိုင်းတွင် အမြန်ဆုံးပျံသန်းနိုင်သော Mig-25 ကြားဖြတ်တိုက်လေယဉ် များ တွင်လည်း နှုတ်သီး အောက်တွင် ယင်းစနစ် တပ်ဆင်ထား ခဲ့သည် ။

ဆွီဒင်နိုင်ငံ ထုတ် Saab Draken ကတော့ အမေရိကန် ရုရှား လေယဉ်များ ပြီးလျင် ပထမဆုံး IRST တပ်တိုက်လေယဉ်ဖြစ်လာခဲ့သည်။ခေတ်မှီ IRST စနစ်တပ်လေယဉ်များ ၁၉ ၈၀ နောက်ပိုင်း တွင် 2D sensor များတပ်ဆင်လာခဲ့သောကြောင့် IRST များ၏ ပုံဖော်မှု နှင့် Sensitivity ပိုမိုကောင်းမွန်လာခဲ့သည်။

ယခုအခါ နာမည်ကျော် တိုက်လေယဉ်များဖြစ်သော ရုရှား မှ Su-27,30,35 Flanker များ Mig-29/35 များ တရုတ်နိုင်ငံ မှ J-10,J11,J20 နှင့် ဥရောပထုတ် Eurofighter Typhoon, Rafale, Gripen စသော ခေတ်မှီလေယဉ်တို ့တွင်တပ်ဆင်အသုံးပြုနေ ပါသည် ။

အမေရိကန်ထုတ် လေယဉ်များဖြစ်သော F-14, F-15K F-16SG F-15SA , F-16 E/F Block 60/62, FA-18 E/F Block III နှင့် F-35 တို့တွင်အသုံးပြုနေပါသည်။ အမေရိကန်လေတပ် ၏ F15, F-22 လေယဉ်များတွင် မူ လက်ရှိ တပ်ဆင်ထားခြင်းမရှိပါ။ IRST စနစ်များသည် နောက်ခံအပူချိန် အနုတ် ၃၀ မှ အနုတ် ၅၀ ဒီဂရီ ခန့်သာရှိကာ လေထု ပါးလွာသော အမြင့်ပိုင်း တွင် Performance ပိုမိုကောင်းမွန်လေ့ရှိပါသည်။

ပါးလွာသောလေ ထုသည် Infrared လှိုင်းများကို များစွာ မစုတ်ယူထားနိုင်ခြင်းနှင့် အေးသောလေထုတွင် ထောက်လှမ်းလိုသောလေယဉ် ကို ပိုမိုကောင်းစွာ မြင်တွေ့နိုင်ခြင်းထို့ကြောင့် ထောက်လှမ်းနိုင်သော Range ပိုလာလေသည်။အကယ်လို့ရန်သူ့လေယဉ်ဟာ Afterburner သုံးနေရင်တော့ ပိုမို ထောက်လှမ်းခံရနိုင် ပါသည်။

ယခုလက် ရှိ အကောင်းဆုံး တိုက်လေယဉ် တစ်ခုဖြစ်သော Eurofighter Typhoon လေယဉ် သည် အသံအောက်မြန်နှုန်းဖြင့် ပျံသန်းလာသော လေယဉ်များကို အရှေ့ ဘက်တွင် ၅၀ ကီလိုမီတာ အကွာ နှင့် အနောက်ဘက်တွင် ၉ ၀ ကီလို မီတာ အတွင်း သိရှိနိုင် သည်။
Crd..THIHA

Unicode














Crd