ယှဉ်ပြိုင်မှုကနေ ပဋိပက္ခမဖြစ်လာဖို့ ဘိုင်ဒင် နဲ့ ရှီကျင့်ဖျင်တို့ ၁နာရီခွဲကြာ ဖုန်းဆက်ဆွေးနွေး

News

ယှဉ်ပြိုင်မှုကနေ ပဋိပက္ခမဖြစ်လာဖို့ ဘိုင်ဒင် နဲ့ ရှီကျင့်ဖျင်တို့ ၁နာရီခွဲကြာ ဖုန်းဆက်ဆွေးနွေး

ပဋိပက္ခတွေရှောင်လွှဲနိုင်ရေးအတွက်ဆိုကာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ မိနစ် ၉၀ ကြာ ဖုန်းဆက်ဆွေးနွေးခဲ့ကြတယ်လို့ ကန်အရာရှိတွေက ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံကြားယှဉ်ပြိုင်နေမှုကနေ ပဋိပက္ခဆီကို ဦးတည်မသွားစေဖို့အတွက် အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပြီး ဘယ်လိုသဘောတူညီချက်တွေရယူနိုင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နဲ့ အမေရိကန်ကြားဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကိုရောက်နေခဲ့ပြီး ဇန်နဝါရီမှာ ဘိုင်ဒင်အာဏာရပြီးကတည်းက ဒုတိယမြောက်ဖုန်းဆက်သွယ်ပြောဆိုမှုလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်ဘက်က ထုတ်ပြန်ချက်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ အကျိုးစီးပွးများဆုံရာဒေသတွေနဲ့ တန်ဖိုးအမြင်တွေကွဲလွဲနေတဲ့ဒေသတွေနဲ့ပတ် သက်ပြီး ကျယ်ပြန့်တဲ့မဟာဗျူဟာမြောက်ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးကိစ္စများ၊ ရာသီဥတုပြောင်းလဲခြင်း နဲ့ ကိုဗစ်ကပ်ရောဂါတွေအကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြပြီး တရုတ်မီဒီယာတွေကတော့ ပွင့်ပွင့်လင်းလင်းနဲ့ နက်နက်ရှိုင်းရှိုင်းပြောဆိုခဲ့ကြကာ ရှီက တရုတ်နဲ့ပတ် သက်ပြီး အမေရိကန်ရဲ့မူဝါဒဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအတွက် ကြီးမားတဲ့အခက်အခဲတွေကို ဖြစ်စေခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အပြန်အလှန်အဆက်အသွယ်တွေရှိဖို့နဲ့ ဆက်သွယ်ရေးတိုးမြှင့်စေဖို့အတွက်လည်း ကိုယ်စီတောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ တရုတ်နဲ့ အမေရိကန်တို့ကြား အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေ၊ ပြင်းထန်တဲ့တိုက်ခိုက်ပြောဆိုမှုတွေရှိခဲ့ပြီး ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေးတွေနဲ့လည်း ဆက်ဆံရေးဆိုးရွားခဲ့ကြပါတယ်။

ဘိုင်ဒင်က အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပြီး အင်ဒို-ပစိဖိတ်ဒေသ၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ တည်ငြိမ်သာယာဝပြောရေးအတွက်လည်း ပြောဆိုခဲ့ပါတယ်။ ဒီအတွက် နှစ်နိုင်ငံကြားယှဉ်ပြိုင်နေမှုတွေကို ပဋိပက္ခအသွင်ဆောင်လာခြင်းမပြုစေဖို့အတွက် တစ်နာရီခွဲကြာဆွေးနွေးပြောဆိုခဲ့ကြောင်း Nikkei Asia က ဖော်ပြခဲ့ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ယွဥ္ၿပိဳင္မႈကေန ပဋိပကၡမျဖစ္လာဖို႔ ဘိုင္ဒင္ နဲ႔ ရွီက်င့္ဖ်င္တို႔ ၁နာရီခြဲၾကာ ဖုန္းဆက္ေဆြးေႏြး

ပဋိပကၡေတြေရွာင္လႊဲနိုင္ေရးအတြက္ဆိုကာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ မိနစ္ ၉၀ ၾကာ ဖုန္းဆက္ေဆြးေႏြးခဲ့ၾကတယ္လို႔ ကန္အရာရွိေတြက ေျပာဆိုလိုက္ပါတယ္။ ႏွစ္နိုင္ငံၾကားယွဥ္ၿပိဳင္ေနမႈကေန ပဋိပကၡဆီကို ဦးတည္မသြားေစဖို႔အတြက္ အဓိကထားေဆြးေႏြးခဲ့ၾကတယ္လို႔ သိရၿပီး ဘယ္လိုသေဘာတူညီခ်က္ေတြရယူနိုင္ခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္း တ႐ုတ္နဲ႔ အေမရိကန္ၾကားဆက္ဆံေရးဟာ အနိမ့္ဆုံးအဆင့္ကိုေရာက္ေနခဲ့ၿပီး ဇန္နဝါရီမွာ ဘိုင္ဒင္အာဏာရၿပီးကတည္းက ဒုတိယေျမာက္ဖုန္းဆက္သြယ္ေျပာဆိုမႈလည္း ျဖစ္ပါတယ္။ အိမ္ျဖဴေတာ္ဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ေခါင္းေဆာင္ႏွစ္ဦးဟာ အက်ိဳးစီးပြးမ်ားဆုံရာေဒသေတြနဲ႔ တန္ဖိုးအျမင္ေတြကြဲလြဲေနတဲ့ေဒသေတြနဲ႔ပတ္ သက္ၿပီး က်ယ္ျပန႔္တဲ့မဟာဗ်ဴဟာေျမာက္ေဆြးေႏြးမႈျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

စီးပြားေရးကိစၥမ်ား၊ ရာသီဥတုေျပာင္းလဲျခင္း နဲ႔ ကိုဗစ္ကပ္ေရာဂါေတြအေၾကာင္းကို အဓိကထားေဆြးေႏြးခဲ့ၾကၿပီး တ႐ုတ္မီဒီယာေတြကေတာ့ ပြင့္ပြင့္လင္းလင္းနဲ႔ နက္နက္ရွိုင္းရွိုင္းေျပာဆိုခဲ့ၾကကာ ရွီက တ႐ုတ္နဲ႔ပတ္ သက္ၿပီး အေမရိကန္ရဲ့မူဝါဒဟာ ႏွစ္နိုင္ငံၾကားဆက္ဆံေရးအတြက္ ႀကီးမားတဲ့အခက္အခဲေတြကို ျဖစ္ေစခဲ့တယ္လို႔ ေျပာဆိုခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အျပန္အလွန္အဆက္အသြယ္ေတြရွိဖို႔နဲ႔ ဆက္သြယ္ေရးတိုးျမႇင့္ေစဖို႔အတြက္လည္း ကိုယ္စီေတာင္းဆိုခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ကာလေတြမွာ တ႐ုတ္နဲ႔ အေမရိကန္တို႔ၾကား အျပန္အလွန္ေဝဖန္ျပစ္တင္မႈေတြ၊ ျပင္းထန္တဲ့တိုက္ခိုက္ေျပာဆိုမႈေတြရွိခဲ့ၿပီး ဆက္ဆံေရးတင္းမာခဲ့ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္အေရး၊ ထိုင္ဝမ္အေရးေတြနဲ႔လည္း ဆက္ဆံေရးဆိုးရြားခဲ့ၾကပါတယ္။

ဘိုင္ဒင္က အေမရိကန္အေနနဲ႔ ၿငိမ္းခ်မ္းေရးကို လိုလားၿပီး အင္ဒို-ပစိဖိတ္ေဒသ၊ ကမၻာႀကီးၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္သာယာဝေျပာေရးအတြက္လည္း ေျပာဆိုခဲ့ပါတယ္။ ဒီအတြက္ ႏွစ္နိုင္ငံၾကားယွဥ္ၿပိဳင္ေနမႈေတြကို ပဋိပကၡအသြင္ေဆာင္လာျခင္းမျပဳေစဖို႔အတြက္ တစ္နာရီခြဲၾကာေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း Nikkei Asia က ေဖာ္ျပခဲ့ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။