ယောကျ်ားလေးတွေဆိုရင်လေ သတိထားမိတာက 1985 ကနေ 1995 Born လောက်ထိယောကျ်ားလေးတွေ
News Social News
ယောကျ်ားလေးတွေဆိုရင်လေ သတိထားမိတာက 1985 ကနေ 1995 Born လောက်ထိယောကျ်ားလေးတွေက အခုခေတ်ယောကျ်ားလေးတွေနဲ့ မတူဘူး…။
ဘယ်လိုပြောရမလဲ..အရင်ခေတ်ရဲ့ လက်ကျန်တွေလို့ ဆိုရမလား😂😂..။ဒီနေရာမှာ ကိုယ်ကတော့ ကောင်းမွန်တဲ့အမြင်နဲ့မြင်မိပြီး ပြောတာပါ..။
သူတို့ဟာ အရင် ခေတ်က သီချင်းအေးအေးတွေကို ဆိုတတ်တုန်း။သူတို့နဲ့ချစ်ကြိုက်မိတဲ့မိန်းကလေးတွေကတော့ တကယ့်ကိုအရင်ခေတ်ရဲ့ လက်ကျန်အရသာကိုခံစားရလိမ့်မယ်..။ပိုးကြေးပန်းကြေးအနေနဲ့ သီချင်းဆိုပြတတ်တာကတော့ သူတို့ရဲ့ထူးခြားချက်ပဲ သီချင်းတွေကလည်း အရင်ခေတ်နှောင်းက သီချင်းတွေပေါ့..။
သူတို့ကခေတ်ပေါ်မိန်းကလေးတွေနဲ့လည်းအဆင်မပြေနိုင်ဘူး။သူတို့ရဲ့ပုံစံနဲ့ ခေတ်ပေါ်မိန်းကလေးမျိုးဆိုရင်တော့ ဟာ…အဘိုးကြီး Sizeလားလို့ ထင်မိမှာပဲ။
တကယ်လည်းအဘိုးကြီး Sizeလေ 😂အံမယ် အဆောင်ရှေ့တောင်သီချင်းလာဆိုချင်သေးတယ်။သွားနောက်လို့မရ။ဒီတော့သူတို့နဲ့အဆင်ပြေမယ့်မိန်းကလေးကလည်း တကယ့်ကို ရိုးရိုးရှင်းရှင်းကောင်မလေးတွေနဲ့ပဲ အဆင်ပြေနိုင်လိမ့်မယ်..။
သူတို့ကတော့ Messageတွေအများကြီးနဲ့ပလီပလာ chatဖို့ထက် လူချင်းတွေ့ဖို့ကိုပဲ ပိုပြီးအားသန်ကြတယ်။အဟုတ်ပဲ​လေ လူရိုးကြီးတွေကရှက်ရှက်နဲ့
မပို့ဖြစ်ဘဲ ​ဖျက်လိုက်ရတဲ့ Messageတွေဘယ်လောက်များနေလဲမှမသိနိုင်တာ😂
အခုခေတ်ယောကျ်ားလေးတွေနဲ့ မကွာသလိုလိုနဲ့ ကွာတယ်..။ဒါတွေဟာ ကြာလေ သိသာလာလေပဲ။
စကားပြောတဲ့ဆိုတဲ့ပုံတွေက တစ်ခါတလေ ဝတ္တုဆန်ချင်ဆန်မယ် ဒါပေမယ့် သူတို့ရင်ထဲကလာတာမျိုးလည်းဖြစ်နိုင်တယ်။ဖွဲ့ဖွဲ့နွဲ့နွဲ့များပြောနေပြီဆို ငြိမ်ပြီးနားထောင်နေပါ ဘယ်နှပတ်အားမွေးထားရတာလဲ ကိုယ်မှ မသိနိုင်တာ 😂😂 သူတို့ကတော့ Surpriseတွေ၊ သဝန်တိုရမှာတွေ အခုခေတ်ယောကျ်ားလေးအကွက်တွေတော့ သိပ်သိမှာမဟုတ်ဘူး။သဝန်တိုတဲ့အခါလည်း အရမ်းသိသာပြီး လက်ဆောင်ပေးချင်ရင်တောင်ဘာပေးလို့ပေးရမှန်း သိတာမဟုတ်ပေါ့..။
အရင်အပတ်က စားချင်တယ်လို့ပြောထားတဲ့ အစားအစာကို သူအားတဲ့ရက်ဖြစ်တဲ့ ဆယ်ရက်အကြာမှ စားချင်သေးတယ်အမှတ်နဲ့လိုက်ကျွေးတာမျိုး 😂
အို…ရိုးရမှာကိုမဟုတ်ဘူး။
ဓာတ်ပြားဟောင်းတွေဆိုလည်း
ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့မို့ နားဝင်ချိုပြန်တာပါပဲ။
crd:Nayvel
zawgyi
ယောက်ျားလေးတွေဆိုရင်လေ သတိထားမိတာက 1985 ကနေ 1995 Born လောက်ထိယောက်ျားလေးတွေက အခုခေတ်ယောက်ျားလေးတွေနဲ့ မတူဘူး…။
crd:Nayvel