ယူအက်စ်သမ္မ‌တွေထဲက တစ်ဦးတည်းသာရောက်ဖူးတဲ့ ကမ္ဘာ့အလုံခြုံဆုံးနေရာ Fort Knox

ယူအက်စ်သမ္မ‌တွေထဲက တစ်ဦးတည်းသာရောက်ဖူးတဲ့ ကမ္ဘာ့အလုံခြုံဆုံးနေရာ Fort Knox

ဖို့နော့စ်( Fort Knox) ဆိုတာ ဘယ်လိုနေရာပါလဲ။ ဘာကြောင့် ယူအက်စ်သမ္မတအများကြီးထဲမှာ အထဲကို ရောက်ဖူးတာ တစ်ယောက်တည်း ဖြစ်နေရတာလဲ။ အထဲမှာ ဘာတွေရှိနေလဲ။ ကဲ ကြည့်ရအောင်။

ဖို့နော့စ်ဟာ လုံးဝကို ထိုးဖောက်ဝင်ရောက်လို့မရတဲ့ ခြံဝန်းနဲ့ အဆောက်အဦတစ်ခု ဖြစ်ပါတယ်။ အဲဒီ အဆောက်အဦဟာ အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတာဖြစ်ပြီး ကမ္ဘာ့လုံခြုံဆုံးနဲ့ အထူးခြားဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။

၁၉၃၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရွှေအတုံး အခဲတွေကို အစုလိုက် အပုံလိုက် သိုလှောင်ထားတဲ့နေရာ၊ အခြားတန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေထိန်သိမ်းထားရာနေရာ ဖြစ်ပါတယ်။

မူလ တည်ဆောက်စဉ်က ကုန်ကျစရိတ်တောင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ကုန်ကျခဲ့ပါတယ်။ ဒီနေ့ခေတ် ပေါက်ဈေးနဲ့ဆိုရင် ဒေါ်လာ ၁၀ သန်းနဲ့ ညီမျှပါတယ်။

ဖို့နော့စ်ကို တည်ဆောက်ဖို့ ကွန်ကရစ်ကုဗ ကိုက် ၄၂၀၀ အထိ သုံးစွဲခဲ့ရပါတယ်။ ဂရင်းနိုက်ကျောက်ပြားထုက ၁၆,၀၀၀ ကုဗပေ သုံးထားပါတယ်။ စတီးလ်တန် ၇၅၀ သုံးပြီး တည်ဆောက်ခဲ့ပါတယ်။

နောက်ထပ် နံရံတွေ၊ အခန်းတွေအတွက် စတီးပြား တန် ၆၇၀ ထပ်အသုံးပြုထားပါတယ်။အဆောက်အဦရဲ့ခေါင်မိုးဟာ ဗုံးဒါဏ်ခံနိုင်အောင် ပြုလုပ်ထားပါတယ်။

အဓိက မြေအောက်ခန်း အဝင်တံခါးဟာ (၂၁) လက်မ ထူပြီး အလေးချိန်က (၂၂) တန် ရှိပါတယ်။ ဖို့နော့စ်ဟာ ဘယ်ဧည့်သည်မှ ဝင်ထွက်ခွင်မရှိတဲ့နေရာ ဖြစ်ပါတယ်။ အထဲကိုဝင်ဖို့ လွယ်ကူတဲ့နည်းလမ်း မရှိပါဘူး။ အမေရိကန်ရဲ့ သမ္မတတွေတောင်မှ အထဲကို မဝင်ဖူးကြပါဘူး။

ချွင်းချက်အနေနဲ့ ဖို့နော့စ်ထဲအထိ ဝင်ဖူးတဲ့ တစ်ဦးတည်းသော သမ္မတကတော့ ဖရန်ကလင် ဒီ ရုစဘဲ့ ( Franklin D. Roosevelt) ဖြစ်ပါတယ်။ ၁၉၄၃ ခုနှစ်မှာ မြေအောက်ခန်း လုံခြုံမှု ရှိမရှိ စစ်ဆေးဖို့အကြောင်းပေါ်လာလို့ ဖြစ်ပါတယ်။ သူက ရန်သူတွေ ကျူးကျော်လာရင် ခံနိုင်ရည်မရှိမှာကို စိတ်ပူလို့ ဖြစ်ပါတယ်။

ရုစဘဲ့ဟာ မြေအောက်ခန်းထဲအထိ ရောက်ရှိခဲ့ပါတယ်။ အစောင့်တွေက သူ စိတ်ပူနေတာကို ပြေပျောက်စေဖို့ မြေအောက်ခန်းအထိ ပြသခဲ့တာ ဖြစ်ပါတယ်။

ဖို့နော့စ် မြေအောက်ခန်းထဲမှာ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ရွှေချောင်းတွေ၊ ရွှေတုံးတွေကို သိုလှောင်ထားပါတယ်။ ရွှေပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မသိပါဘူးလို့ ဆိုပါတယ်။ တချို့ကတော့ အနည်းဆုံး ၁၄၇.၃ သန်း အောင်စလောက် ရှိတယ်လို့ ဆိုပါတယ်။

တချို့ရွှေချောင်းတွေဟာ တစ်ချောင်းကို ၂၇ ပေါင် လေးပါတယ်။ ဒီခေတ် ပေါက်ဈေးနဲ့ ရွှေတွေကို တန်ဖိုးဖြတ်ရင် ဒေါ်လာ ဘီလီယံ ၁၉၀ လောက် ရှိပါတယ်။

ဒါပေမဲ့ ” Conspiracy Theory” သမားတွေက‌တော့ ဖို့နော့စ်မှာ ဘာရွှေမှ မရှိတော့ဘူးလို့ ပြောနေကြပါတယ်။ သူတို့ပြောတာကတော့ အစိုးရဟာ အရံရွှေတွေအားလုံးကို ရောင်းပစ်လိုက်ပြီလို့ ဆိုပါတယ်။

ဖို့နော့စ်ဧရိယာကို ကိုယ်ပိုင် ရဲတပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်း ကာကွယ်ထားပါတယ်။ အဲဒီ ရဲတွေဟာ ငွေဒင်္ဂါးသွန်းလုပ်တဲ့ဌာနက ရဲတွေ ဖြစ်ပြီး ၁၇၉၂ ခုနှစ်ကတည်းက ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

သက်တမ်းအရင့်ဆုံး အခိုင်အမာဖွဲ့စည်းထားတဲ့ ရဲအဖွဲ့ကြီးလည်း ဖြစ်ပါတယ်။ အဲဒီ ရဲအဖွဲ့ဟာ မျှော်စင်တွေပါတ်လည်တည်ဆောက်ထားတဲ့အပေါ်မှာ စက်သေနဝာ်များတပ်ဆင်ပြီး နေ့ည စောင့်ကြပ်နေကြပါတယ်။

ဖို့နော့စ် ပါတ်ဝန်းကျင်မှာ စစ်သားတန်းတွေရှိပြီး အင်အား ၃၀,၀၀၀ လောက် ချထားပါသေးတယ်။ ဖို့နော့စ်ရဲ့ ခြံစည်းရိုးတွေမှာ လျှပ်စစ်ဓါတ်လွှတ်ထားပြီး ပါတ်ပါတ်လည်မှာ မိုင်းတွေထောင်ထားပါတယ်။

တကယ်တော့ ဖို့နော့စ်ဟာ ရွှေသိုလှောင်ဖို့သက်သက်ဆိုတာထက် ပိုပါတယ်။ အခြား တန်ဖိုးကြီးတာတွေလည်း ထိန်းသိမ်းရာနေရာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းကဆိုရင် ဝါရှင်တန်ဒီစီဟာ ဂျပန်လေတပ်က ဗုံးကြဲမှာကို ‌ကြောက်နေရပါတယ်။ ဒါကြောင့် သမိုင်းဝင်ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေကို ဖို့နော့စ်မှာ လျှို့ဝှက်စွာ ရွေ့ပြောင်းထားခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်အထိပါပဲ။

အဲဒီ‌ရွေ့ပြောင်းခဲ့တဲ့အထဲမှာ “Bill of Rights” စာချုပ်တို့၊ လွတ်လပ်ရေး ကြေငြာစာတမ်း (Declaration of Independent) တို့လည်း ပါပါတယ်။

ဖို့နော့စ်မှာ တခြားတိုင်းပြည်ရဲ့ တန်ဖိုးကြီး ရတနာပစ္စည်းတွေကိုလည်း လက်ခံသိုလှောင်ထားပါတယ်။ ၁၉၃၉ ခုနှစ်မှာ (Magna Carta) မူရင်းကို နယူးရော့ ကမ္ဘာ့ကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။ အဲဒီနောက် အင်္ဂလန်ရဲ့ တောင်းဆိုမှုအရ အဲဒါကို ဖို့စ်နော့စ်မှာ သိမ်းဆည်းထားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိပါပဲ။ ၁၉၄၇ ခုနှစ်ကျမှ အင်္ဂလန်ကို ပြန်ပို့ခဲ့ပါတယ်။

အလားတူ ဟန်ဂေရီရဲ့ အဖိုးတန်ရတနာနဲ့ ပြုလုပ်ထားတဲ့ ဘုရင့်သရဖူကိုလည်း သိမ်းပေးထားပြီး ဟန်ဂေရီ ကွန်မြူနစ်အစိုးရကို ၁၉၈၇ ခုနှစ်မှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ရွှေတုံး ရွှေခဲတွေက တကယ့်ကိစ္စမဟုတ်ပါဘူး။ ယူအက်စ်ဟာ ရွှေနဲ့စံထားတဲ့စနစ်ကို ၁၉၇၁ ခုနှစ်မှာ ပယ်ဖျက်လိုက်လို့ပါ။ ဆိုလိုတာက အမေရိကန်ဒေါ်လာဟာ ရွှေတန်ဖိုးနဲ့ ချည်နှောင်ထားတာမျိုး မရှိတာကို ပြောတာပါ။ (တနည်း။ ။ရွှေပေါင်မထားခြင်း)

ဘယ်လိုပဲ ဖြစ်ပါစေ။ အမေရိကန်ရဲ့ အရံရွှေပမာဏဟာ ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။ ရွှေဆိုတာကလည်း တန်ဖိုးရှိတဲ့ ပြယုဂ်တစ်ခုအနေနဲ့ ရှိနေတာပါ။ ရွှေနဲ့ နိုင်ငံခြားကုန်သွယ်ရေးတွေမှာ အရေးပေါ်အသုံးပြုလို့ ရပါတယ်။

ကမ္ဘာ့ရွှေအများစုကတော့ ဖို့နော့စ်မှာ စုံပုံတည်ရှိနေတာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Crd