ယူကရိမ္းနိုင္ငံကို က်ဳးေက်ာ္စစ္ျပဳခဲ့သည့္ ရုရွားတို့ စစ္ရူံးျပီ…

News Social News

ယူကရိန္းရဲ႕ Kharkiv offensive မွာ ႐ုရွားေတြမရႈမလွ ရႈံးနိမ့္သြားခဲ့ပီျဖစ္ပါတယ္။ လက္ရွိမွာ Kharkiv ျပည္နယ္ အားလုံးနီးပါး ယူကရိန္းေတြလက္ထဲ ျပန္ေရာက္ေနပါပီ။ Kupiansk ၿမိဳ႕နဲ႔ Izyum ၿမိဳ႕ကေန ဆုတ္ခြာသြားတဲ့ ႐ုရွားတပ္ဖြဲ႕အခ်ိဳ႕ကေတာ့ Oskil ျမစ္တစ္ဖက္ကမ္းမွာ ခံစစ္မ်ဥ္းတည္ေဆာက္မယ္ ယူဆထားၾကပါတယ္။

April ကေန September အထိ ႐ုရွားဘက္က လူအင္အား၊ လက္နက္အင္အား အႀကီးအက်ယ္ အျပဳန္းတီးခံပီး ရယူထားတဲ့ တိုးတက္မႈေတြ အကုန္လုံးကို ယူကရိန္းက တစ္ပတ္အတြင္းမွာ ဖ်က္ဆီးပစ္လိုက္တာျဖစ္ပါတယ္။႐ုရွားေတြအေနနဲ႔ ခံစစ္ေတြေပါက္ပီး ယူကရိန္းဘက္က ညႇပ္ပိတ္ခံရမွာစိုးလို႔ ျပန္ဆုတ္ရာမွာ စနစ္တက်မဟုတ္ပဲ ေတာ္ေတာ္ေလး ကစဥ့္ကလ်ားျဖစ္ပီး ျပန္ဆုတ္ရတာပါ။

႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနကေန စနစ္တက်ျပန္ဆုတ္တယ္ သတင္းထုတ္ျပန္ပီး ေျဗာင္လိမ္ေနလဲ ေျမျပင္မွာ အေရအတြက္မ်ားစြာစြန႔္ပစ္ခဲ့တဲ့ လက္နက္ခဲယမ္း‌ေတြ၊ တန္ဖိုးႀကီးသံခ်ပ္ကာကားေတြက ႐ုရွားေတြ ဖ႐ိုဖရဲျပန္ေျပးရတယ္ဆိုတာကို သက္ေသျပေနပါတယ္။
ေတာင္ဘက္ Kherson မွာ ယူကရိန္းက ထိုးစစ္တစ္ခု ဖြင့္ခဲ့တယ္။

Kherson ထိုးစစ္က ေယာင္ျပ၊ feint မဟုတ္ဘူး၊ ဒါေပမယ့္ ႐ုရွားဘက္ကေန Kherson ကို အင္အားအမ်ားအျပားသုံးပီး ခုခံဖို႔ျပင္ဆင္တာ‌ကေန ေျမာက္ဘက္ Kharkiv မွာ အင္အားအင္မတန္ နည္းသြားခဲ့ပါတယ္။ အဲ့လို ႐ုရွားခံစစ္ေတြ အင္အားနည္းေနတာကို ယူကရိန္းက ေကာင္းေကာင္းအသုံးခ်ပီး ေတာင္နဲ႔ေျမာက္မွာ coordinate လုပ္ထားတဲ့ စစ္မ်က္ႏွာ ႏွစ္ခုဖြင့္ခဲ့တာက‌ေန Kharkiv မွာ အရွိန္အဟုန္နဲ႔ ထိုးေဖာက္သြားတာပါ။ Kherson က feint မဟုတ္ေပမယ့္ ယူကရိန္းေတြ လွည့္စားတဲ့အကြက္ထဲ ႐ုရွားခံလိုက္ရတာကေတာ့ အေသအခ်ာပါပဲ။
Crd..Tactical Raptor
RaptorOne

Unicode

ယူကရိမ်းနိုင်ငံကို ကျုးကျော်စစ်ပြုခဲ့သည့် ရုရှားတို့ စစ်ရူံးပြီ…

ယူကရိန်းရဲ့ Kharkiv offensive မှာ ရုရှားတွေမရှုမလှ ရှုံးနိမ့်သွားခဲ့ပီဖြစ်ပါတယ်။ လက်ရှိမှာ Kharkiv ပြည်နယ် အားလုံးနီးပါး ယူကရိန်းတွေလက်ထဲ ပြန်ရောက်နေပါပီ။ Kupiansk မြို့နဲ့ Izyum မြို့ကနေ ဆုတ်ခွာသွားတဲ့ ရုရှားတပ်ဖွဲ့အချို့ကတော့ Oskil မြစ်တစ်ဖက်ကမ်းမှာ ခံစစ်မျဉ်းတည်ဆောက်မယ် ယူဆထားကြပါတယ်။

April ကနေ September အထိ ရုရှားဘက်က လူအင်အား၊ လက်နက်အင်အား အကြီးအကျယ် အပြုန်းတီးခံပီး ရယူထားတဲ့ တိုးတက်မှုတွေ အကုန်လုံးကို ယူကရိန်းက တစ်ပတ်အတွင်းမှာ ဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်။ရုရှားတွေအနေနဲ့ ခံစစ်တွေပေါက်ပီး ယူကရိန်းဘက်က ညှပ်ပိတ်ခံရမှာစိုးလို့ ပြန်ဆုတ်ရာမှာ စနစ်တကျမဟုတ်ပဲ တော်တော်လေး ကစဉ့်ကလျားဖြစ်ပီး ပြန်ဆုတ်ရတာပါ။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကနေ စနစ်တကျပြန်ဆုတ်တယ် သတင်းထုတ်ပြန်ပီး ဗြောင်လိမ်နေလဲ မြေပြင်မှာ အရေအတွက်များစွာစွန့်ပစ်ခဲ့တဲ့ လက်နက်ခဲယမ်း‌တွေ၊ တန်ဖိုးကြီးသံချပ်ကာကားတွေက ရုရှားတွေ ဖရိုဖရဲပြန်ပြေးရတယ်ဆိုတာကို သက်သေပြနေပါတယ်။
တောင်ဘက် Kherson မှာ ယူကရိန်းက ထိုးစစ်တစ်ခု ဖွင့်ခဲ့တယ်။

Kherson ထိုးစစ်က ယောင်ပြ၊ feint မဟုတ်ဘူး၊ ဒါပေမယ့် ရုရှားဘက်ကနေ Kherson ကို အင်အားအများအပြားသုံးပီး ခုခံဖို့ပြင်ဆင်တာ‌ကနေ မြောက်ဘက် Kharkiv မှာ အင်အားအင်မတန် နည်းသွားခဲ့ပါတယ်။ အဲ့လို ရုရှားခံစစ်တွေ အင်အားနည်းနေတာကို ယူကရိန်းက ကောင်းကောင်းအသုံးချပီး တောင်နဲ့မြောက်မှာ coordinate လုပ်ထားတဲ့ စစ်မျက်နှာ နှစ်ခုဖွင့်ခဲ့တာက‌နေ Kharkiv မှာ အရှိန်အဟုန်နဲ့ ထိုးဖောက်သွားတာပါ။ Kherson က feint မဟုတ်ပေမယ့် ယူကရိန်းတွေ လှည့်စားတဲ့အကွက်ထဲ ရုရှားခံလိုက်ရတာကတော့ အသေအချာပါပဲ။
Crd..Tactical Raptor
RaptorOne

Crd