ယူကရိမ္းစစ္ပြဲအတြင္း အစြမ္းျပေနတဲ့ အေမရီကန္ HIMARS ဒုံးစနစ္ အေျမာက္အမ်ား 🇹🇼ထိုင္၀မ္ ၀ယ္ယူေတာ့မည္..

News Social News

အေမရိကန္ထံမွ HIMARS ဒုံးစနစ္ (၂၉)ခု အျပင္ ATACMS နည္းဗ်ဴဟာေျမာက္ ပဲ့ထိန္း ဒုံးက်ည္ ၈၄ စင္း ကို ဝယ္ယူမည့္ အစီအစဥ္ဟာ ထိုင္ဝမ္ကာကြယ္ေရးဘတ္ဂ်က္ ၂၀၂၃ ထဲ၌ ပါဝင္မည္ျဖစ္ေၾကာင္း ထိုင္ဝမ္လႊတ္ေတာ္ကို တင္ျပသည့္ ကာကြယ္ေရးအစီအစဥ္အရ သိရေၾကာင္း အခ်ိဳ႕မီဒီယာ‌မ်ားကဆိုေျပာဆိုေနၾကပါတယ္။ဒါဟာ ယခင္ ၀ယ္ယူဖို့ Plan ခ်ထားသည္ထက္ ၁၈စီး ပိုမိုဝယ္ယူသြားဖို႔ စီစဥ္လာတာပါ။

ဟုတ္လည္းဟုတ္ပါတယ္။HIMARS ဟာ ယူကရိန္းစစ္ေျမျပင္မွာ လက္စြမ္းျပထားတာျဖစ္ၿပီး႐ုရွားစစ္တပ္ကို ေတာ္ေတာ္ဒုကၡေပးထားသည့္ ဒုံးစနစ္ျဖစ္ပါတယ္။အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠဌ နန္စီပလိုစီ လာေရာက္ၿပီးကတည္းက တ႐ုတ္ဟာ ထိုင္ဝမ္အေပၚ အေတာ္ေဒါသထြက္ေနတာျဖစ္ၿပီး စစ္ေရးေလ့က်င့္မႈေတြဆက္တိုက္လုပ္ေဆာင္ခဲ့ပါတယ္။ အခုတ႐ုတ္ဘက္ကရပ္နားၿပီးခ်ိန္မွာ အေမရိကန္ဘက္က သြားသြားစေနျပန္ပါတယ္။

လြန္ခဲ့သည့္ (၄)ရက္က အေမရိကန္အမွတ္ ၇ ေရတပ္၏ USS Antietam (CG-54) ႏွင့္ USS Chancellorsville (CG-62) တို႔ဟာ ထိုင္ဝမ္ေရလက္ၾကားကိုျဖတ္ေမာင္းျပခဲ့ၿပီး တ႐ုတ္စစ္တပ္မွလည္း ေထာက္လွမ္းေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ခဲ့ရေသးေၾကာင္း သိရပါတယ္။

ယမန္ေန႔ကလည္း အေမရိကန္ေရတပ္၏ ကုန္းေရ၂သြယ္ေခ်မႈန္းေရး စစ္ေရယာဥ္ျဖစ္သည့္ USS Tripoli (LHA-7) ဟာ F-35B အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္ အစီး (၂၀)အထိတင္ေဆာင္ၿပီး ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေမာင္း႐ုံသာမက F-35B ေတြလႊတ္တင္ၿပီး ‌ေလ့က်င့္ခဲ့ပါေသးတယ္။

႐ုရွားေရတပ္ႏွင့္ တ႐ုတ္ေရတပ္၏ စစ္ေရယာဥ္အခ်ိဳ႕ဟာလည္း ဂ်ပန္အနီး၌ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနၿပီး အေမရိကန္ေရတပ္ကိုတိုက္ခိုက္မည့္ ေလ့က်င့္မႈပုံစံမ်ိဳးျဖစ္ေၾကာင္းႏွင့္ စစ္ပြဲျဖစ္လာပါက ထိုင္ဝမ္သို႔ အေနာက္အုပ္စုကေပးပို႔မည့္ လက္နက္ေထာက္ပံ့ေရးလမ္းေၾကာင္းမ်ားကို ၾကားျဖတ္ဟန႔္တားမည့္ေလ့က်င့္မႈမ်ိဳးပါရွိေၾကာင္း ထိုင္ဝမ္ကေျပာထားပါတယ္။
Crd..Military Reviewer

Unicode

ယူကရိမ်းစစ်ပွဲအတွင်း အစွမ်းပြနေတဲ့ အမေရီကန် HIMARS ဒုံးစနစ် အမြောက်အများ 🇹🇼ထိုင်ဝမ် ဝယ်ယူတော့မည်..

အမေရိကန်ထံမှ HIMARS ဒုံးစနစ် (၂၉)ခု အပြင် ATACMS နည်းဗျူဟာမြောက် ပဲ့ထိန်း ဒုံးကျည် ၈၄ စင်း ကို ဝယ်ယူမည့် အစီအစဉ်ဟာ ထိုင်ဝမ်ကာကွယ်ရေးဘတ်ဂျက် ၂၀၂၃ ထဲ၌ ပါဝင်မည်ဖြစ်ကြောင်း ထိုင်ဝမ်လွှတ်တော်ကို တင်ပြသည့် ကာကွယ်ရေးအစီအစဉ်အရ သိရကြောင်း အချို့မီဒီယာ‌များကဆိုပြောဆိုနေကြပါတယ်။ဒါဟာ ယခင် ဝယ်ယူဖို့ Plan ချထားသည်ထက် ၁၈စီး ပိုမိုဝယ်ယူသွားဖို့ စီစဉ်လာတာပါ။

ဟုတ်လည်းဟုတ်ပါတယ်။HIMARS ဟာ ယူကရိန်းစစ်မြေပြင်မှာ လက်စွမ်းပြထားတာဖြစ်ပြီးရုရှားစစ်တပ်ကို တော်တော်ဒုက္ခပေးထားသည့် ဒုံးစနစ်ဖြစ်ပါတယ်။အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ လာရောက်ပြီးကတည်းက တရုတ်ဟာ ထိုင်ဝမ်အပေါ် အတော်ဒေါသထွက်နေတာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွေဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ အခုတရုတ်ဘက်ကရပ်နားပြီးချိန်မှာ အမေရိကန်ဘက်က သွားသွားစနေပြန်ပါတယ်။

လွန်ခဲ့သည့် (၄)ရက်က အမေရိကန်အမှတ် ၇ ရေတပ်၏ USS Antietam (CG-54) နှင့် USS Chancellorsville (CG-62) တို့ဟာ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်မောင်းပြခဲ့ပြီး တရုတ်စစ်တပ်မှလည်း ထောက်လှမ်းစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ရသေးကြောင်း သိရပါတယ်။

ယမန်နေ့ကလည်း အမေရိကန်ရေတပ်၏ ကုန်းရေ၂သွယ်ချေမှုန်းရေး စစ်ရေယာဉ်ဖြစ်သည့် USS Tripoli (LHA-7) ဟာ F-35B အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ် အစီး (၂၀)အထိတင်ဆောင်ပြီး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်မောင်းရုံသာမက F-35B တွေလွှတ်တင်ပြီး ‌လေ့ကျင့်ခဲ့ပါသေးတယ်။

ရုရှားရေတပ်နှင့် တရုတ်ရေတပ်၏ စစ်ရေယာဉ်အချို့ဟာလည်း ဂျပန်အနီး၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး အမေရိကန်ရေတပ်ကိုတိုက်ခိုက်မည့် လေ့ကျင့်မှုပုံစံမျိုးဖြစ်ကြောင်းနှင့် စစ်ပွဲဖြစ်လာပါက ထိုင်ဝမ်သို့ အနောက်အုပ်စုကပေးပို့မည့် လက်နက်ထောက်ပံ့ရေးလမ်းကြောင်းများကို ကြားဖြတ်ဟန့်တားမည့်လေ့ကျင့်မှုမျိုးပါရှိကြောင်း ထိုင်ဝမ်ကပြောထားပါတယ်။
Crd..Military Reviewer

Crd