ယူကရိန်းလုပ် ဟိုင်းမားစ် အတုတွေနဲ့ ရုရှား ရင်ဆိုင်နေရပြီလား …

News Social News

ယူကရိန်းစစ်တပ်သည် စစ်ပွဲကိုပြောင်းလဲနိုင်သည့် အဆင့်မြင့် HIMARS ဒုံးပျံစနစ်ကို ရုရှား များအား လှည့်စားရန်အတွက် သစ်သားဖြင့် HIMARS ဒုံးပျံစနစ်ယာဉ်များကို တည်ဆောက်နေ ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာ က ဖော်ပြခဲ့ပါတယ်။

“သူတို့( ရုရှား)က ကျွန်တော်တို့ ပို့ထားတာထက်တောင် HIMARS တွေကို ပိုထိမှန်အောင်ပစ်ခဲ့ တယ်လို့ ဆိုပါတယ်” ဟု အမေရိကန် သံတမန်တစ်ဦးမှ ဝါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့ပါ တယ်။

ဇွန်လတွင် စစ်မြေပြင်တွင် HIMARS တွေကို စတင်အသုံးပြုကြောင်း ပြသချိန်မှစ၍ အမေရိ ကန်လုပ်အမြောက်စနစ်များကို အောင်မြင်စွာ ပစ်ခတ်ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားမီဒီယာများက ဖော် ပြခဲ့ပါတယ်။

သို့သော် လက်တွေ့တွင် ကရင်မလင်သည် HIMARS ပုံစံလုပ်ထားသည့် အထပ်သားပေါ်တွင် ၎င်း၏ အဖိုးတန်တိကျသော ကျည်ဆန်များကို ဖြုန်းတီးနေပုံရပါတယ်။

သစ်သားဖြင့် လှည့်ဖျားကာ တပ်ဆင်ခြင်းပြီးသည့် ပထမရက်သတ္တပတ်အနည်းငယ်အတွင်း ရုရှားများက အဆိုပါဒုံးစင်အတုနေများကို Kalibr ခရုဇ်ဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ ကြောင်း ယူကရိန်းအကြီး တန်းအရာရှိတစ်ဦးက Washington Post သို့ ပြောကြားခဲ့ပါတယ်။

ထို အောင်မြင်သော လိမ်လည်လှည့်ဖြားမှုများကြောင့် အထပ်သားအမြှောက်အစီအစဉ်ကို ချဲ့ထွင်ခဲ့ ကြောင်းဆိုပါတယ်။ပင်လယ်နက်ရှိ ပဲ့ထိန်းဒုံးကျည် ခရူဇာများဆီသို့ သတင်းအချက်အလက်ပေးပို့သည့် ရုရှားမောင်း သူမဲ့ ဝေဟင်ယာဉ်၏ မှန်ဘီလူးမှာပစ်မှတ်ထားသည့် သစ်သား HIMARS နှင့် တကယ့်အစစ်အမှန်ကို ခွဲခြား၍မရပေ။

“UAV တွေက အမြှောက်စင်ကို မြင်တဲ့အခါ VIP ပစ်မှတ်တစ်ခုလိုပါပဲ” ဟု တာဝန်ရှိသူက ဆိုပါ တယ်။ယူကရိန်း၏ စစ်မှန်သော HIMARS စနစ်များကို လုံခြုံအောင် ထိန်းသိမ်းထားသည့်အပြင် အထပ်သားဖြင့် လှည့်စားမှုတွင် ရုရှားကျည်များကို ဖြုန်းတီးပစ်သည် အားသာချက်တစ်ခုလည်း ရှိနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားသည် မျှော်လင့်ထားသည်ထက် ပိုမိုကြာ ရှည်စွာ စစ်ပွဲတွင် နစ်မြုပ်နေပြီး တိကျသော ပဲ့ထိန်းဒုံးကျည်များ နည်းပါးနေကြောင်း အနောက်နိုင်ငံ လေ့လာ သုံးသပ် သူများထံမှ သိရပါတယ်။
Crd…Linko

Unicode









Crd