ယူကရိန်းသမ္မတကြီး ဇီလန်စကီးနှင့် တူရကီဒရုန်းကုမ္မဏီ CEO နဲ့တွေ့ပြီ…

News Social News World

တူရကီနိုင်ငံက Baykar အမှုဆောင်အရာရှိချုပ် ဟာလူခ်ဘေရက်တာနဲ့ကျွန်ုပ်တို့တွေ့ဆုံမှုရဲ့ နံပါတ်တစ်ခေါင်းစဉ်ကယူကရိန်းတပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရေးအတွက် နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်။ယူကရိန်းရှိ Baykar စက်ရုံတည်ဆောက်မှု အသေးစိတ်နဲ့ယူကရိန်းအစိတ်အပိုင်းတွေကို အသုံးပြုပြီးကုန်ပစ္စည်းအသစ်တွေ ထုတ်လုပ်ခြင်းဆိုင်ရာအသေးစိတ်အချက်တွေ ဆွေးနွေးခဲ့တယ်။

ယူကရိန်းတပ်မတော်ရဲ့အင်အား တိုးမြင့်လာအောင်ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆောင်ရွက်မှုနဲ့လူကြီးမင်းရဲ့ကူညီထောက်ပံ့မှု တွေအတွက်ကျေးဇူးတင်ရှိပါတယ်။အထက်ပါစကားကိုယူကရိန်းသမ္မကြီး ဇီလန်စကီးကတူရကီအခြေစိုက် Baykar မောင်းသူမဲ့ဒရုန်းထုတ်လုပ်ရေးကုမ္မဏီရဲ့ အမှုဆောင်အရာရှိချုပ်ဟာလူခ်ဘေရက်တာနဲ့ ယမန်နေ့တွေ့ဆုံအပြီး၊မိန့်ကြားသွားတာပါ။

ကိယက်ဗ်မြို့မှာတွေ့ဆုံစဉ်၊ CEO လူခ်ဘေရက်တာကို Order of Merit ဂုဏ်ထူးဆောင်ဆုကိုလဲချီးမြှင့်ပေးခဲ့ပါတယ်။ (ရုပ်သံတွဲ) ပုဂ္ဂိုလ်ကြီးနှစ်ဦးဟာ နောက်ထပ်ပူးပေါင်းဆောင်ရွက်ရေး၊ ယူကရိန်းမှာ Baykar စက်ရုံတည်ဆောက်ရေး အစရှိတဲ့အကြောင်းအရာတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းသမ္မတကြီးဇီလန်စကီးဟာ ရုရှားကျူးကျော်မှုကိုဆန့်ကျင်တဲ့စစ်ပွဲအပေါ် တူရကီရဲ့အားပေးထာက်ခံမှုအတွက် Bayraktar ကုမ္မဏီ တူရကီသမ္မတအာဒိုဂန် နဲ့တူရကီပြည်သူတွေကိုကျေးဇူးတင်ကြောင်းလဲ မိန့်ကြားခဲ့ပါတယ်။
Crd..𝐍𝐚𝐝𝐢 𝐊𝐡𝐢𝐧 𝐏𝐑.𝐒

Unicode





Crd..𝐍𝐚𝐝𝐢 𝐊𝐡𝐢𝐧 𝐏𝐑.𝐒

Crd