ယူကရိန္းနဲ႔႐ုရွားအပစ္ရပ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ဖို႔ အဆိုျပဳတင္ျပမယ္ဆိုတဲ့ တ႐ုတ္အစိုးရရဲ႕အေျပာအေပၚ သံသယရွိတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး က ေျပာ

ယူကရိန်းနဲ့ရုရှားအပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြော

“ယူကရိန္း ႐ုရွားလက္ရွိအေနအထားသည္ အပစ္ရပ္ၿပီး ၿငိမ္းခ်မ္းေရးစကားေျပာရမည့္အခ်ိန္မဟုတ္ဟု အေမရိကန္က ေျပာ”
၁၉/၂/၂၀၂၃

ယူကရိန္းနဲ႔႐ုရွားအပစ္ရပ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ဖို႔ အဆိုျပဳတင္ျပမယ္ဆိုတဲ့ တ႐ုတ္အစိုးရရဲ႕အေျပာအေပၚ သံသယရွိတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္ေထာ္နီ ဘလင္ကန္က ေျပာလိုက္ပါတယ္။

လက္ရွိအေနအထားမွာ အပစ္ရပ္ဖို႔ေျပာဆိုေနတာဟာ ႐ုရွားကိုအနားရဖို႔ ေနာက္ထပ္ ထိုးစစ္ေတြဆင္ႏြဲဖို႔ လက္နက္နဲ႔လူအင္အားျပန္လည္စုစည္းဖို႔ အခ်ိန္ေပးဖို႔ပဲ ျဖစ္မယ္လို႔ ဘလင္ကန္က ဆိုပါတယ္။

ေလာေလာဆယ္ စစ္ေျမျပင္မွာ ႐ုရွားေတြအေျခအေနမေကာင္းဘူးဆိုတာကို ပူတင္က သိေနသလို ႐ုရွားတပ္ေတြအတြက္ လိုအပ္ခ်က္ေတြျဖည့္ဆီးျပင္ဆင္ဖို႔အခ်ိန္လိုတယ္ဆိုတာကိုလည္း ပူတင္က ေကာင္းေကာင္းသေဘာေပါက္ေနတယ္လို႔ ဘလင္ကန္ကေျပာပါတယ္။

အပစ္ရပ္ၿပီးေဆြးေႏြးဖို႔ေျပာေနေပမဲ့ သိမ္းပိုက္ထားတဲ့ယူကရိန္းနယ္ေျမေတြနဲ႔ပတ္သက္လို႔ ဘယ္ေတာ့မွ ေဆြးေႏြးမွာမဟုတ္ဘူးဆိုတဲ့ ပူတင္ရဲ႕အေျပာကို အားလုံးမေမ့ဖို႔လိုတယ္လို႔လည္း ဘလင္ကန္က ဆိုပါတယ္။ သိမ္းပိုက္ခံနယ္ေျမေတြ ျပန္မရသေ႐ြ႕ ယူကရိန္းမွာ ေရရွည္ခိုင္ၿမဲမဲ့ ၿငိမ္းခ်မ္းေရးမရႏိုင္ဘူးလို႔လည္း ဘလင္ကန္က ေျပာပါတယ္။

ပူတင္ရဲ႕ရည္႐ြယ္ခ်က္ဟာ အပစ္ရပ္ၿပီး အင္အားစု လက္နက္စုၿပီး ေနာက္တႀကိမ္တိုက္ပြဲေတြ ဖန္တီးဖို႔ပဲ ျဖစ္တာမို႔ လက္ရွိအေနအထားမွာ အပစ္ရပ္ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးၾကဖို႔ ေျပာတာေတြဟာ လက္ခံႏိုင္စရာမရွိဘူးလို႔ ဘလင္ကန္က ေျပာသြားပါတယ္။

ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕မွာ က်င္းပေနတဲ့ ႏိုင္ငံတကာလုံၿခဳံေရးညီလာခံမွာ တ႐ုတ္ကိုယ္စားလွယ္ျဖစ္တဲ့ ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီႏိုင္ငံျခားေရးမူဝါဒအႀကံေပးနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဝမ္ယီက ႐ုရွားနဲ႔ယူကရိန္းႏွစ္ႏိုင္ငံ အပစ္ရပ္ၿပီး ေဆြးေႏြးအေျဖရွာႏိုင္မဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္တင္ျပဖို႔ အသင့္ရွိေနၿပီလို႔ေျပာဆိုခဲ့တဲ့အေပၚကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေဝဖန္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

႐ုရွားက်ဴးေက်ာ္စစ္မွာ ယူကရိန္းေတြပဲ အႏိုင္ရရွိမယ္ဆိုတာကို ရာႏႈံးျပည့္ယုံၾကည္လက္ခံထား သလို ယူကရိန္းကို ဆက္လက္ကူညီမယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္ေထာ္နီဘလင္ကန္က ေျပာသြားပါတယ္။

crd
By BNN 18 February 2023
#BurmaNewsNetwork

Unicode
ယူကရိန်းနဲ့ရုရှားအပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြော

“ယူကရိန်း ရုရှားလက်ရှိအနေအထားသည် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု အမေရိကန်က ပြော”
၁၉/၂/၂၀၂၃

ယူကရိန်းနဲ့ရုရှားအပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ပြောလိုက်ပါတယ်။

လက်ရှိအနေအထားမှာ အပစ်ရပ်ဖို့ပြောဆိုနေတာဟာ ရုရှားကိုအနားရဖို့ နောက်ထပ် ထိုးစစ်တွေဆင်နွဲဖို့ လက်နက်နဲ့လူအင်အားပြန်လည်စုစည်းဖို့ အချိန်ပေးဖို့ပဲ ဖြစ်မယ်လို့ ဘလင်ကန်က ဆိုပါတယ်။

လောလောဆယ် စစ်မြေပြင်မှာ ရုရှားတွေအခြေအနေမကောင်းဘူးဆိုတာကို ပူတင်က သိနေသလို ရုရှားတပ်တွေအတွက် လိုအပ်ချက်တွေဖြည့်ဆီးပြင်ဆင်ဖို့အချိန်လိုတယ်ဆိုတာကိုလည်း ပူတင်က ကောင်းကောင်းသဘောပေါက်နေတယ်လို့ ဘလင်ကန်ကပြောပါတယ်။

အပစ်ရပ်ပြီးဆွေးနွေးဖို့ပြောနေပေမဲ့ သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေနဲ့ပတ်သက်လို့ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ ပူတင်ရဲ့အပြောကို အားလုံးမမေ့ဖို့လိုတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။ သိမ်းပိုက်ခံနယ်မြေတွေ ပြန်မရသရွေ့ ယူကရိန်းမှာ ရေရှည်ခိုင်မြဲမဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။

ပူတင်ရဲ့ရည်ရွယ်ချက်ဟာ အပစ်ရပ်ပြီး အင်အားစု လက်နက်စုပြီး နောက်တကြိမ်တိုက်ပွဲတွေ ဖန်တီးဖို့ပဲ ဖြစ်တာမို့ လက်ရှိအနေအထားမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ပြောတာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘလင်ကန်က ပြောသွားပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ တရုတ်ကိုယ်စားလှယ်ဖြစ်တဲ့ ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံခြားရေးမူဝါဒအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယီက ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံ အပစ်ရပ်ပြီး ဆွေးနွေးအဖြေရှာနိုင်မဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တင်ပြဖို့ အသင့်ရှိနေပြီလို့ပြောဆိုခဲ့တဲ့အပေါ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်မှာ ယူကရိန်းတွေပဲ အနိုင်ရရှိမယ်ဆိုတာကို ရာနှုံးပြည့်ယုံကြည်လက်ခံထား သလို ယူကရိန်းကို ဆက်လက်ကူညီမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောသွားပါတယ်။

crd
By BNN 18 February 2023
#BurmaNewsNetwork

Crd