
ယူကရိန်းက ခရစ္စမတ်မှာ အပစ်ရပ်ချင်ပေမဲ့ ပူတင်ကတော့ နိုးပါတဲ့ အဆုံးထိချမှာ လာမတားနဲ့လို့ စိန်ခေါ်တဲ့ပုံစံ ပြောနေပြီ (အမေရိကန်ကိုလဲ မြန်​မြန်လက်ရှောင်ဖို့ သတိပေးနေပြီ)

ယူကရိန်းက ခရစ္စမတ်မှာ အပစ်ရပ်ချင်ပေမဲ့ ပူတင်ကတော့ နိုးပါတဲ့၊ စစ်ပွဲဆိုတာ အနားယူတာမရှိဘူး အဆုံးထိချမှာ လာမတားနဲ့လို့ စိန်ခေါ်တဲ့ပုံစံ ပြောနေပြီ အမေရိကန်ကိုလဲ မြန်​မြန်လက်ရှောင်ဖို့ သတိပေးနေပြီ

ခရစ္စမတ်မှာ အပစ်အခတ်ရပ်စဲတာမျိုး ရှိလာမှာမဟုတ်ဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယူကရိန်းအစိုးရဘက်ကနေပြီး ခရစ္စမတ်ကာလအတွင်းမှာ တပ်တွေကို ပြန်ရုပ်ပေးဖို့ အပစ်အခတ်ခဏတာ ရပ်စဲဖို့ မော်စကို ကိုအကြောင်းကြားခဲ့ပေမဲ့ ရုရှားဘက်ကတော့ ငြင်းပယ်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ပွဲကို ရပ်တန့်ဖို့အတွက် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှုတွေ မရှိသေးဘူးလို့လဲ သိရပါတယ်။ လက်ရှိမှာတော့ ရုရှားဟာ ဒရုန်းတွေနဲ့ ကိဗ်ကို တိုက်ခိုက်နေပြီး လူနေအဆောက်အအုံတွေကို ထိမှန်လျှက်ရှိပါတယ်။ မနေ့ကတော့ ယူကရိန်းလေကြောင်းကာကွယ်ရေးကနေပြီးတော့ ရုရှားဒရုန်းတွေကို ပစ်ချထားခဲ့ပါသေးတယ်။

” ဒီစစ်ပွဲမြန်မြန်ပြီးသွားမှပဲအေးမယ်….ပူတင်ဆိုတဲ့စောက်ရူး ကို မြန်မြန်သေစေချင်နေပြီ ” လို့ တိုက်ခိုက်ဖို့အသင့်ဖြစ်နေတဲ့ ယူကရိန်းစစ်သားတစ်ဦးက ဒေါသတကြီးပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ သေဆုံးဒဏ်ရာရပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။

” ရှေ့တန်းစစ်မျက်နှာပြင်မှာတော့ အေးချမ်းတယ်ဆိုတာ ရှိမနေပါဘူး ” လို့ ယူကရိန်း သမ္မတဇီလင်းစကီးက ပြောထားပါသေးတယ်။ ဇီလင်းစကီးအနေနဲ့ အစောပိုင်းကာလတွေတုံးကတော့ ခရစ္စမတ်မှာ အပစ်အခတ်ရပ်ဖို့ မျှော်လင့်တာမျိုးရှိခဲ့ပြီး အခုအချိန်မှာတော့ အဆုံးထိဆက်လက်တိုက်ခိုက်မယ် လို့သာ ဆိုထားပါတယ်။

အမေရိကန်က Patriot ဒုံးကျည်စနစ်ကို ယူကရိန်းအား ထောက်ပံ့ပေးခဲ့တာကိုလဲ ရုရှားက ဒေါသထွက်လျှက်ရှိနေပါတယ်။ ” ဆိုဗီယက်ခေတ်အလွန်မှာ အမေရိကန်ရဲ့ နေရာပါဝင်မှုနှုန်းကတော့ လက်မခံနိုင်စရာပါပဲ၊ သူတို့ဟာ တဖြည်းဖြည်းနဲ့ ဒီပဋိပက္ခရဲ့ နေရာ အတော်နက်နက်ရှိုင်းရှိုင်းထိ လိုက်ရှုပ်နေတာ ” လို့ ရုရှားးစစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးကလဲ ပြောပါတယ်။
crd
ThetHtet

Unicode






crd
ThetHtet

Crd