■ယုံတမ်းစကားတွေ၊ထင်ကြေးပေးတာမျိုးတွေများစွာရှိနေသော apple တံဆိပ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ယုံတမ်းစကားတွေ၊ထင်ကြေးပေးတာမျိုးတွေများစွာရှိနေသော apple တံဆိပ်

စမတ်ဖုန်းလောကမှာလွှမ်းမိုးမှုကောင်းတဲ့ဒီတံဆိပ်ရဲ့နောက်ခံအကြောင်းနဲ့ပတ်သတ်ပြီးတော့ယုံတမ်းစကားတွေ၊ထင်ကြေးပေးတာမျိုးတွေများစွာရှိပါတယ်။ဒီကိုက်လက်စပန်းသီးလေးကအင်္ဂလိပ်လူမျိုးအယ်လန်တူးရင်းကိုကိုယ်စားပြုတယ်ဆိုတဲ့ကောလဟာလတွေလည်းရှိနေတာပါ။အယ်လန်တူးရင်းကကွန်ပျူတာသိပ္ပံပညာတိုးတက်အောင်အများကြီးစွမ်းဆောင်နိုင်ခဲ့ပြီးကွန်ပျူတာခေတ်အတွက်လမ်းလမ်းကြောင်းပေးနိုင်ခဲ့တာပါ။

သူကအဆိပ်ပါတဲ့ပန်းသီးကိုစားပြီးနောက်သေဆုံးသွားခဲ့တာလို့အဆိုတွေလည်းရှိနေပါတယ်။ဒီစားလက်စပန်းသီးကိုတော့သူရဲ့အိပ်ယာဘေးမှာတွေ့ခဲ့တာလို့ဆိုပါတယ်။ဒီတော့ဒီappleတံဆိပ်နဲ့ပတ်သက်တဲ့ကောလဟာလကမှန်နိုင်မလို့တော့ထင်ရတာပါ။ဒါပေမယ့်မဟုတ်ပါဘူး။ဒီတံဆိပ်ကိုရေးဆွဲခဲ့တဲ့ပညာရှင်ကတူးရင်းနဲ့ပတ်သတ်ပြီးဆွဲထားစရာအကြောင်းမရှိပါဘူးပြောပြီးငြင်းခဲ့တာပါ။

နောက်ထပ်ယုံတမ်းပုံပြင်တစ်ခုကတော့ပန်းသီးဆိုတာအသိပညာရဲ့သင်ေ္ကတဖြစ်ပြီးကျမ်းစာလာအာဒန်နဲ့ဧဝတို့နဲ့ဆက်စပ်နေတယ်လို့ထင်ကြတာပါ။တတိယထင်မြင်ချက်ကတော့ပန်းသီးကကမ္ဘာ့မြေဆွဲအားသီအိုရီကိုထုတ်ဖော်နိုင်ခဲ့တဲ့နယူတန်နဲ့ဆက်နွယ်နေတယ်လို့ဆိုကြတာပါ။ဒီထင်မြင်ချက်တွေကစိတ်ဝင်စားစရာကောင်းတာတော့မှန်ပေမယ့်တကယ့်အဖြစ်မှန်ကတော့ဒါတွေထက်အများကြီးရိုးရှင်းပါတယ်။

appleကုမ္ပဏ္ဏီကို၁၉၇၆မှာတည်ထောင်ခဲ့ပြီးလိုဂိုဆွဲဖို့အတွက်စတိဗ်ဂျော့ဆီကဘာညွှန်ကြားချက်မှမရခဲ့ပါဘူးတဲ့။ဒါကြောင့်ဒီဇိုင်းပညာရှင်ကလည်းရိုးရိုးရှင်းရှင်းပဲလုပ်ဖို့ကြိုးစားပြီးပန်းသီးပုံဆွဲလိုက်တာပါ။တကယ်တော့အဲ့ဒီမှာပါတဲ့ကိုက်ရာလေးကလည်းလူတွေထင်သလိုမဟုတ်ပါဘူး။လိုဂိုထွက်လာတဲ့အချိန်မှာပန်းသီးနဲ့တူပေမယ့်ချယ်ရီသီးတို့၊ခရမ်းချဉ်သီးတို့နဲ့သွားဆင်နေတာကြောင့်ဒါကိုပြင်ဆင်ဖို့အတွက်ကိုက်ရာလေးထည့်လိုက်တာလို့ပြောပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ယုံတမ္းစကားေတြ၊ထင္ေၾကးေပးတာမ်ိဳးေတြမ်ားစြာရွိေနေသာ apple တံဆိပ္

စမတ္ဖုန္းေလာကမွာလႊမ္းမိုးမႈေကာင္းတဲ့ဒီတံဆိပ္ရဲ့ေနာက္ခံအေၾကာင္းနဲ႔ပတ္သတ္ၿပီးေတာ့ယုံတမ္းစကားေတြ၊ထင္ေၾကးေပးတာမ်ိဳးေတြမ်ားစြာရွိပါတယ္။ဒီကိုက္လက္စပန္းသီးေလးကအဂၤလိပ္လူမ်ိဳးအယ္လန္တူးရင္းကိုကိုယ္စားျပဳတယ္ဆိုတဲ့ေကာလဟာလေတြလည္းရွိေနတာပါ။အယ္လန္တူးရင္းကကြန္ပ်ဴတာသိပၸံပညာတိုးတက္ေအာင္အမ်ားႀကီးစြမ္းေဆာင္နိုင္ခဲ့ၿပီးကြန္ပ်ဴတာေခတ္အတြက္လမ္းလမ္းေၾကာင္းေပးနိုင္ခဲ့တာပါ။

သူကအဆိပ္ပါတဲ့ပန္းသီးကိုစားၿပီးေနာက္ေသဆုံးသြားခဲ့တာလို႔အဆိုေတြလည္းရွိေနပါတယ္။ဒီစားလက္စပန္းသီးကိုေတာ့သူရဲ့အိပ္ယာေဘးမွာေတြ႕ခဲ့တာလို႔ဆိုပါတယ္။ဒီေတာ့ဒီappleတံဆိပ္နဲ႔ပတ္သက္တဲ့ေကာလဟာလကမွန္နိုင္မလို႔ေတာ့ထင္ရတာပါ။ဒါေပမယ့္မဟုတ္ပါဘူး။ဒီတံဆိပ္ကိုေရးဆြဲခဲ့တဲ့ပညာရွင္ကတူးရင္းနဲ႔ပတ္သတ္ၿပီးဆြဲထားစရာအေၾကာင္းမရွိပါဘူးေျပာၿပီးျငင္းခဲ့တာပါ။

ေနာက္ထပ္ယုံတမ္းပုံျပင္တစ္ခုကေတာ့ပန္းသီးဆိုတာအသိပညာရဲ့သင္ေၠတျဖစ္ၿပီးက်မ္းစာလာအာဒန္နဲ႔ဧဝတို႔နဲ႔ဆက္စပ္ေနတယ္လို႔ထင္ၾကတာပါ။တတိယထင္ျမင္ခ်က္ကေတာ့ပန္းသီးကကမၻာ့ေျမဆြဲအားသီအိုရီကိုထုတ္ေဖာ္နိုင္ခဲ့တဲ့နယူတန္နဲ႔ဆက္ႏြယ္ေနတယ္လို႔ဆိုၾကတာပါ။ဒီထင္ျမင္ခ်က္ေတြကစိတ္ဝင္စားစရာေကာင္းတာေတာ့မွန္ေပမယ့္တကယ့္အျဖစ္မွန္ကေတာ့ဒါေတြထက္အမ်ားႀကီးရိုးရွင္းပါတယ္။

appleကုမၸဏၰီကို၁၉၇၆မွာတည္ေထာင္ခဲ့ၿပီးလိုဂိုဆြဲဖို႔အတြက္စတိဗ္ေဂ်ာ့ဆီကဘာညႊန္ၾကားခ်က္မွမရခဲ့ပါဘူးတဲ့။ဒါေၾကာင့္ဒီဇိုင္းပညာရွင္ကလည္းရိုးရိုးရွင္းရွင္းပဲလုပ္ဖို႔ႀကိဳးစားၿပီးပန္းသီးပုံဆြဲလိုက္တာပါ။တကယ္ေတာ့အဲ့ဒီမွာပါတဲ့ကိုက္ရာေလးကလည္းလူေတြထင္သလိုမဟုတ္ပါဘူး။လိုဂိုထြက္လာတဲ့အခ်ိန္မွာပန္းသီးနဲ႔တူေပမယ့္ခ်ယ္ရီသီးတို႔၊ခရမ္းခ်ဥ္သီးတို႔နဲ႔သြားဆင္ေနတာေၾကာင့္ဒါကိုျပင္ဆင္ဖို႔အတြက္ကိုက္ရာေလးထည့္လိုက္တာလို႔ေျပာပါတယ္။
Ref:youtube
Trans:thegeektext