ယာဥ်မတော်တဆဖြစ်ပြီး ခြေထောက်အောက်ပိုင်းတွေကို ဆုံးရှုံးလိုက်ရချိန်တွင် ၈နှစ်ကြာတွဲလာတဲ့ကောင်မလေးက အခြားကောင်လေးတစ်ယောက်နဲ့ ပတ်သတ်လာခဲ့တာကြောင့် ရင်နာစွာဖြင့် လမ်းခွဲလိုက်ရသည့် လူငယ်လေး

မည်မျှပင် တစ်ဦးနှင့်တစ်ဦးချစ်ကြိုက်နေခဲ့သည်ဆိုပါစေ ဒုက္ခတစ်ခုကြုံတွေလာရချိန်မှာသာ အချစ်စစ်ဟုတ်မဟုတ်ဆိုသည့်အဖြေကို ရှင်းလင်းစွာမြင်တွေ့နိုင်ရမှာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှ လူငယ်လေးတစ်ဦးဟာလည်း ကျောင်းသားဘဝတည်းက တွဲလာခဲ့သော ချစ်သူကောင်မလေးနှင့် ချစ်သူသက်တမ်း၈နှစ်ကြာလာပြီဖြစ်တာကြောင့် ဘဝအတွက် စစ်မှန်တဲ့ချစ်သူဟု ယူဆထားခဲ့ပါတယ်။

သို့သော် ယာဥ်တိုင်မှုကြောင့် ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရချိန်တွင် အစပိုင်း၌ ကောင်မလေးဟာ အမြဲတမ်းဂရုစိုက်ပြီး လာရောက်တွေ့ဆုံလေ့ရှိသော်လည်း ကြာလာသောအခါ လာရောက်တွေ့ဆုံခြင်းမရှိတော့ဘဲ စိတ်ကူးပေါက်မှလာတွေ့တော့တာဖြစ်ပါတယ်။

ထို့အပြင် ကောင်မလေးဟာအခြားကောင်လေးတစ်ဦးနှင့် တွေ့ဆုံနေသည့်အကြောင်းကို ကြားသိလိုက်ရချိန်၌ လမ်းခွဲပေးရန်ဖြစ်လာခဲ့သည်ဟု သိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd