ယာဉ်စည်းကမ်းလိုက်မနာမှုကြောင့် ဒဏ်ခတ်ခံခဲ့ရပေမဲ့ လှပတဲ့ရဲမေကြောင့် ပျော်ပျော်ကြီး ရဲစခန်းလိုက်သွားချင်နေခဲ့တဲ့ အမျိုးသားတစ်ဦး

ယာဉ်စည်းကမ်းလိုက်မနာမှုကြောင့် ဒဏ်ခတ်ခံခဲ့ရပေမဲ့ လှပတဲ့ရဲမေကြောင့် ပျော်ပျော်ကြီး ရဲစခန်းလိုက်သွားချင်နေခဲ့တဲ့ အမျိုးသားတစ်ဦး

ထိုင်ဝမ်ရှိ အသက် 32 နှစ်အရွယ် Zhong Xinjuan အမည်ရှိရဲအရာရှိအမျိုးသမီးတစ်ဦးဟာ ထိုင်ဝမ်အမျိုးသားတစ်ဦးအား ယာဉ်စည်းကမ်းဥပဒေဖောက်ဖျက်မှုကြောင့် ထိုအမျိုးသားရဲ့ကားအား ဝင်တားပြီး ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ထိုထိုင်ဝမ်အမျိုးသားတစ်ဦး က သူ့ရဲ့ဥပဒေဖောက်ဖျက်မှုကြောင့် သူ ဒဏ်ငွေရိုက်ခံရနိုင်ခြေရှိနိုင်သလို သူ့အား ဖမ်းဆီးခေါ်ဆောင်သွားနိုင်ပေမဲ့ ထိုချောမောလှပတဲ့ရဲအရာရှိအမျိုးသမီးတစ်ဦးရဲ့အသွင်အပြင်ကြောင့် သူ အဖမ်းခံရနိုင်တဲ့အကြောင်းကိုတောင် စိတ်မဝင်စားနေခဲ့ပါဘူး။

ထို့ပြင် သူဟာ နောက်ပိုင်းမှာ အဆိုပါ လှပတဲ့ရဲမေမလေးရဲ့ ဓာတ်ပုံများကိုပါ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ဝေမျှပေးခဲ့ပါသေးတယ်။Zhong Xinjuan ရဲ့ နူးညံ့သိမ်မွေ့တဲ့အသွင်အပြင်နဲ့ ချစ်စရာကောင်းတဲ့အပြုံးတွေကြောင့် သူမရဲ့ဓာတ်ပုံဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

Zhong Xinjuan ဟာ ထိုင်ဝမ်ရှိ Kaohsiung မြို့ရဲဌာန Yuya ဌာနခွဲမှ ရဲအရာရှိတစ်ဦးဖြစ်ပါတယ်။ သူမဟာ ထိုင်ဝမ်ရဲကောလိပ်မှ ဘွဲ့ရရှိပြီး Kaohsiung မြို့မှာ မွေးဖွားခဲ့တာပါ။Zhong ဟာ ရဲအရာရှိတစ်ဦးဖြစ်ရန် စိန်ခေါ်မှုအသစ်တစ်ခုအဖြစ်ထင်မြင်ခဲ့ပြီး ၎င်းကို သူမရဲ့အသက်မွေးဝမ်းကြောင်းအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။

Zhong ဟာ လိုအပ်နေတဲ့သူများကို ကူညီလိုပြီး ရဲအရာရှိတစ်ဦးဖြစ်ခြင်းဖြင့် ကမ္ဘာကြီးကို တစ်ထောင့်တစ်နေရာကနေ အနည်းငယ်ပိုကောင်းလာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားသူလည်းဖြစ်ပြီး၊ ရဲဌာနရဲ့သတင်းစာစောင်မှ ရေးသားချက်များအရ ဇန်နဝါရီလမှာ ၎င်းရဲဌာနက Zhong Xinjuan အား နှစ်စဉ်ပြက္ခဒိန်အတွက် မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။

Zhong ဟာ အိမ်တွင်းအကြမ်းဖက်မှုရဲ့သားကောင်ဖြစ်ရတဲ့ ကလေးများနှင့် အိမ်ထောင်ဖက်များကြား အိမ်ထောင်ရေးအငြင်းပွားမှု ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။သူမရဲ့အပြုံးချိုချိုလေးကြောင့် Zhong Xinjuan ဟာ လတ်တလောမှာ ထိုင်ဝမ်အမျိုးသားထုများရဲ့အာရုံစိုက်ခြင်းကိုခံနေရသလို သူမထံ လက်ပူးလက်ကြပ်ဖြင့် အဖမ်းခံချင်နေကြတဲ့အမျိုးသားအချို့လည်း ရှိနေခဲ့ပါတယ်။

Zawgyi

ယာဥ္စည္းကမ္းလိုက္မနာမႈေၾကာင့္ ဒဏ္ခတ္ခံခဲ့ရေပမဲ့ လွပတဲ့ရဲေမေၾကာင့္ ေပ်ာ္ေပ်ာ္ႀကီး ရဲစခန္းလိုက္သြားခ်င္ေနခဲ့တဲ့ အမ်ိဳးသားတစ္ဦး


ထိုင္ဝမ္ရွိ အသက္ 32 ႏွစ္အ႐ြယ္ Zhong Xinjuan အမည္ရွိရဲအရာရွိအမ်ိဳးသမီးတစ္ဦးဟာ ထိုင္ဝမ္အမ်ိဳးသားတစ္ဦးအား ယာဥ္စည္းကမ္းဥပေဒေဖာက္ဖ်က္မႈေၾကာင့္ ထိုအမ်ိဳးသားရဲ႕ကားအား ဝင္တားၿပီး ဖမ္းဆီးစစ္ေဆးခဲ့ပါတယ္။ ဒါေပမဲ့ ထိုထိုင္ဝမ္အမ်ိဳးသားတစ္ဦး က သူ႔ရဲ႕ဥပေဒေဖာက္ဖ်က္မႈေၾကာင့္ သူ ဒဏ္ေငြ႐ိုက္ခံရႏိုင္ေျခရွိႏိုင္သလို သူ႔အား ဖမ္းဆီးေခၚေဆာင္သြားႏိုင္ေပမဲ့ ထိုေခ်ာေမာလွပတဲ့ရဲအရာရွိအမ်ိဳးသမီးတစ္ဦးရဲ႕အသြင္အျပင္ေၾကာင့္ သူ အဖမ္းခံရႏိုင္တဲ့အေၾကာင္းကိုေတာင္ စိတ္မဝင္စားေနခဲ့ပါဘူး။

ထို႔ျပင္ သူဟာ ေနာက္ပိုင္းမွာ အဆိုပါ လွပတဲ့ရဲေမမေလးရဲ႕ ဓာတ္ပုံမ်ားကိုပါ လူမႈကြန္ရက္ေပၚမွာ ျပန္လည္ေဝမွ်ေပးခဲ့ပါေသးတယ္။Zhong Xinjuan ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့အသြင္အျပင္နဲ႔ ခ်စ္စရာေကာင္းတဲ့အၿပဳံးေတြေၾကာင့္ သူမရဲ႕ဓာတ္ပုံဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

Zhong Xinjuan ဟာ ထိုင္ဝမ္ရွိ Kaohsiung ၿမိဳ႕ရဲဌာန Yuya ဌာနခြဲမွ ရဲအရာရွိတစ္ဦးျဖစ္ပါတယ္။ သူမဟာ ထိုင္ဝမ္ရဲေကာလိပ္မွ ဘြဲ႕ရရွိၿပီး Kaohsiung ၿမိဳ႕မွာ ေမြးဖြားခဲ့တာပါ။Zhong ဟာ ရဲအရာရွိတစ္ဦးျဖစ္ရန္ စိန္ေခၚမႈအသစ္တစ္ခုအျဖစ္ထင္ျမင္ခဲ့ၿပီး ၎ကို သူမရဲ႕အသက္ေမြးဝမ္းေၾကာင္းအျဖစ္ သတ္မွတ္ရန္ ဆုံးျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။

Zhong ဟာ လိုအပ္ေနတဲ့သူမ်ားကို ကူညီလိုၿပီး ရဲအရာရွိတစ္ဦးျဖစ္ျခင္းျဖင့္ ကမာၻႀကီးကို တစ္ေထာင့္တစ္ေနရာကေန အနည္းငယ္ပိုေကာင္းလာေအာင္ ကူညီေပးႏိုင္မယ္လို႔ ယုံၾကည္ထားသူလည္းျဖစ္ၿပီး၊ ရဲဌာနရဲ႕သတင္းစာေစာင္မွ ေရးသားခ်က္မ်ားအရ ဇန္နဝါရီလမွာ ၎ရဲဌာနက Zhong Xinjuan အား ႏွစ္စဥ္ျပကၡဒိန္အတြက္ ေမာ္ဒယ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါေသးတယ္။

Zhong ဟာ အိမ္တြင္းအၾကမ္းဖက္မႈရဲ႕သားေကာင္ျဖစ္ရတဲ့ ကေလးမ်ားႏွင့္ အိမ္ေထာင္ဖက္မ်ားၾကား အိမ္ေထာင္ေရးအျငင္းပြားမႈ ကိစၥရပ္မ်ားကို တာဝန္ယူေဆာင္႐ြက္ေနသူလည္း ျဖစ္ပါတယ္။သူမရဲ႕အၿပဳံးခ်ိဳခ်ိဳေလးေၾကာင့္ Zhong Xinjuan ဟာ လတ္တေလာမွာ ထိုင္ဝမ္အမ်ိဳးသားထုမ်ားရဲ႕အာ႐ုံစိုက္ျခင္းကိုခံေနရသလို သူမထံ လက္ပူးလက္ၾကပ္ျဖင့္ အဖမ္းခံခ်င္ေနၾကတဲ့အမ်ိဳးသားအခ်ိဳ႕လည္း ရွိေနခဲ့ပါတယ္။

Crd