ယခုအခ်ိန္မွာ လုံးဝ ေပ်ာက္ကြယ္လုနီးပါ ျဖစ္သြားၿပီ ျဖစ္တဲ့ တခ်ိန္က စာအုပ္နဲ႔ တိတ္ေခြ အငွားဆိုင္မ်ား အေၾကာင္း

ယခုအခ်ိန္မွာ လုံးဝ ေပ်ာက္ကြယ္လုနီးပါ ျဖစ္သြားၿပီ ျဖစ္တဲ့ တခ်ိန္က စာအုပ္နဲ႔ တိတ္ေခြ အငွားဆိုင္မ်ား အေၾကာင္း

အငွားဆိုင္၊ ေခြငွားဆိုင္ပုံေလးၾကည့္ၿပီး မန္းေလးရဲ႕ အရင္က စာအုပ္အငွားဆိုင္ တိတ္ေခြဆိုင္ေလးေတြ လြမ္းလို႔ ကိုယ္ငွားဖူးတဲ့ စာအုပ္အငွားဆိုင္ ေခြဆိုင္အမည္ေလးေတြ ခ်ေရးၾကည့္ဦးမယ္။

ပထမဦးဆုံးကေလးဘဝ စငွားဖူးတာ မန္းေလးေဟမာဇလရပ္ လမိုင္းဝင္းထိပ္က ေလးေလးဆရာဦးဆူးငွက္ ရဲ႕ ေအာင္ရတနာစာေပ ပဲ။ မေမ့ႏိုင္ဆုံးဆိုင္ေလး။ ကိုယ္ေတြေမာင္ႏွမ ေပြလီခတ္သမွ်ခံတဲ့ဆိုင္ေလး ။ တထိုင္ထဲ ထိုင္ဖတ္ၾကေသးတာ ကာတြန္းေတြကို။

တိတ္ေခြေတာ့ အဲ့ လမိုင္းဝင္းေတာင္ဘက္တန္းက ေ႐ႊလဝန္းက ငွားနားေထာင္တာ။ ေဈးသြားရင္ အရင္ ၇၉လမ္း တ႐ုတ္တန္းေဈးထဲ စာအုပ္ဆိုင္မွာငွားတာ ။ တက္ေနဝင္းတဲ့ အိမ္က လုပ္ငန္းနာမည္နဲ႔ တူလို႔မွတ္မိေနတာ ။ ေျမျပန႔္ၿမိဳင္ၾကားထဲမွာအဲ့ဆိုင္က။

ေနာက္ ေႏြရာသီ အေဒၚအိမ္ေနရင္ ေျမာက္ျပင္ ၁၁လမ္း ႀကံခင္းက ဥႆာ စာေပ၊ သူကစာအုပ္ေကာ တိတ္ေခြေကာ ရတယ္။ ျပည္လုံးခ်မ္းသာရပ္ ၁၄ လမ္းအိမ္ မီးမေလာင္ခင္ေရာက္ ေတာ့ ၅၃ကြက္ ျမနႏၵာလမ္းၾကားထဲက ကိုတင္ဦးရဲ႕သစ္လြင္စာေပေပါ့။

သူက စာအုပ္ေဟာင္းအေတာ္စုံၿပီး စာအုပ္နဲ႔ပတ္သက္ရင္ေခါက္မွတ္လို႔ေတာင္ မရတဲ့သူမ်ိဳး စာသမားစစ္စစ္။ မီးေလာင္ၿပီး အိမ္ေဆာက္ျပန္ေနေတာ့ ၉၄၊ ၅ေလာက္က် ေမာင္းေထာင္ဝင္း က ခ်စ္ကမာၻစာေပ ။ ဘဘက ေက်ာင္းဆရာအၿငိမ္းစားႀကီး စာအုပ္ငွားရင္ ကိုယ္စာဖတ္တာသိေတာ့ ေရာ့ဒါဖတ္ဆို ၿပီးေပးတတ္သူ ။ ဘဘေၾကာင့္အေရွ႕ကေနဝန္းထြက္သည့္ပမာ၊ စစ္နဲ႔ၿငိမ္းခ်မ္းေရးဘာညာေတြ ဖတ္ဖူးခဲ့တာ။

ေနာက္ေက်ာင္းတက္ေတာ့ ေဟမာဇလ ျပန္ေနေတာ့ ငပယင္းဝင္းၾကားထဲက ကိုလြင္ရဲ႕ ၿငိမ္းခ်မ္းနယ္ေျမစာေပ ။ ဦးတိက်ႀကီး ငွားခ ရက္ျပည့္ယူတတ္လို႔ ခဏခဏ ေဈးေလ်ာ့ခိုင္းရတာ။

ေနာက္ ေဟာ္ကုန္း ေျမနီက်င္းဘက္က တ႐ုတ္ႀကီးမွာလည္း ငွားတယ္။ သူက သိပ္မစုံဘူးရယ္။ ဘာရယ္မဟုတ္ပါဘူး။ စာအုပ္တိတ္ေခြဆိုင္ေလးေတြ လြမ္းလြန္းလို႔ပါ။ လြမ္းေတာ္မူလို႔စာကိုစီရပါေၾကာင္း။ (ညီေထြး အင္းဝ) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Unicode
ယခုအချိန်မှာ လုံးဝ ပျောက်ကွယ်လုနီးပါ ဖြစ်သွားပြီ ဖြစ်တဲ့ တချိန်က စာအုပ်နဲ့ တိတ်ခွေ အငှားဆိုင်များ အကြောင်း

အငှားဆိုင်၊ ခွေငှားဆိုင်ပုံလေးကြည့်ပြီး မန်းလေးရဲ့ အရင်က စာအုပ်အငှားဆိုင် တိတ်ခွေဆိုင်လေးတွေ လွမ်းလို့ ကိုယ်ငှားဖူးတဲ့ စာအုပ်အငှားဆိုင် ခွေဆိုင်အမည်လေးတွေ ချရေးကြည့်ဦးမယ်။

ပထမဦးဆုံးကလေးဘဝ စငှားဖူးတာ မန်းလေးဟေမာဇလရပ် လမိုင်းဝင်းထိပ်က လေးလေးဆရာဦးဆူးငှက် ရဲ့ အောင်ရတနာစာပေ ပဲ။ မမေ့နိုင်ဆုံးဆိုင်လေး။ ကိုယ်တွေမောင်နှမ ပွေလီခတ်သမျှခံတဲ့ဆိုင်လေး ။ တထိုင်ထဲ ထိုင်ဖတ်ကြသေးတာ ကာတွန်းတွေကို။

တိတ်ခွေတော့ အဲ့ လမိုင်းဝင်းတောင်ဘက်တန်းက ရွှေလဝန်းက ငှားနားထောင်တာ။ ဈေးသွားရင် အရင် ၇၉လမ်း တရုတ်တန်းဈေးထဲ စာအုပ်ဆိုင်မှာငှားတာ ။ တက်နေဝင်းတဲ့ အိမ်က လုပ်ငန်းနာမည်နဲ့ တူလို့မှတ်မိနေတာ ။ မြေပြန့်မြိုင်ကြားထဲမှာအဲ့ဆိုင်က။

နောက် နွေရာသီ အဒေါ်အိမ်နေရင် မြောက်ပြင် ၁၁လမ်း ကြံခင်းက ဥဿာ စာပေ၊ သူကစာအုပ်ကော တိတ်ခွေကော ရတယ်။ ပြည်လုံးချမ်းသာရပ် ၁၄ လမ်းအိမ် မီးမလောင်ခင်ရောက် တော့ ၅၃ကွက် မြနန္ဒာလမ်းကြားထဲက ကိုတင်ဦးရဲ့သစ်လွင်စာပေပေါ့။

သူက စာအုပ်ဟောင်းအတော်စုံပြီး စာအုပ်နဲ့ပတ်သက်ရင်ခေါက်မှတ်လို့တောင် မရတဲ့သူမျိုး စာသမားစစ်စစ်။ မီးလောင်ပြီး အိမ်ဆောက်ပြန်နေတော့ ၉၄၊ ၅လောက်ကျ မောင်းထောင်ဝင်း က ချစ်ကမ္ဘာစာပေ ။ ဘဘက ကျောင်းဆရာအငြိမ်းစားကြီး စာအုပ်ငှားရင် ကိုယ်စာဖတ်တာသိတော့ ရော့ဒါဖတ်ဆို ပြီးပေးတတ်သူ ။ ဘဘကြောင့်အရှေ့ကနေဝန်းထွက်သည့်ပမာ၊ စစ်နဲ့ငြိမ်းချမ်းရေးဘာညာတွေ ဖတ်ဖူးခဲ့တာ။

နောက်ကျောင်းတက်တော့ ဟေမာဇလ ပြန်နေတော့ ငပယင်းဝင်းကြားထဲက ကိုလွင်ရဲ့ ငြိမ်းချမ်းနယ်မြေစာပေ ။ ဦးတိကျကြီး ငှားခ ရက်ပြည့်ယူတတ်လို့ ခဏခဏ ဈေးလျော့ခိုင်းရတာ။

နောက် ဟော်ကုန်း မြေနီကျင်းဘက်က တရုတ်ကြီးမှာလည်း ငှားတယ်။ သူက သိပ်မစုံဘူးရယ်။ ဘာရယ်မဟုတ်ပါဘူး။ စာအုပ်တိတ်ခွေဆိုင်လေးတွေ လွမ်းလွန်းလို့ပါ။ လွမ်းတော်မူလို့စာကိုစီရပါကြောင်း။ (ညီထွေး အင်းဝ) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Crd