■ မှော်ပညာတွေပါရှိသည်ဆိုသော နတ်သမီးခြုံထည် ( The Fairy Flag of Dunvegan)

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ မှော်ပညာတွေပါရှိသည်ဆိုသော နတ်သမီးခြုံထည် ( The Fairy Flag of Dunvegan)

စကော့တလန်မှာ မစ်ကလောက်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိပါတယ်။သူတို့ဆီမှာ အလံ ဒါမှမဟုတ် ခြုံထည်လိုမျိုးအရာ ရှိတယ်လို့ ဆိုကြပါတယ်။

အဲ့တာကတော့ မှော်အတတ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ပြောဆိုမှု့တွေအရ အဲ့မိသားစုရဲ့ ရှေးဘိုးဘေးတစ်‌ေယာက်ဟာ နတ်သူငယ်မင်းသမီးလေးတစ်ပါးနဲ့ ချစ်ကျွမ်းဝင်ခဲ့ကာ နတ်သမီးလေးဟာလည်း လူသားသေမျိုးတစ်ယောက်နဲ့လက်ထပ်မှာကို တားမြစ် ခံခဲ့ရပါတယ်။ဒါပေမဲ့ သူမအဖေဟာ သနားပြီး သူတို့ကို တစ်နှစ်တော့ အတူရှိစေခဲ့ပါတယ်။

အဲ့နှစ်မှာပဲ ကလေးတစ်ယောက်မွေးဖွားခဲ့ပြီး သူမဟာလည်း ကလေးကို ဘယ်တော့မှမငိုစေဖို့ သူမအဖေကို တောင်းဆိုခဲ့ပါတယ် ။ဘာဖြစ်လို့လဲဆိုရင်ကလေးငိုရင် သူမဘယ်နေရာကမဆို ကြားနိုင်လို့ပါ။

ဒါပေမဲ့ ကလေးကငိုကြွေးခဲ့ပြီးတော့ အမေဖြစ်သူကလည်း ကလေးအဆင်ပြေပြေနေနိုင်ဖို့အတွက် စောင်ကလေးကို လာရောက်ပေးခဲ့ပါတယ်။ဒီစောင်ဟာ အလံအနေနဲ့ မစ်ကလောက်အဖွဲ့မှာ ဖြစ်လာခဲ့ပြီးတော့ မှော်ပညာတွေပါရှိကာ ကာကွယ်မှု့လိုအပ်တဲ့အချိန်တွေမှာလည်း သုံးနိုင်တာပါ ။ဒါပေမဲ့ အသုံးပြုတာက သုံးကြိမ်ပဲရှိပါသေးတယ်။

၁၄၉၀ နဲ့ ၁၅၂၀ ခုနှစ်မှာ မစ်ကလောက်ကလန်ဟာ ပြိုင်ဘက်အဖွဲ့နဲ့ တိုက်ပွဲမှာ အလံအနေနဲ့ အသုံးပြုခဲ့ပါတယ်။အဲ့ပွဲမှာလည်း နိုင်ပွဲရရှိခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်မှာ အဖွဲ့ကအဖွဲ့ဝင်တစ်ယောက်ဟာ အလံရဲ့ဓာတ်ပုံကို လိုရမယ်ရဆောင်ခဲ့ပါတယ်။သူပြောပြချက်အရတော့ အလံရဲ့ဓာတ်ပုံဟာ သူတို့ကို တိုက်ခိုက်သူတွေ မမြင်ရအောင်နဲ့ သူ့ကို အိမ်ပြန်လာစေရန် ကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ ေမွာ္ပညာေတြပါရွိသည္ဆိုေသာ နတ္သမီးျခဳံထည္ ( The Fairy Flag of Dunvegan)

စေကာ့တလန္မွာ မစ္ကေလာက္ဆိုတဲ့ အဖြဲ႕အစည္းတစ္ခုရွိပါတယ္။သူတို႔ဆီမွာ အလံ ဒါမွမဟုတ္ ျခဳံထည္လိုမ်ိဳးအရာ ရွိတယ္လို႔ ဆိုၾကပါတယ္။

အဲ့တာကေတာ့ ေမွာ္အတတ္နဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး ေျပာဆိုမႈ႔ေတြအရ အဲ့မိသားစုရဲ့ ေရွးဘိုးေဘးတစ္‌ေယာက္ဟာ နတ္သူငယ္မင္းသမီးေလးတစ္ပါးနဲ႔ ခ်စ္ကၽြမ္းဝင္ခဲ့ကာ နတ္သမီးေလးဟာလည္း လူသားေသမ်ိဳးတစ္ေယာက္နဲ႔လက္ထပ္မွာကို တားျမစ္ ခံခဲ့ရပါတယ္။ဒါေပမဲ့ သူမအေဖဟာ သနားၿပီး သူတို႔ကို တစ္ႏွစ္ေတာ့ အတူရွိေစခဲ့ပါတယ္။

အဲ့ႏွစ္မွာပဲ ကေလးတစ္ေယာက္ေမြးဖြားခဲ့ၿပီး သူမဟာလည္း ကေလးကို ဘယ္ေတာ့မွမငိုေစဖို႔ သူမအေဖကို ေတာင္းဆိုခဲ့ပါတယ္ ။ဘာျဖစ္လို႔လဲဆိုရင္ကေလးငိုရင္ သူမဘယ္ေနရာကမဆို ၾကားနိုင္လို႔ပါ။

ဒါေပမဲ့ ကေလးကငိုေႂကြးခဲ့ၿပီးေတာ့ အေမျဖစ္သူကလည္း ကေလးအဆင္ေျပေျပေနနိုင္ဖို႔အတြက္ ေစာင္ကေလးကို လာေရာက္ေပးခဲ့ပါတယ္။ဒီေစာင္ဟာ အလံအေနနဲ႔ မစ္ကေလာက္အဖြဲ႕မွာ ျဖစ္လာခဲ့ၿပီးေတာ့ ေမွာ္ပညာေတြပါရွိကာ ကာကြယ္မႈ႔လိုအပ္တဲ့အခ်ိန္ေတြမွာလည္း သုံးနိုင္တာပါ ။ဒါေပမဲ့ အသုံးျပဳတာက သုံးႀကိမ္ပဲရွိပါေသးတယ္။

၁၄၉၀ နဲ႔ ၁၅၂၀ ခုႏွစ္မွာ မစ္ကေလာက္ကလန္ဟာ ၿပိဳင္ဘက္အဖြဲ႕နဲ႔ တိုက္ပြဲမွာ အလံအေနနဲ႔ အသုံးျပဳခဲ့ပါတယ္။အဲ့ပြဲမွာလည္း နိုင္ပြဲရရွိခဲ့ၿပီးေနာက္ ဒုတိယကမၻာစစ္မွာ အဖြဲ႕ကအဖြဲ႕ဝင္တစ္ေယာက္ဟာ အလံရဲ့ဓာတ္ပုံကို လိုရမယ္ရေဆာင္ခဲ့ပါတယ္။သူေျပာျပခ်က္အရေတာ့ အလံရဲ့ဓာတ္ပုံဟာ သူတို႔ကို တိုက္ခိုက္သူေတြ မျမင္ရေအာင္နဲ႔ သူ႔ကို အိမ္ျပန္လာေစရန္ ကာကြယ္ခဲ့တယ္လို႔ ဆိုပါတယ္။
ref:youtube
trans:thegeektext