■ မွန်ဘိုင်း ရှိအဆင်းရဲ ဆုံးရပ်ကွက်တစ်ခုထဲမှာ‌ဆောက်လုပ်ထားသော ၂ဘီလီယမ်ဒေါ်လာတန် ကိုယ်ပိုင်မိုးမျှော်တိုက်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ မွန်ဘိုင်း ရှိအဆင်းရဲ ဆုံးရပ်ကွက်တစ်ခုထဲမှာ‌ဆောက်လုပ်ထားသော ၂ဘီလီယမ်ဒေါ်လာတန် ကိုယ်ပိုင်မိုးမျှော်တိုက်

မူကက်ရှ် အဘာနီ ( mukesh ambani) ဟာ များပြားလှတဲ့ ကြွယ်ဝချမ်းသာမှုတွေ ကြောင့် ကျော်ကြားသာဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ပိုင်ဆိုင်မှု ၅၀ဘီလီယံ ကျော်နဲ့ အိန္ဒိယမှာ အချမ်းသာ ဆုံး လူတစ်ယောက် ဖြစ် ပါတယ်။

သူဟာ သူ့နိုင်ငံရဲ့ အလွန် ဆင်းရဲမွဲတေမှုတွေကို ကူညီပေးဖို့ ထက် အမ်ဘီနီ(ambini)ဟာ ခမ်းနားထည်ဝါပြီး တောက်တောက်ပြောင် ပြောင် နေထိုင်ဖို့ကို ပို သဘော ကျပါတယ်။ အမ်ဘီနီရဲ့ ၂ဘီလီယမ် ဒေါ်လာတန် ကိုယ်ပိုင် မိုးမျှော်တိုက်နဲ့ အိမ်ထက် ဘယ်အရာကမှ ပို ပြီး မခမ်းနားပါဘူး။ ’27 story house’ ဆိုတဲ့ သူ့အိမ်မှာ အိမ်မှုကိစ္စ ထမ်း ဆောင်ဖို့ အတွက် အချိန်ပြည့်ဝန်ထမ်း ပေါင်း အယောက် ၆ရာရှိပါတယ်။

အံ့သြစရာကောင်းတာက ဒီအိမ်ဟာ အိန္ဒိယ သူဌေးကြီး မူကက်ရှ် အမ်ဘာနီ နဲ့ သူ့မိသားစုဝင် ငါးယောက်ပဲ နေဖို့ အတွက်ပါဘဲ။ တခြားနေရလွတ် တွေကတော့ သူတို့ စိတ်အပန်း ဖြေ ဖို့ ဇိမ်ခံပစ္စည်းတွေ ထားထားတာပါ။ ဒီအဆောက်အအုံဟာတော့ မွန်ဘိုင်း ရှိ အဆင်းရဲ ဆုံး ရပ်ကွက်တစ်ခု ထဲမှာရှိပါတယ်။

ဒါ့ကြောင့်လဲ တစ်မီတာ အကွာအဝေးလောက်မှာ ဆာလောင်မွတ်သိပ်နေတဲ့ အိန္ဒိယ နိုင်ငံသားတွေ ရှိနေတာတောင်မှ ဒီလို အဓိ ပ္ပါယ် မရှိတဲ့သုံးဖြုန်းမှုတွေ လုပ် နေတယ် ဆို ပြီး ဝေ ဖန် ခံ နေ ရ ပါတယ်။ ခေါင်မိုးပေါ်မှာလဲ ဟယ်လီကော်ပရာ ဆင်းသက်ဖို့ နေရာ ၃ ခုရှိပါတယ်။ မြေအောက်ထပ်တစ်ခုလုံးကတော့ အမ်ဘီနီ ရဲ့ မြောက်များ စွာသော ကား တွေ ပြုပြင်ထိန်းး သိမ်းဖို့ အတွက် နေရာ ဖြစ် ပါတယ် ။

ရေနွေးငွေ့ ရေချိုးကန် ပါတဲ့ ကျန်းမာရေးအတွက် အထပ်တစ်ထပ် ၊ မိုးလုံလေ လုံ ရေကူးကန်တစ်ခု နဲ့ မိသားစုအတွက် အိမ်မှာဘဲနှင်းကို ခံစားနိုင်ဖို့ ရေခဲတွေ ဖုံးလွှမ်းထားတဲ့ အခန်းတစ်ခန်း ပါဝင်ပါတယ်။ ဒါ့အပြင် ကားပါကင်အတွက်လဲ အထပ်ခြောက်ထပ်ကို ထားရှိပါသေးတယ်။ ဝေဖန်သူတွေဟာ သူ့ရဲ့ တဟုန်ထိုး ကြွယ်ဝချမ်းသာ မှု ကို ဆင်းရဲတဲ့ လူတွေကို ကူညီပေးဖို့ အတွက် ပြောဆို ကြ ပါတယ်။ အဲ့ထဲက တစ့်ချို ကတော့ သူ့ရဲ့ အိမ်နီ နား ချင်း တွေ ပါ ဘဲ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext